မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ...
မိုင်းကိုင်ရောက် စစ်ရှောင် (၆၄)ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက် နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော်...
RCSS နှင့် TNLA တိုက်ပွဲ ကျောက်မဲကျေးလက်ဒေသခံ စစ်ဘေးရှောင်ရာဂဏန်းတိုး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အနောက်တောင်ဘက်တစ်ကျော RCSS နှင့် TNLA တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် စစ်ရှောင်လူဦးရေ ရာဂဏန်း ထပ်တိုးလာကြောင်း သတင်းသိရသည်။ ယနေ့ သြဂုတ်လ ၁၃ ရက် ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ အနောက်-မြောက်ဘက် ၁၅ မိုင်...
တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ အနီးရောက် စစ်ရှောင် မိုးကာနှင့် ဆေးဝါးလိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် (၂၀၀) ကျော်အတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂)ရက် တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်( MNDAA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်သည့်ကျေးရွာထဲ လက်နက်ကြီး...
ကျောက်မဲ စစ်ရှောင် (၁၀၀)ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀)ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတွင် သြဂုတ် ၁၀ ရက် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်...
သျှမ်းမြောက် တိုင်းရင်းသားအချင်းချင်း နယ်မြေအပြန်အလှန်ကျူးကျော်မှုကြောင့် တိုက်ပွဲပြန်ဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း နယ်မြေ အငြင်းပွားမှုပြဿနာကြောင့် တိုက်ပွဲဖြစ်ပွားရာတွင် နယ်မြေကျူးကျော်မှု ကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာရကြောင်း စုံစမ်းသိရှိရသည်။ ယခုလက်တလောတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်တို့တွင် သျှမ်းတပ် ၂ တပ် နှင့် မြောက်ပိုင်းမဟာမိတ် (TNLA၊SSPP/SSA ) တို့သည် အပြန်အလှန် နယ်မြေကျူးကျော်မှုကိစ္စကြောင့်...
လဲချားမြို့နယ် ရောက် စစ်ရှောင် စားဝတ်နေရေး ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ်ထီကျေးရွာအတွင်း စစ်ဘေးရှောင် တစ်ချို့ထပ်မံ ရောက်ရှိလာပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် လွန်ခဲ့သည့် (၂) လခန့်က ဖြစ်ပွားသည့် ကျေးသီးမြို့နယ် လွိုင်ဟွန်း တိုက်ပွဲ ကြောင့် မိုင်းနန်း ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး၊ လက်ရှိမှာ...
သျှမ်းတပ်(၂)တပ် တိုက်ပွဲ ရက်သားကလေး အပါအဝင် ဒေသခံ(၃၀၀)ကျော် စစ်ရှောင်ရ
SHAN -
သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ ဝမ်ကောင်းနှင့် လွယ်လုံရွာကြားတွင် သျှမ်းတပ် (၂)တပ် သည် ယနေ့ (သြဂုတ် ၁၁)ရက် မနက် (၆)နာရီတွင် တိုက်ပွဲဖြစ်ပွားကာ မွေးကင်းစ ရက်သားကလေး အပါအဝင် ဒေသခံ (၃၀၀) ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ နမ့်လန်ဒေသတွင် ယနေ့( သြဂုတ်လ ၁၁)ရက်...
ကျောက်မဲမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာမှာ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၁၁) ရက် မနက် (၇) နာရီမှ (၁၁) နာရီထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်...
ကျောက်မဲ စစ်ရှောင်များ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေး
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှာင်များ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း စစ်ရှောင် (၅၀၀)ကျော်ရှိပြီး ထိုစစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင် လာသည့် သူများဖြစ်သည်။ လက်ရှိမှာ ကျောက်မဲမြို့ ပေါ် နှင့် မိုင်းငေါ့မြို့အနီးပတ်ဝန်းကျင် ရှိ စစ်ရှောင်စခန်းတွင်နေထိုင်ကြပြီး၊ စစ်ရှောင်များကို...