Tuesday, January 27, 2026

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ကို SSPP ပစ်ခတ် အဆင့်မြင့် အရာရှိတဦး ထိမှန်

အာဏာသိမ်းစစ်ကောင်စီ ၏ ရဟတ်ယာဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပစ်ခတ်သဖြင့် အဆင့်မြင့်အရာရှိ တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၈) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP /SSA ၏ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်း တွင် အကြိမ်ကြိမ် ပျံသန်းနေသဖြင့် SSPP/SSA မှ ပစ်ခတ်လိုက်ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ ၏ အဆင့်မြင့် အရာရှိတဦး ကျည်ထိမှန်သွားကြောင်း SSPP/SSA ၏ မြေပြင် သတင်းအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ အုပ်စုသည် ယမန်နေ့ (ဧပြီ ၇)ရက်တွင် “UWSA” တပ်ဖွဲ့နှင့် တွေ့ဆုံပြီး၊ SSPP/SSA ဌာနချုပ် ရှိသည့် ဝမ်ဟိုင်းကို လာမည်ဖြစ်ပြီး၊ ရဟတ်ယာဉ်ကို မိုင်းနောင်တွင် ဆင်းမည်ဟုသာ အကြောင်းကြားခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီသည် SSPP/SSA ကို သတင်းပေးပို့ချက်အတိုင်း မလာဘဲ ယနေ့ ( ဧပြီ ၈)ရက်တွင် SSPP/SSA ဌာနချုပ်ကို ရဟတ်ယာဉ်လာရောက် ပျံသန်းသဖြင့် ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း SSPP/SSA၏ နီးစပ်ရာ သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ က ကျနော်တို့ (SSPP/SSA) အဖွဲ့ နဲ့တွေ့မယ်။ ။မိုင်းနောင်မှာ သူတို့ လာဆင်းမယ်လို့ သိရတယ်။ ဒါပေမယ့် ဒီနေ့ကျမှ ရဟတ်ယာဉ် တစ်စီး ဌာနချုပ်ကို လာပတ်နေတယ်။ သတင်းပို့တဲ့အတိုင်း မလုပ်တဲ့အတွက် ပစ်လိုက်တာပါ။ လောဆယ်တော့ အရာရှိ တစ်ဦးရဲ့ ခြေထောက်ကို ထိမှန်သွားတယ်လို့ သိရတယ်” ဟု နီးစပ်ရာ သတင်းရင်းမြစ် မှ သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်ခံရသဖြင့် အရာရှိ တဦး ခြေထောက်ထိမှန်ကာ ရဟတ်ယာဉ်သည်လည်း လားရှိုးမြို့ဘက်သို့ ပြန်လှည့်သွားရကြောင်းသိရသည်။

SSPP/SSA တပ်ဖွဲ့ နှင့် တွေ့ဆုံရန် အတွက် အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့ ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ဧပြီ (၇ )ရက် တွင်လည်း UWSA တပ်ဖွဲ့မှ စစ်ဦးစီးဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ခဲ့ကြောင်း နီးစပ်ရာ သတင်းရင်းမြစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...