နမ္မတူ မန်လီကျေးရွာ အတွင်း တိုင်းရင်းသားတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်၊ နေအိမ် (၃)လုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း ယနေ့ (ဧပြီ ၆)ရက် နေ့လည် ၃နာရီဝန်းကျင် တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ပြီး၊ နေအိမ် (၃)လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုဖြစ်သည့် SSPP/SSA၊ TNLAတို့ ဖြစ်သည်။

“ မနက်ကတည်းက RCSS/SSA က ရွာထဲဝင်လာတယ်။ ရွာကလူတွေ အားလုံးဖယ်ပေးဖို့ ပြောပါတယ်။ ရွာမှာ အိမ်စောင့်ပဲကျန်ခဲ့တယ်။ အခုတော့ အိမ်စောင့်မယ့်သူကစ ထွက်ပြေးနေရတယ်။ ရွာထဲမှာ နေအိမ် (၃)လုံးကတော့ မီးလောင်နေတယ်” ဟု မန်လီကျေးရွာ မှ ဒေသခံ အမျိုးသား တဦးက ပြောသည်။

ယနေ့ မနက်ပိုင်းတွင် နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနိုင်သဖြင့် RCSS/SSA မှ ရွာသားအားလုံးကို ပြောင်းရွှေ့ခိုင်းထားကြောင်း၊ လက်ရှိမှာ မန်လီကျေးရွာသားများသည် သီပေါမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လည်း မန်လီကျေးရွာ ဒေသခံ တဦးက ပြောသည်။

“ အခုတော့ ရွာမှာ ဘယ်သူမှ မကျန်တော့ဘူး။ အားလုံးက သီပေါမြို့ပေါ်ရောက်ပြီ။ ရွာထဲမှာက RCSS၊ ရွာပြင်မှာ တပ်ပေါင်းစု ရောက်နေတယ်။ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

လက်ရှိကာလသည် မြို့ပေါ်တွင်လည်း စစ်အာဏာရှင် အလိုမရှိ ဆန္ဒထုတ်ဖော်နေကြပြီး၊ နိုင်ငံရေး မတည်ငြိမ်မှုကြားတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲထပ်မံဖြစ်သည့်အတွက် သျှမ်းမြောက် သီပေါ၊ ကျောက်မဲ၊ နမ္မတူပြည်သူများအနေဖြင့် အလွန်ခက်ခဲလှကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။

“ တိုင်းရင်းသားအချင်းချင်း ဖြစ်နေတဲ့တိုက်ပွဲက ဘာကြောင့်ဆိုတာ စဉ်းစားလို့မရဘူး။ ကျနော်တို့ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားစေချင်တယ်။ ကျနော်တို့ အခု ဘာမှ လုပ်စားလို့မရဘူး။ စားဖို့ဆန်တောင်မရှိတော့ဘူး” ဟု မန်လီကျေးရွာ အသက် ၅၀ကျော် ဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကာလသည် သျှမ်းပြည်လူထုအတွက် အခက်အခဲဆုံးအချိန်ဖြစ်နေကြောင်း၊ တဖက်တွင်ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် စီးပွားရေးမလုပ်ဆောင်နိုင်၊ တဖက်တွင် စစ်အာဏာသိမ်းမှုကြောင့် အဆင်မပြေနေချိန် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲထပ်မံဖြစ်သည့်အတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်ေနေကြောင်းလည်း စစ်ရှောင်များကို ကူညီပေးနေသူများက ဆိုသည်။

“ အဖက်ဖက် မှာ အဆင်မပြေချိန် ဒီလိုကိုယ့်အချင်းချင်းပြန်တိုက်တော့ စိတ်တွေ မကောင်းဘူး။ ပြောစရာစကားတောင် မရှိတော့ဘူး။ ကိုယ့်အချင်းချင်းကြောင့် အိမ်တွေမီးလောင် လူတွေ သေကြေကြ၊ ဘဝတွေဆုံးရှုံးကြ ဒါတွေ သက်ဆိုင်ရာက လူတွေမြင်စေသိစေချင်တယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် အမျိုးသား တဦးက ဆိုသည်။

လက်ရှိ တိုင်းရင်းသားအချင်းချင်းကြား တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီ အုပ်စုကလည်း သျှမ်းမြောက် နမ္မတူမြို့နယ် နှင့် သီပေါမြို့နယ်ကြားရှိ ဂတ်စ်ပိုက်လိုင်းလုံခြုံရေး ဆိုသည့်အကြောင်းပြချက်ဖြင့် ဝင်ရောက်နေရာယူနေကြောင်းလည်း ဒေသခံများ၏ သတင်းပေးပို့ချက်အရသိရသည်။

သျှမ်းမြောက် တွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် RCSS/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ၂လသာ ရှိလာခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အချင်းချင်းကြားတွေ့ဆုံဆွေးနွေးမှုမရှိကြဘဲ အပြန်အလှန် ငြင်းဆိုနေကြသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲနှင့် တရွာလုံး ရွှေ့ပြောင်းခိုင်းသည့် ကိစ္စကို သျှမ်းသံတော်ဆင့်မှ RCSS/SSAနှင့် မြောက်ပိုင်းတပ်ပေါင်းစု ကို ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိပေ။

ထိုတိုက်ပွဲကြောင့် အရပ်သားနေအိမ် ၃၀နီးပါး လက်နက်ကြီးသင့်ကာ မီးလောင် ပျက်စီးခဲ့ရပြီး ၊သေဆုံးသူ ၅ဦး ထက်မနည်းထိ ရှိကာ၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀) ဦး အထက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...