သျှမ်းရှေ့မှ ကုန်ပစ္စည်း ပါဆယ်များကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် သိမ်းဆည်းနေ
သျှမ်းပြည်ရှေ့ပိုင်း ကျိုင်းတုံဘက်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ၊ ပါဆယ်ထုတ်များကို မိုင်းပွန်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးဂိတ်တွင် သိမ်းဆည်းခံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစ၍ ကျိုင်းတုံ-တောင်ကြီး ၊ကျိုင်းတုံ -ရန်ကုန်စသည့် ခရီးသည်တင်သည့် လိုင်းကာများပေါ်တွင် ကုန်ပစ္စည်းများ ပါဆယ်များ တင်ဆောင်သွားခွင့်မပြုဘဲ ခရီးသည်သီးသန့်သာ တင်ဆောင်သွားရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ခဲ့ပြီးနောက်...
“TNLA ထိန်းချုပ်နယ်မြေမှာ အုပ်ချုပ်လို့မရအောင် စစ်ကောင်စီက ဗုံးကြဲနေတာ”
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်သည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲမှု ရှိသကဲ့သို့ မြေပြင်ထိုးစစ်ဆင်မှုလည်း ပြင်းထန်နေသည်။ အလားတူ TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့အတွင်းကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ဆက်တိုက် ပြုလုပ် နေသည်။ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းဗုံးကြဲမှု၊...
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...
ဖယ်ခုံမြို့ရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံး
သျှမ်း-ကရင်နီ(ကယား)နယ်စပ် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင်း အသက် (၄)နှစ်အရွယ် ကလေးအပါအဝင် ၃ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၇)ရက် ည ၁၁ နာရီတွင် ဖယ်ခုံမြို့နယ် ဆောင်းဖွေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲချလိုက်သဖြင့်...
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီးနှင့် နယ်စပ်ဒေသ...
ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...
မြန်မာ-တရုတ် နယ်စပ်ဖြတ်သန်းခွင့်စာအုပ် တစ်ရက်လျှင် ၃၀၀ သာပြုလုပ်ပေး
မြန်မာ-တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို တစ်ရက်လျှင် လူဦးရေ ၃၀၀ အတွက်သာ ပြုလုပ်ပေးကြောင်း သတင်းရရှိသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှစပြီး မူဆယ်မြို့ ခရိုင် လူဝင်မှုကြီးကြပ်ရေး (လဝက) သည် မြန်မာ - တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ်ကို တစ်ရက်လျှင် လူဦးရေ ၃၀၀ အတွက်သာ လုပ်ပေးနေသည့်...
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲဒေသခံ ထပ်မံစစ်ဘေးရှောင်တိမ်းရ
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ...
မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ရရှိဟု စစ်ကောင်စီထုတ်ပြန်
ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆ လကြာအောင် ထိုးစစ်ဆင်ပြီးနောက် တစ်မြို့လုံးကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ (ဇူလိုင်၇)ရက်တွင် သတင်းထုတ်ပြန်သည်။ ကရင်နီတော်လှန်ရေးတပ်များက ၂၀၂၃ နိုဝင်ဘာလအတွင်း ခြေမြန်တပ်ရင်း (ခမရ ၄၂၂) မှအပ မိုးဗြဲမြို့နှင့် မြို့ထဲရှိ စစ်တပ်စခန်းများကို...
ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...





