မြန်မာနိုင်ငံတွင် ရက်ပေါင်း (၄၀) စာ စက်သုံးဆီအရန်ရှိ၊ စက်သုံးဆီရှိလျက် မရောင်းပေးသည့် ဆိုင်များကို အရေးယူမည်ဟု စစ်ကော်မရှင်ပြော

မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်၍ ပြည်သူများအကြား ထိတ်လန့်ဝယ်ယူမှုများ ရှိနေသော်လည်း လက်ရှိတွင် ရက်ပေါင်း (၄၀) စာ အရန်စက်သုံးဆီ ရှိနေကြောင်းနှင့် စက်သုံးဆီတင်သင်္ဘောများ ထပ်မံရောက်ရှိရန်ရှိကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (မတ်လ ၄ ရက်) တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စက်သုံးဆီချွေတာရန် စစ်ကော်မရှင်က ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီဝယ်ယူမှုများ ဖြစ်ပေါ်ခြင်းအပေါ် တုံ့ပြန်ရာတွင် ၎င်းက ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့နိုင်ငံမှာ အရန်စက်သုံးဆီမရှိလို့ မဟုတ်ပါဘူး။ ရေရှည်ဖြစ်လာနိုင်မယ့် ကိစ္စတွေကို တွက်ဆပြီး ခြိုးခြံချွေတာဖို့အတွက်ပဲ ထုတ်ပြန်ခဲ့တာပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်ဆီဂါလန် သန်း ၆၀ နှင့် ဒီဇယ်ဆီဂါလန် သန်း ၇၀ ခန့် ရှိပြီး ပုံမှန်သုံးစွဲမှုနှုန်းဖြင့် ရက်ပေါင်း (၄၀) စာ ရှိနေကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ နေ့စဉ်စက်သုံးဆီသုံးစွဲမှုမှာ ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလန်နှင့် ဒီဇယ် ၁ ဒသမ ၇ သန်းဂါလန်၊ စုစုပေါင်း ၃ ဒသမ ၂ သန်းဂါလန်ခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် ဆိပ်ကမ်း၌ စက်သုံးဆီချရန် သင်္ဘော ၂ စင်း ရောက်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ဆိုက်ကပ်ရန် ဝယ်ယူထားပြီးသား သင်္ဘော ၁၄ စင်း လမ်းခရီးတွင် ရှိနေသောကြောင့် ပြတ်လပ်စရာအကြောင်းမရှိကြောင်း ၎င်းက ဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှ စက်သုံးဆီတင်ပို့မှု ရပ်ဆိုင်းလိုက်သည်ဆိုသော ကောလာဟလများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံသည် စက်သုံးဆီကို စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းနေခြင်းဖြစ်သောကြောင့် အဆိုပါသတင်းများမှာ အခြေအမြစ်မရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

သို့သော် ကမ္ဘာ့ဈေးကွက်အခြေအနေအရ စက်သုံးဆီဈေးနှုန်းများ အပြောင်းအလဲ ရှိနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားခဲ့ပြီး စက်သုံးဆီရှိလျက်နှင့် ရောင်းချခြင်းမပြုသည့် ဆိုင်များကိုလည်း စွမ်းအင်ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်းနှင့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ထောက်ပံ့ရေးကွင်းဆက် မပြတ်တောက်စေရေးအတွက် အများပြည်သူသို့ ထပ်မံအသိပေးချက်များ ထုတ်ပြန်သွားရန် ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...