ကျောက်မဲမြို့နယ် ရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ အမျိုးသား တဦးသေ၊ အမျိုးသမီး ၂ဦး ကျည်ထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ညောင်မောင်းကျေးရွာရှိ နေအိမ်ပေါ် တလုံးပေါ် ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား တဦးသေဆုံးကာ၊ အမျိုးသမီး (၂)ဦး ကျည်ထိမှန်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲ ပိတ်မိနေဆဲ ဟု သတင်းရရှိသည်။

ယနေ့ (မတ် ၂၃)ရက် မနက်ပိုင်းမှစကာ ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ SSPP/SSA ၊ TNLA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တို့ တိုက်ပွဲဖြစ်ပွားကာ နေအိမ်တလုံးပေါ် လက်နက်ကြီးကျခဲ့ကြောင်း ကျောက်မဲမြို့မှ စစ်ရှောင်များကို ကူညီပေးနေသည့် သူများက ပြောသည်။

“ ဒီနေ့ တိုင်းရင်းလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်တယ်။ နေအိမ်တလုံပေါ် လက်နက်ကြီးကျတယ်။ အမျိုးသားတယောက်က ပွဲချင်းပြီးသေတယ်။ အမျိုးသမီး ၂ဦးကတော့ ကျည်ထိမှန်ထားတယ်။ ခုထိကျနော်တို့ ကယ်ထုတ်လို့မရဘူး။ ကျည်ထိတဲ့ ၂ယောက်အတွက် စိုးရိမ်နေရတယ်” ဟု ကျည်ထိမှန်သူကို သွားရောက်ကူညီမည့် သူတဦးက ဆိုသည်။

လက်နက်ကြီးထိမှန်ပြီး အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးကာ၊ အမျိုးသမီး တဦးသည် တင်ပါး နှင့်ခါး ကျည်ထိမှန်ပြီး ၊ တဦးမှာ လက်ထိမှန်ထားကြောင်း၊ လက်ရှိအချိန်ထိ တိုက်ပွဲကြားထဲတွင်ပိတ်မိနေသေးသဖြင့် ကူညီကယ်ထုတ်ရန် ခက်ခဲနေကြောင်းလည်း ၎င်း က ဆိုသည်။

“ တိုက်ပွဲက ဖြစ်နေသေးတယ်။ ဒဏ်ရာရတဲ့သူတွေ အတွက် စိုးရိမ်ရတယ်။ သူတို့ကို ကယ်ထုတ်ဖို့ အတွက်လမ်းတွေပိတ်နေတယ်။ ခုထိ ရွာထဲမှာပဲရှိနေတုန်း” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားသည့်တိုက်ပွဲသည် ၂၀၂၀ ခုနစ် ဒီဇင်ဘာလကုန်ပိုင်းမှာစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိတွေ့မှုများရှိကာ တိုက်ပွဲကြောင်း သေဆုံးသူများ ထိခိုက်ဒဏ်ရရှိသူများလည်း ရှိနေကြောင်းသိရသည်။

ထိုတိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နှင့် နမ္မတူမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...