သျှမ်းမြောက် စစ်ရှောင်လူငယ်များ ကျားဖြန့်လုပ်ငန်းကို ပိုလုပ်ကိုင်နေရ

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံ ရပြီးနောက်တွင် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး “၁၀၂၇”စစ်ဆင်ရေး ပထမလိုင်းတွင် သျှမ်းမြောက်တစ်ကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သိန္နီ စသည့်မြို့နယ်ဒေသအများစုသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး အခြားဒေသ သို့ စစ်ရှောင်ခဲ့ရသည်။

ထို့ကြောင့် စစ်ရှောင်နေရသည့် လူငယ်အများစုသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ကတည်းက ဒီကျားဖြန့်လုပ်ငန်းကို ပိုလုပ်လာကြတယ်။ “၁၀၂၇” စစ်ဆင်ရေး ပထမလိုင်းဖြစ်ပြီးနောက်ဆိုရင် ပိုဆိုးလာတာပေါ့ ။ စစ်တပ်က နေရာတိုင်းကိုလိုက်ပြီး ဗုံးကြဲတယ် ပြည်သူတွေလည်း တခြားနေရာကို ရှောင်နေရတယ်။ အလုပ်အကိုင်လည်း မရှိတော့ ဒီကျားဖြန့်ထဲကို သွားလုပ်တာ နောက်မှာ ကျန်တဲ့ မိသားစုတွေ မငတ်အောင်ပေါ့”ဟု ၎င်းက ပြောသည်။

ကျားဖြန့်လုပ်ငန်းထဲတွင် အရွယ်ရောက်နေသည့် ကလေးလူငယ် အသက် ၁၇ နှစ်အထက် ကျား/မ မရွေးစသည့် ငယ်ရွယ်လှပသည့်သူများသာ ၎င်းကျားဖြန့်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ကျားဖြန့်လုပ်ငန်းတွင် ရောက်ရှိနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းထဲတွင် မြန်မာပြည်တွင်းတင်မက မလေးရှား၊ ဖီလစ်ပိုင်ရှိ ကိုယ်ပိုင်ကျွန်းနေရာတွင် မြန်မာပြည်သူအများစုသည် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းပေါ် လိင်ပိုင်းဖော်ဖြေရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ရသည်ဟု ၎င်းအမျိုးသမီးငယ်တစ်ဦးက ဆက်ပြောသည်။

“ ဒီကျားဖြန့်ထဲမှာဆိုရင် စစ်ရှောင်က လူငယ်ပိုင်းတွေပဲ တော်တော်များတယ်။ တချို့ဆို တစ်ဆွေလုံး တစ်မျိုးလုံးပါတယ်။ အသက် ၁၇ နှစ်အထက်တွေ ရုပ်သန့်တဲ့သူတွေဆို သူတို့ ပိုကြိုက်တယ်။ မြန်မာတွင်းတင်မကပဲ မလေးရှား၊ ဖီလစ်ပိုင်ရှိ ကိုယ်ပိုင်ကျွန်းနေရာမှာ သွားလုပ်တယ်။ အွန်လိုင်းငွေလိမ်တာ မကပဲ အွန်လိုင်းလိင်ပိုင်းဖော်ဖြေရေး အလုပ်ကိုလည်း လုပ်ရတယ်”ဟု ၎င်းအမျိုးသမီးငယ်က ပြောသည်။

ကျားဖြန့်

လက်ရှိ စစ်ရှောင်ကလေးများသည် ပညာသင့်ခွင့်ကို ဆုံးရှုံးလိုက်ရခြင်းကြောင်း ကျားဖြန့်လုပ်ငန်းထဲတွင် အများဆုံးရောက်ရှိသွားသည်ဟု သိရသည်။

ကျားဖြန့်လုပ်ငန်းသည် သျှမ်းမြောက်တင်မက သျှမ်းတောင်ဒေသနှင့် သျှမ်းအရှေ့ပိုင်းတွင်လည်း ထပ်မံတိုးချဲ လာနေကြောင်း၊ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကိစ္စနှင့်ပတ်သက်ပြီး မကြာခဏဖမ်းဆီးမှုရှိသော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်သည် ပပျောက်သွားခြင်းမရှိကြောင်း သိရသည်။

“ကျားဖြန့်လုပ်ငန်းက သျှမ်းမြောက်တင်မက သျှမ်းတောင်/ရှေ့ ဘက်ကိုလည်း တဖြေးဖြေးချင်း တိုးချဲလာနေတယ်။ များလာတဲ့အကြောင်းအရင်းကလည်း ပြည်သူစစ်တွေက လုပ်ခွင့်ပြုထားလို့ ပိုဆိုးလာနိုင်တာပဲရှိတယ်။ ဘယ်လောက်ပဲ ဖမ်းမိဖမ်းမိ ဒီကျားဖြန့်လုပ်ငန်းက လျော့သွားနိုင်မှာ မဟုတ်ဘူး”ဟု ကျားဖြန့်တွင် လုပ်ကိုင်နေသည့် အမျိုးသားငယ်တစ်ဦးက ပြောသည်။

ကျားဖြန့်လိမ်လည်မှုကို လျော့ပါးသွားအောင် မြို့နယ်ဒေသနှင့် ကျေးရွာဒေသများတွင် သွားရောက်အသိပေး ဖော်ပြောခြင်းများ ပြုလုပ်ပေးစေခြင်း၊ မည်သည့်အဖွဲ့စည်းမှ လာရောက်ဖော်ပြောချင်းမရှိကြောင်း ပြည်သူအများစု ငွေလိမ်ခံနေရသည်ဟု သျှမ်းမြောက်ဒေသက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ ကျားဖြန့် တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စ ပပျောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မှာ “၁၀၂၇ စစ်ဆင်ရေး” ဟုဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့သည်။

သို့သော် သျှမ်းပြည် မြောက်ပိုင်း တွင် ကျားဖြန့်၊ အွန်လိုင်း ငွေလိမ်လည်မှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။