ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(အောက်တိုဘာ ၉ )ရက် ည ၈နာရီ မှ ၉ နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီး...
ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်
အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင် ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန် စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။ ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...
ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော် တဖက်သတ် ပစ်ခတ်နေ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (အောက်တိုဘာ ၉ )ရက်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း အစိုးရတပ်မတော်ဘက်မှ တဖက်သတ်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့သည်...
ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...
ကျောက်မဲတိုက်ပွဲ အစိုးရတပ် စစ်ရဟတ်ဖြင့် လက်နက်ကြီး ပစ်ခတ်
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အစိုးရတပ်မတော် မှ စစ်ရဟတ်ယာဉ်သုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အစိုးရတပ်မတော် သည် ယမန်နေ့ (အောက်တိုဘာ ၇)ရက် နေ့လည် ၁နာရီဝန်းကျင်တွင် စစ်ရဟတ်ယာဉ် ၂ စင်းဖြင့် တပ်မတော်သားများအတွက် ရိက္ခာနှင့်အင်အားဖြည့်တင်းချင်ပေးပြီး အပြန်လမ်းတွင် ရဟတ်ယာဉ်ပေါ်မှ လက်နက်ကြီးပစ်ချခဲ့ကြောင်း...
တိုက်ပွဲကြောင့် ကျောက်မဲ တောင်ထိပ် စစ်ရှောင် ၇၀၀ ကျော်အတွက် စားနပ်ရိက္ခာ မပို့နိုင်သေး
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ ပြင်းထန်မှုကြောင့် တောင်ထိပ်ရွာဘုန်းကြီးကျောင်းသို့တိမ်းရှောင်လာသည့် စစ်ရှောင် ၇၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့သည် အောက်တိုဘာလ ၂...
ကိုဗစ်ကာကွယ်ရေးRCSS/SSA ထိန်းချုပ်သည့်ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာခွင့်မပြု
SHAN -
မြန်မာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာပြီး သေဆုံးမှုလည်းများပြားလာသည့်အတွက် ကျေးလက်နေလူထု ကျန်းမာရေးအလေးထားကာ မိမိထိန်းချုပ်လှုပ်ရှားရာဒေသ ကျေးလက်များအတွင်း ပြင်ပလူ၀င်ထွက်သွားလာမှုကိုဟန့်တားထားကြောင်း RCSS/SSA က ကြေညာချက်တစောင်ထုတ်ပြန်လိုက်သည်။ အချက် ၆ ချက်ပါ RCSS/SSA ၏ အဆိုပါကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်သည့် ကြေညာချက်ကို အောက်တိုဘာလ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းမည့်ပါတီများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော စည်းကမ်းချက်များအတိုင်း...
ကျောက်မဲမြို့နယ်တွင် အစိုးရတပ် နှင့် RCSS/SSA တိုက်ပွဲ ဆက်လက်ပြင်းထန်
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂ ရက်ကစပြီး အစိုးရတပ်မတော်သည် (RCSS/SSA) လှုပ်ရှားသည့်အပိုင်းသို့ ဝင်ရောက်လှုပ်ရှားပစ်ခတ်ရာမှ ယနေ့တိုင် တိုက်ပွဲ ပြင်းထန်နေရခြင်းဖြစ်ကြောင်း RCSS/SSA...
ကျောက်မဲမြို့နယ် စစ်ရှောင် တထောင်နီးပါး အခက်အခဲများစွာ ကြုံတွေ့
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန်ခဲ (ခန်ခိုင်း) ကျေးရွာအုပ်စု အတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၇၀၀) ကျော် ခက်ခဲမှုများစွာ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ရှောင်များသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် (၂၀၀)ကျော်နှင့် တောင်ထိပ်ကျေးရွာတွင် (၅၀၀)ကျော် ခိုလှုံနေရကြောင်းသိရသည်။ လက်ရှိ အချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသေးသဖြင့်...
ကျောက်မဲမြို့နယ် တိုက်ပွဲကြောင့် အရပ်သားတဦးလက်နက်ကြီးထိမှန်၊ ၇၀၀ ကျော် တိမ်းရှောင်နေရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲ (ခန်ခိုင်း)ကျေးရွာ အုပ်စု ခန့်ခဲ (ခန်ခိုင်း) ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားရာ အရပ်သား အမျိုးသားတဦး လက်နက်ကြီးထိမှန်ပြီး၊ ဒေသခံ(၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၄ ရက် ညနေပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်...





