ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသမီးများအား ပေါ်တာဆွဲနေသည်ဆိုသော ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်သည် သတင်းမှားသာဖြစ်ပြီး ဒေသခံများက အဆိုပါသတင်းဌာနကို ပြန်လည်တုံပြန်နေသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေသည်။ အဆိုပါအကြောင်းအရာကို စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော “Ko Thet” တယ်လီဂရမ်ချန်နယ်မှ မတ်လ ၅ ရက်နေတွင် ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း...
ကရင်နီပြည် အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်တပ်ဗုံးကြဲ ကလေးအပါအဝင် (၅)ဉီး သေဆုံး
ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး နှင့် ကလေးငယ်အပါအဝင် (၅)ဉီးး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၅ ရက်) မနက် ၁၁ နာရီဝန်းကျင် ကရင်နီပြည်ရှိ အမှတ် (၂) ထိန်းသိမ်းရေးစခန်းကို စစ်ကော်မရှင်တပ်က...
စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်...
RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...
စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
UWSA ထိန်းချုပ်နယ်မြေတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြား
SHAN -
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေရှိ ပညာရေးကဏ္ဍတွင် မြန်မာစာနှင့် ‘ဝ’စာပေကို အထူးသင်ယူရန် ညွှန်ကြားထားကြောင်း သတင်းသိရသည်။ မတ်လ (၃) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့နယ်တွင် လုပ်ငန်းနှစ်ချုပ်အစည်းအဝေး ကျင်းပခဲ့စဉ် “နိုင်ငံတော်မှ လုံးဝ ခွဲထွက်မည်မဟုတ်” ဆိုသည့်အတိုင်း ပညာရေးကဏ္ဍတွင် မြန်မာစာနှင့်...
တောင်ကြီး စက်သုံးဆီရရှိရေး တန်းစီခ နေ့စား သုံးသောင်းကျပ်အထိ ပေါက်ဈေးရှိ
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြပြီး ကိုယ်စားဝယ်ယူ တန်းစီပေးလျှင် တန်းစီခအဖြစ် ငွေကျပ် သုံးသောင်းအထိ ပေါက်ဈေးရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၁)ရက်နေ့မှ စပြီး ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက် တောင်ကြီးမြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် စက်သုံးဆီများ အလုအယက် ဝယ်ယူနေကြပြီး အချိန်မပေးနိုင်သူများက အငှားတန်းစီခ...
စစ်ကော်မရှင်၏ ဖုန်းခြေရာခံ ဖမ်းဆီးရေးစနစ်
စစ်ကော်မရှင်သည် မိုဘိုင်းဖုန်းများကို ကွန်ရက်အတွင်း ခြေရာခံနိုင်မည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ CEIR စနစ်ကို ကျင့်သုံးရခြင်းမှာ ဖုန်းခိုးမှုပပျောက်ရန်နှင့် တရားမဝင် မှောင်ခိုဖုန်းတင်သွင်းမှုကို ထိန်းချုပ်ရန်ဖြစ်သည်ဟု စစ်ကော်မရှင်က ယနေ့ (မတ်လ ၅ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။ သို့သော် လက်တွေ့တွင်...
SHAN -
မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်၍ ပြည်သူများအကြား ထိတ်လန့်ဝယ်ယူမှုများ ရှိနေသော်လည်း လက်ရှိတွင် ရက်ပေါင်း (၄၀) စာ အရန်စက်သုံးဆီ ရှိနေကြောင်းနှင့် စက်သုံးဆီတင်သင်္ဘောများ ထပ်မံရောက်ရှိရန်ရှိကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။ ပြီးခဲ့သည့်...






