Wednesday, January 28, 2026

အာဏာသိမ်း စစ်ကောင်စီအုပ်စုသည် “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် ဆက်တိုက်တွေ့ဆုံ

အာဏာသိမ်းစစ်ကောင်စီ မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့သည် ယခုရက်ပိုင်း ဆက်တိုက် တွေ့ဆုံနေကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီသည့် ယမန့်( ဧပြီ ၇)ရက်တွင် “ UWSA” တပ်ဖွဲ့ မှ စစ်ဦးစီး ဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံပြီး၊ ယနေ့(ဧပြီ ၈)ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တွေ့ဆုံခဲ့ကြောင်း နီးစပ်ရာ သတင်းရင်းမြစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အာဏာသိမ်း စစ်ကောင်စီအုပ်စုဖက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ကာ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့တွေ့ဆုံရာတွင် အဓိကအနေဖြင့် မဟာမိတ်ကိုထိန်းသိမ်းရန် နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို မထောက်ခံရန် စစ်ကောင်စီ ဘက်မှ ပြောဆိုခဲ့သည် ဟု သတင်းရရှိသည်။

ယနေ့ (ဧပြီ ၈)ရက် မနက်ပိုင်းတွင်လည်း သျှမ်းတောင် တောင်ကြီးတွင် ရဟတ်ယာဉ် (၂)စီး ပျံသန်းခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ဧပြီ ၄ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီ မှ “UWSA”ဌာနချုပ် ဝမ်ဟုန်ဒေသ အတွင်း စစ်သည်နှင့် စစ်သမီးများကို ကျန်းမာရေး ဆိုင်ရာသင်တန်းပေးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် မတ်ချ် ၂၄ ရက်နေ့ကလည်း လားရှိုးတိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ဝါ ဒု စစ်ဦးစီးချုပ် ဦးကျောက်ကော်အန်း အား ဝထိန်းချုပ်နယ်မြေ မိုင်းလိန်း တွင်လည်းကောင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က မိုင်းလား ဒုတိယ ဥက္ကဌ ဦးဆန်းပေအား တာပိန်းဂိတ် (နှစ်ဘက်တပ်နယ်ခြားမျဉ်းဂိတ်) တွင်လည်းကောင်း တွေ့ဆုံခဲ့ပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်ထဲ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပဟု စစ်ကော်မရှင်ကြေညာ

0
သျှမ်းပြည်အတွင်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် (၁၇) မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် UEC ထုတ်ပြန်ခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်းလွှတ်တော်များအတွက်...

အရှေ့နေဝန်းနီကျဆုံးခြင်းမှ ၂၀၂၅ လူထုအောင်မြင်ရေးနှစ်သစ်ဆီသို့

0
၂၀၂၃ နှစ်နှောင်းပိုင်းမှ ၂၀၂၄ နှစ်ကုန်အထိ မြောက်ပိုင်းမဟာမိတ် သုံးဖေါ် ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းမှာ စစ်ကောင်စီအတွက်တော့ နှစ် ၇၀ အတွင်း သမိုင်းမော်ကွန်းတင်လောက်အောင် အရှုံးကြီး ဆုံးရှုံးခဲ့တယ်။ နေဝန်းနီက သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့...

သျှမ်းတောင်ရှိမြို့နယ်အချို့တွင် ရွှေဘိုမှစစ်ရှောင်လာသည်ဟုဆိုကာ ဆန်လိမ်လည်ရောင်းချမှုများဖြစ်ပွားနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် ရပ်စောက်မြို့နယ်တို့တွင် ဆန်ကြမ်းများကို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်လံ လိမ်ညာ ရောင်းချမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် တောင်ကြီးမြို့နယ် အေးသာယာတွင် ပေါ်ဆန်းမွှေးဟုဆိုကာ ဆန်ကြမ်းများကို လိုက်လံရောင်းချနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ ပေါ်ဆန်းအကောင်းစားဆိုပြီး ဆန်အိတ်ကိုလည်း ထိုးပြတယ်...

အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်တိုး၊ သျှမ်းဝန်ကြီးချုပ် အစားထိုးခန့်

0
အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးကာလကို နောက်ထပ်(၆)လ သက်တမ်းတိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)တွင် နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အရေးပေါ်ကာလသက်တမ်းကို ၅ ကြိမ်မြောက်အဖြစ် ထပ်မံတိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုအစိုးရကိုလည်း ပြင်ဆင်ဖွဲ့စည်းကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်လာသည်။ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများရှိ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့်...

မြန်မာစစ်တပ်အပေါ် လက်နက်ပိတ်ပင်ပြီး တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းရန် ကုလသမဂ္ဂ၌ တိုက်တွန်းတောင်းဆို

0
မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန် သတ်ဖြတ်မှုများကို ရပ်တန့်ရန် အတွက် မြန်မာစစ်တပ် ကို လက်နက်ပိတ်ပင်ပြီး တိုက်လေယာဥ်ဆီများတင်ပို့မှုရပ်ဆိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းတောင်းဆိုလိုက်သည်။ အဆိုပါ တောင်းဆိုမှုသည် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်...