တလနီးပါးကြာ ဖမ်းခံရသည့် ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦး ရုပ်အလောင်းပြန်တွေ့

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကောင်ဝှပ်ကျေးရွာ ဒေသခံတစ်ဦး ဖြစ်သည့် ကိုလှဝင်း ၏ ပုတ်ပွနေသည့် ရုပ်အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၉)ရက်တွင် ပြန်တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ကိုလှဝင်း ကို စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက်တွင် ၎င်း၏ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့ပြီး၊ တလနီးပါးအကြာ ယမန်နေ့ (ဒီဇင်ဘာ ၉)ရက်၌ ပုတ်ပွနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ခန္ဓာကိုယ်ပေါ်တွင်လည်း သေနတ်ဒဏ်ရာနှင့် ရိုက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း သိရသည်။

“မနေ့ကမှပဲ သူ့ရဲ့ ရုပ်အလောင်းကို ပြန်တွေ့တာ။ ရုပ်အလောင်းကလည်း ပုတ်ပွနေတာပဲ။ ပြီးတော့ အနံ့လည်း ထွက်နေပြီး။ ခေါင်းအနောက်ဖက်မှာ ရိုက်ခံထားရတာ။ ခြေထောက်မှာကောဘဲ။ သေနတ်ဒဏ်ရာတွေလည်းပါတယ်” ဟု အမည်မဖော်လိုသည့် ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုလှဝင်းသည် သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ပရဟိတအလုပ် လုပ်ကိုင်သူတစ်ဦးလည်းဖြစ်ကြောင်း၊ ၎င်းကို စစ်ကောင်စီတပ်ဖွဲ့ တပ်မ (၆၆)က လာရောက်ဖမ်းဆီးစဉ်တွင် PDF တပ်ဖွဲ့ဝင်ဟု စွတ်စွဲကာ PDF တပ်ဖွဲ့ဝတ်စုံ ပြောင်းလှဲဝတ်ခိုင်းပြီး ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြေသည်။

“သူ့ဖုန်းကို စစ်တော့ လက်နက်ကိုင်ပုံတွေရှိတယ်ဆိုပြီးတော့ ဖမ်းသွားတာ။ ပြီးတော့ PDF ဝတ်စုံလှဲခိုင်းပြီးတော့ ခေါ်သွားတယ်။ သူက ပရဟိတအလုပ်တွေပဲလုပ်တာ။ စစ်ဘေးရှောင် ကူညီပေးတယ်။ လက်နက်ကိုင်တာမျိုးတော့ မရှိဘူး” ဟု အထက်ပါ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ကိုလှဝင်း သေဆုံးပြီး ပုတ်ပွနေသည့် ရုပ်အလောင်းကို တွေ့ရှိပြီးနောက် ၎င်း၏ မိသားစုဝင်များက စိတ်ဒဏ်ရာများဖြင့် ကြောက်ရွံ့နေကြရကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

“ကိုလှဝင်း သေသွားတော့ သူရဲ့ မိသားစုဝင်တွေ စိတ်မကောင်းဖြစ်နေကြတယ်။ ကြောက်နေကြတယ်။ ဘာမှ မပြောရဲဘူး။ သူ့မှာ မိခင်နဲ့ ညီမလေးပဲကျန်တယ်။ သူတို့စားဝတ်နေရေးအတွက်လည်း ခက်ခဲလာတယ်။ ဘာမှ မလုပ်ရဲဘူးဖြစ်နေတာ။ သူတို့မှာ ကိုလှဝင်းကို အဓိက အားကိုးရတယ်လေ” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

သျှမ်းသံတော်ဆင့်မှ ရရှိထားသည့် စာရင်းအရ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း (၁၆)ဦး ရှိပြီး ပရဟိတလုပ်သူ ကိုလှဝင်း အပါအဝင် (၂)ဦး သေဆုံးသွားပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...