ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...
နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်
SHAN -
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။ ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...
SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
SHAN -
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...
ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...
မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...
SHAN -
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အနေဖြင့် သတ်မှတ်ထားသော ပြည်နယ် ၄၃ ခုတွင် အစိုးရက ခွင့်ပြုထားသည်။ ထို အလုပ်အကိုင်အမျိုးအစားများ၌ တရားဝင် ထွက်ခွာလုပ်ကိုင်ခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) က တရားဝင် ရှင်းလင်းထုတ်ပြန်ကြောင်း The Nation Thailand ဖော်ပြသည်။ ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန၏ ရှင်းလင်းချက်အရ ၁၉၈၄...
စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် လင်းခေး ကြံနှင့် နှမ်းစိုက်ပျိူးသူများ လျော့နည်းလာ
သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ်တွင် စိုက်ပျိုးစရိတ်များမြင့်တက်လာပြီး သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကြံ နှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း စုံစမ်းသိရသည်။ ယခုနှစ် အတွင်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အပြင် စိုက်ပျိုးရေး သုံးပစ္စည်းများ၏ စျေးနှုန်းများလည်း မြင့်တက်လာကာ သီးနှံစျေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအကြား ကြံနှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာနေကြောင်း...
အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...
ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...
နမ့်စန် မတ်ကျန်းပြည်သူ့စစ်နယ်မြေ KBZ ဘဏ်ခွဲ ဦးအောင်ကိုဝင်း ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့
SHAN -
သျှမ်းပြည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသရှိ မတ်ကျန်းပြည်သူ့စစ် ထိန်းချုပ်နယ်မြေထဲ KBZ Bank ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဦးအောင်ကိုဝင်း ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၀ ရက်) နံနက်ပိုင်းတွင် နမ့်စန်မြို့နယ်ရှိ မတ်ကျန်းဌာနေပြည်သူ့စစ် ထိန်းချုပ်ရာ ပန်လျန်းဆိုင်ဒေသ ပန်လင်းကျေးရွာ၌ ကမ္ဘောဇဘဏ်လီမိတက်မှ KBZ Bank...






