တောင်ကြီးမြို့ရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတပ်သား ဝင်ရောက်စီးနင်း၊ လူငယ်များ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီးရှိ ဆိုင်ခန်းတစ်ခုကို စစ်ကောင်စီတို့မှ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀နီးပါး ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၉) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ညောင်ဖြူ စခန်းရပ်ကွက်ရှိ ဆိုင်ခန်းတစ်ခုကို အင်အား ၃၀ နီးပါးရှိ စစ်ကောင်စီ တပ်သားတို့ လာရောက်စီးနှင်းခဲ့ပြီး လူငယ် ၂၀နီးပါး ဖမ်းဆီးခံရကြောင်း မျက်မြင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားက ၆ စီး၊ ၇ စီးလောက်ရှိတယ်၊ သေနတ်တွေကိုင်ထားတဲ့ စစ်သားရော ရဲရော အင်အားက ၃၀ နီးပါးလောက် ရှိတယ်၊ အိမ်နဲ့ တွဲပြီးဖွင့်ထားတဲ့ ဆိုင်ခန်းကို ဝင်စီးတာပေါ့၊ ဂိမ်းဆိုင်လို့ ပြောပါတယ်၊ အဲ့ထဲက လူငယ် (အမျိုးသား) တွေ ၁၀ ယောက်ကျော် ၂၀ နီးပါး ဖမ်းသွားတာလည်း မြင်တယ်” ဟု အနီးရှိ မြင်တွေ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ဝင်ရောက်ဖမ်းဆီးသော ဆိုင်ခန်းသည် လူငယ်များ ဝင်ထွက်သွားလာလေ့ရှိပြီး မည်သည့် ဆိုင်ခန်းဖြစ်ကြောင်းကိုမူ ၎င်းက မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာဆိုင်လဲတော့မသိရဘူး၊ ဂိမ်းဆိုင်လို့လည်း ပြောကြတယ်၊ ကျနော်လည်း တခါမှ မသွားဖူးတော့ မပြောနိုင်ဘူး၊ အခုဖမ်းသွားတဲ့ လူငယ်တွေကလည်း ဘာကြောင့်ဖမ်းလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကြီးမြို့တွင်း၌ လောင်းကစားဝိုင်းများနှင့် ဂိမ်းဆိုင်များကို ဒေသခံ အာဏာပိုင်များထံ ပိုက်ဆံပေးသွင်းပြီး ဖွင့်လှစ်မှုများလာကြောင်းလည်း တောင်ကြီးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...