Wednesday, January 28, 2026

နမ္မတူမြို့နယ် မန်လီ တိုက်ပွဲကြောင့် သီပေါမြို့ပေါ် ရှောင်တိမ်းလာသည့် စစ်ရှောင် (၆၀၀ )ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်မှုကြောင့် သီပေါမြို့ပေါ် ရှောင်တိမ်းလာသည့် စစ်ရှောင် (၆၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုံဖြစ်သည့် SSPP/SSA ၊ TNLA တို့ ဖြစ်သည်။

“စစ်ရှောင် (၆၀၀) ကျော် တွေရဲ့ စားနပ်ရိကာတွေအတွက်တော့ ခုလောလောဆယ် ဒီနေ့ နဲ့ မနက်ဖြန်အတွက်ပဲ စားစရာ ရှိတော့တယ်” ဟု သီပေါစစ်ရှောင်စခန်းမှာ လာရောက်ကူညီပေးသည့် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဧပြီ (၆) ရက်တွင် နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုက်ပွဲများဖြစ်ပွဲသောကြောင့် သီပေါမြို့ပေါ်သို့ စစ်ရှောင် (၄၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရခြင်း ယနေ့ ဧပြီ (၇) ရက်တွင်လည်း စစ်ရှောင် (၂၀၀) ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မန်လီကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိကာလသည် မြို့ပေါ်တွင်လည်း စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြပြီး၊နိုင်ငံရေးမတည်ငြိမ်မှုကြား တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲထပ်မံဖြစ်သည့်အတွက် သျှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ နမတူ ပြည်သူများအနေဖြင့် အလွန်ခက်ခဲကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။

ဧပြီ (၆) ရက်နေ့လည် ၃ နာရီဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားပြီး ယနေ့တွင်လည်း တိုက်ပွဲ ဆက်လက်တင်းမာမှုကြောင့် နေအိမ် (၂) လုံး ထပ်မံ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် RCSS/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂ လသာရှိလာခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အချင်းချင်းကြားတွေ့ဆုံဆွေးနွေးမှု မရှိကြပဲ အပြန်အလှန် ငြင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...