ရွာငံမြို့နေ အမျိုးသားတစ်ဦး သေနတ် ပစ်သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် ယနေ့ (ဇန်နဝါရီ ၈)ရက် ညနေ ၄ နာရီခွဲကျော်တွင် သေနတ်ဖြင့် ပစ်သတ်ခြင်းခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၈ )ရက် ညနေ ၄ နာရီခွဲကျော်တွင် ရွာငံမြို့ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည်...
သီပေါမြို့နယ်အတွင်း တိုက်ပွဲဖြစ် စစ်ရှောင် (၂၀၀)ကျော် ထွက်ပြေးနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၈)ရက် နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့နယ် ဘော်ကြိုဘုန်းကြီးကျောင်းသို့ စစ်ရှောင် (၂၂၂)ဦး ရောက်ရှိနေကြောင်း သီပေါဒေသခံ တစ်ဦးက ပြောသည်။ “ဖြစ်နေတာ (၃)ရက်လောက်ရှိပြီ။ ဖြစ်လိုက် ရပ်လိုက်ဖြစ်နေတာ။ ဒီနေ့မှ...
နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...
တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဆန်နှင့် စားနပ်ရိက္ခာတချို့ မြို့ထဲသို့ သယ်ဆောင်
SHAN -
သျှမ်းတောင် မိုင်းကိုင်မြို့နယ် တိုက်ပွဲနှင့် နီးစပ်နေသည့် လဲချားမြို့နယ်ရှိ ကျေးရွာတချို့မှ ဒေသခံများသည် စားနပ်ရိက္ခာများကို မြို့ထဲသို့ ပို့ဆောင်သိမ်းဆည်းနေကြကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် မိုင်းကိုင်မြို့နယ်နှင့် နီးစပ်နေသည့် လဲချားမြို့နယ် တက်မောက်ကျေးရွာ၊ ဟိုလုမ်းကျေးရွာ၊ နမ့်လေကျေးရွာ တစ်ကြောသည် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စားနပ်ရိက္ခာများ မြို့တွင်းသို့ သယ်ဆောင်သွားရခြင်းဖြစ်ကြောင်း...
မိုင်းကိုင်မြို့နယ် မိုင်းနင်းမိ သေဆုံးသွားသည့် ရုပ်အလောင်း ယနေ့ထိ သွားမကောက်နိုင်သေး
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း ဒေသခံ ရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးကာ ယနေ့ချိန်ထိ အလောင်းသွားမကောက်ရသေးကြောင်း စုံစမ်းသိရှိရသည်။ ထိုမိုင်းနင်းမိပြီး သေဆုံးသွားသည့် အလောင်းကို ဇန်နဝါရီ (၅)ရက်တွင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာအနီးရှိ လယ်ဟောင်းထဲ တွေ့ရှိခဲ့ကြောင်း လွယ်ဆိုင်းကျေးရွာဒေသခံ တစ်ဦးက ပြောသည်။ “ဒီနေ့ထိ ဘယ်သူမှ သူ့အလောင်းကို မသွားယူရဲကြသေးဘူး။...
ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ...
ပင်လောင်းမြို့နယ် ကျောင်းတက်သူ ပိုများလာ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ မရှိတော့သဖြင့် ယခင်ထက် ကျောင်းတက်သည့် ကလေးများ ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ “ပင်လောင်းမြို့မှာက ကိုဗစ် ၁၉ ပိုးတွေ့လူနာ မရှိတော့ဘူး။ မြို့ပေါ်မှာရော ကျေးရွာတွေမှာရော ကိုဗစ် မရှိတော့ဘူး။ အခုက ကျောင်းတက်တဲ့ ကလေးတွေက အရမ်းများပါတယ်”...
ပြည်သူများကို လူမဆန်စွာ ကျူးလွန်သည့် စစ်ကောင်စီလုပ်ရပ်များကို PPST ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ
SHAN -
စစ်ကောင်စီမှ လူမဆန်စွာ ကျူးလွန်မှုများကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသော PPST က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇန်နဝါရီ ၆) ရက်စွဲဖြင့် ကြေညာချက်ထုတ်လိုက်သည်။ ထိုကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ကယားပြည်နယ် ဖရူဆို မိုဆို ကိစ္စ၊...
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကျောက်မဲ မူးယစ်ပြဿနာ ပိုဆိုးလာ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးပြဿနာသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာကြောင်း စုံစမ်းသိရသည်။ “အာဏာမသိမ်းခင်ကာလကတည်းက မူးယစ်ဆေးသုံးစွဲတာတွေ များတယ်၊ အာဏာလည်း သိမ်းပြီးရော မူးယစ်ဆေးပြဿနာက ပိုဆိုးသွားတယ်၊ ရဲတွေလည်း လုံခြုံရေးမလုပ်နိုင်တော့ဘူး၊ မြို့ပတ်ချာလည်တောင် ကင်းမလှည့်နိုင်တော့ဘူး၊ သူတို့လုံခြုံရေးအတွက် အကာအရံတွေ လုပ်နေရတယ်၊ ဒါလည်း အားလုံးအသိပဲ၊ အဲ့တော့ မူးယစ်ဆေး...
သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဟဲကျေးရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၆)ရက် ညနေ ၄ နာရီဝန်းကျင်တွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၆) ညနေ ၄ နာရီဝန်းကျင်က အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး ဘီးကျွတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...






