အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ကို SSPP ပစ်ခတ် အဆင့်မြင့် အရာရှိတဦး ထိမှန်

အာဏာသိမ်းစစ်ကောင်စီ ၏ ရဟတ်ယာဉ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပစ်ခတ်သဖြင့် အဆင့်မြင့်အရာရှိ တစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၈) ရက် နေ့လည်ပိုင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် SSPP /SSA ၏ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်း တွင် အကြိမ်ကြိမ် ပျံသန်းနေသဖြင့် SSPP/SSA မှ ပစ်ခတ်လိုက်ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ ၏ အဆင့်မြင့် အရာရှိတဦး ကျည်ထိမှန်သွားကြောင်း SSPP/SSA ၏ မြေပြင် သတင်းအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ အုပ်စုသည် ယမန်နေ့ (ဧပြီ ၇)ရက်တွင် “UWSA” တပ်ဖွဲ့နှင့် တွေ့ဆုံပြီး၊ SSPP/SSA ဌာနချုပ် ရှိသည့် ဝမ်ဟိုင်းကို လာမည်ဖြစ်ပြီး၊ ရဟတ်ယာဉ်ကို မိုင်းနောင်တွင် ဆင်းမည်ဟုသာ အကြောင်းကြားခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီသည် SSPP/SSA ကို သတင်းပေးပို့ချက်အတိုင်း မလာဘဲ ယနေ့ ( ဧပြီ ၈)ရက်တွင် SSPP/SSA ဌာနချုပ်ကို ရဟတ်ယာဉ်လာရောက် ပျံသန်းသဖြင့် ပစ်ခတ်လိုက်ရခြင်းဖြစ်ကြောင်း SSPP/SSA၏ နီးစပ်ရာ သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ က ကျနော်တို့ (SSPP/SSA) အဖွဲ့ နဲ့တွေ့မယ်။ ။မိုင်းနောင်မှာ သူတို့ လာဆင်းမယ်လို့ သိရတယ်။ ဒါပေမယ့် ဒီနေ့ကျမှ ရဟတ်ယာဉ် တစ်စီး ဌာနချုပ်ကို လာပတ်နေတယ်။ သတင်းပို့တဲ့အတိုင်း မလုပ်တဲ့အတွက် ပစ်လိုက်တာပါ။ လောဆယ်တော့ အရာရှိ တစ်ဦးရဲ့ ခြေထောက်ကို ထိမှန်သွားတယ်လို့ သိရတယ်” ဟု နီးစပ်ရာ သတင်းရင်းမြစ် မှ သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ ရဟတ်ယာဉ်ပစ်ခတ်ခံရသဖြင့် အရာရှိ တဦး ခြေထောက်ထိမှန်ကာ ရဟတ်ယာဉ်သည်လည်း လားရှိုးမြို့ဘက်သို့ ပြန်လှည့်သွားရကြောင်းသိရသည်။

SSPP/SSA တပ်ဖွဲ့ နှင့် တွေ့ဆုံရန် အတွက် အာဏာသိမ်း စစ်ကောင်စီဘက် မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ( အငြိမ်းစား) ၊ ဒုတိယ ဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့ ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ဧပြီ (၇ )ရက် တွင်လည်း UWSA တပ်ဖွဲ့မှ စစ်ဦးစီးဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ခဲ့ကြောင်း နီးစပ်ရာ သတင်းရင်းမြစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...