Friday, January 30, 2026

CATEGORY

လူ့အခွင့်အရေး

နမ္မတူတွင်တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀ ကျော်အထိတိုးလာ 

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်မဟာမိတ် တပ်ပေါင်းစုတို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် (၂၅၀) ကျော် ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့်...

အရပ်သားများအား လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးငွေကြေးတောင်းခံမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း လူ့အခွင့်အရေးအဖွဲ့ထုတ်ပြန်

တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် အရပ်သားပြည်သူများ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေကြေးတောင်းခံမှုအပေါ် လူ့အခွင့်အရေး နှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ (၇) ရက် ရက်စွဲဖြင့် မန္တလေးတိုင်းဒေသကြီး အခြေစိုက် လူ့အခွင့်အရေးနှင့် တရားမျှတရေး...

ကျောက်မီးသွေးတူးဖော်မည့် သတင်းကြောင့် မိုးနဲပြည်သူများစိုးရိမ်နေ

သျှမ်းပြည် တောင်းပိုင် နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်အနီးတွင် ကျောက်မီးသွေး တူးဖော်မည့်သတင်းကြောင့် ရေအရင်းအမြစ် ထိခိုက်မည်ကို မိုးနဲဒေသခံများစိုးရိမ်ပူပန်နေကြသည်။ နမ့်စန်မြို့နယ် ဟိုက်ဖတ်ကျေးရွာ နမ့်မော်ငင်းကန်သည် မိုးနဲမြို့နယ်လူထုအားကိုးအားပြုနေရသည့် နမ့်ဟူးစက်တော် ရေထွက်ဦးနှင့် နီးစပ်ဆက်နွယ်နေသဖြင့် နမ့်မော်ငင်းထိခိုက်ပျက်စီးပါက မိုးနဲလူထု စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ “ အကယ်၍သူတို့ကျောက်မီးသွေးတကယ်လာတူးရင်တော့ မိုးနဲ ကတော့သွားပြီ။...

Quarantine Center ဟာ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရသလား

သျှမ်းပြည်နယ် မြို့တော် အစိုးရ ရုံးစိုက်ရာတောင်ကြီးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတဦး နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီခွဲ က ဓါးထောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ တောင်ကြီးတက္ကသိုလ်ရှိ နန်းဝတီအမျိုးသမီးဆောင်မှာဖွင့်ထားတဲ့ Quarantine Center မှာ ထိုင်းနယ်စပ် မြဝတီကနေ နေရပ်ပြန်လာတဲ့အမျိုးသမီးတဦး ဘုရားရှိခိုးနေစဉ် အမည်မသိ...

တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်တွင် Quarantine ဝင်သည့် အမျိုးသမီး အဓမ္မပြုကျင့်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးတက္ကသိုလ် တွင် Quarantine Center ဝင်နေသည့် အသက် ၃၃နှစ် အရွယ် အမျိုးသမီးတဦး ယမန်နေ့ (နိုဝင်ဘာ ၂၉ ) ည ၈နာရီခွဲ၌ အဓမ္မပြုကျင့်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ် တောင်ကြီး တက္ကသိုလ်ဝန်းရှိ နန်းဝတီ အမျိုးသမီးဆောင်...

တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ

မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု...

ကျောက်မဲခရိုင် အနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ည ၆နာရီဝန်းကျင် တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ က လာရောက်ပစ်သတ်သွားကြောင်းစုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင်က ဦးထိုက်ဇော်သည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု၊...

မိုင်းတုံမြို့နယ်ရှိ မဲရလဒ် တရားမျှတမှုမရှိသဖြင့် ပယ်ဖျက်ပေးရန် SNLD တောင်းဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ရှိ မဲရုံ အများစု ၏ မဲရလဒ်သည် တရားမျှတမှု မရှိသဖြင့် အားလုံး ပယ်ဖျက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သို့ SNLD ပါတီမှ တင်ပြတောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနေ့သည် နည်းလမ်းတကျ...

မဲရလဒ် တရားမျှတမှု မရှိတဲ့အတွက် ပုံစံ(၁၉ ) လက်မှတ်မထိုးခဲ့တဲ့ မော်ထွန်းအောင်

လူသိများပြီး လူကြိုက်များတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်( SNLD) က သျှမ်းပြည် အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မော်ထွန်းအောင် ရဲ့ ကွတ်ခိုင်မြို့နယ် မဲရလဒ် ဟာ Fair and Free မရှိတဲ့အတွက် တရားမျှတမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကိုမော်ထွန်းအောင် အနေနဲ့ မဲရလဒ်...

ကွတ်ခိုင်မြို့နယ်တွင် မဲရလဒ် ယခုချိန်ထိ မထုတ်ပြန်နိုင်သေး

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် မဲရေတွက်မှု ပြဿနာ ရှိနေသဖြင့် ယခုချိန်ထိ ရလဒ် မထုတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ “မဲရလဒ်ကို ဒီနေ့ မနက် ထုတ်ပြန်မယ်လို့ ပြောပြီး၊ မနက်မှာ မထုတ်နိုင်ဘူး။ ညနေလည်း ထုတ်မလားဆိုပြီး ကျနော်တို့စောင့်နေတယ်။ မထုတ်ပြန်နိုင်ဘူး ဖြစ်နေတယ်” ဟု မူဆယ်ခရိုင် အမှတ်(၅)မဲဆန္ဒနယ်တွင်...

Latest news