Thursday, January 29, 2026

CATEGORY

သတင်း

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲပြင်းထန် အရပ်သားသေဆုံးမှုရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများသည့်အပြင် ဒေသခံလူထုလည်း သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။ နိုဝင်ဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဘောရန်ကျေးရွာ...

နမ္မတူမြို့တွင် TNLA က Starlink အင်တာနက် အသုံးပြုမှု ကန့်သတ်ပြီး ပိုင်ရှင်နှင့်ပစ္စည်းပါဖမ်းဆီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် Starlink အင်တာနက် အသုံးပြုခွင့်ကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ကန့်သတ်ပိတ်ပင်ထားပြီး စက်ပစ္စည်း သိမ်းဆည်းမှုများအပြင် လူဖမ်းဆီးမှုများပါ ရှိနေကြောင်း ဒေသခံပြောဆိုချက်များအရ သိရသည်။ အောက်တိုဘာလလယ်ခန့်မှ စတင်ကာ TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် ကျေးရွာများရှိ ရပ်ကွက်တိုင်းတွင်...

ကျိုင်းတုံ-တောင်ကြီးလမ်းပေါ် ယာဉ်တိမ်းမှောက်မှု ခရီးသည်နှစ်ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-တောင်ကြီးလမ်းပေါ်တွင် ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်ခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် စပယ်ရှယ်တောင် အဆင်းလမ်း၌ လိုက်ထရပ်ယာဉ်တစ်စီး မတော်တဆ တိမ်းမှောက်မှု...

တောင်ကြီးတန်ဆောင်တိုင် ပွဲလာသူများထံ တည်းခိုခန်းအမည်ခံများက ငွေလိမ်ယူနေ

သျှမ်းပြည် မြို့တော် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်လည်ပတ်သူများထံ တည်းခိုခန်းအမည်ခံသူများက ဖေ့စ်ဘုတ်ပေ့ချ်အတုဖြင့် ကြိုတင်အခန်းငှားရမ်းပေးပြီး ငွေလိမ်ယူနေကြသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်တစ်ခုအရ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိလာသူများသည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ တွင် ရှိသည်ဆိုသော "Pine Garden...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ခွန်ဆာ၏ နောက်ဆုံးနေ့ရက်များ

၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်‌ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်‌ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။ စဝ်ခွန်ဆာ၏...

ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...

လူထုကျန်းမာရေးကို စတင် ခြိမ်းခြောက်လာသည့် ပင်းပက်သံမဏိစက်ရုံ

ဝါဆိုလ (ဇူလိုင်လ) ဟာ ပုံးအင်းလယ်သမားများအတွက် နွေစပါး ရိတ်သိမ်းရမည့် အချိန်ကာလ ဖြစ်သော်လည်း စိုင်းကျော်လှ တစ်ယောက် လယ်ထဲဆင်းရန် တွန့်ဆုတ်နေသည်။ အကြောင်းမှာ ပုံးအင်းဒေသရှိ လယ်ထဲတွင် ရေဆိုးများ ဝင်ရောက်လာသောကြောင့် လယ်သမားများ အရေပြား ယားယံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။ “ရေနစ်ရင် နစ်သလောက်၊ ခါးအထိရောက်ရင် ခါးအထိ...

သျှမ်းပြည်မှတင်သွင်းသည့် မြေရှားသတ္တု ငွေအရင်းအမြစ်ကို ထိုင်းအစိုးရစစ်ဆေးရန် Fuadi Pitsuwan ထောက်ပြ

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အကြား အရေးပါသော မြေရှားသတ္တုများ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုလက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ Thammasat တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ကထိကဖြစ်သူ မစ္စတာ ဖူအာဒိ ဖိဆုဝဏ် Fuadi Pitsuwan က...

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...

Latest news