စစ်ပွဲကြားက ကိုယ်လက်အင်္ဂါဆုံးရှုံးသူများ ပြန်လည်ကုစားရေး စင်တာသို့ 

စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချပြီး မတရား အာဏာသိမ်းယူခဲ့သည်မှာ ငါးနှစ်ကာလထဲ ရောက်ရှိလာခဲ့ပါပြီ။ထိုအာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ စစ်အုပ်စုများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း (၇,၃၀၃) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာကြောင်း  ယခုနှစ် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) က အသိပေးထုတ်ပြန်ထားသည်။

ထိုထဲတွင် အာဏာသိမ်းစစ်တပ်၏ မြေမြှုပ်မိုင်းကြောင့် သာမက တော်လှန်ရေးတပ်ဖွဲ့များ၏ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ များစွာရှိသည်။ ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ပြန်လည်ကုစားရန်အတွက် အလွန်ပင် အရေးကြီးသည်။ 

ထိုကြောင့် နွေဦးမေတ္တာယုံကြည်ရာ စင်တာကို ၂၀၂၄ ဇူလိုင် ၁၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် မယုလှိုင်သင်းက ဦးဆောင်ပြီးဖွင့်လှစ်ခဲ့သည်။ 

သို့သော်လည်း အမေရိကန် ပြည်ထောင်စု၏ အကူအညီများ ရပ်ဆိုင်းခြင်းကြောင့် ထောက်ပံ့မှုများ မရှိတော့သဖြင့် လက်ရှိ နွေဦးမေတ္တာယုံကြည်ရာ စင်တာတွင် လူနာများ၏ ကျန်မာရေး စောင်ရှောက်မှုများ ရပ်နားထားရသည်။

လက်ရှိတွင် နွေဦးမေတ္တာယုံကြည်ရာ စင်တာသည် လူထု၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေရပြီး လူနာ (၂၀) ခန့်အတွက် ဆေးကုသမှုဆက်လက် လုပ်ဆောင်နေသော်လည်း ဆေးကုသမှု ခက်ခဲနေသည်။ ထိုစင်တာတွင် ဆေးကုသမှု ခံယူနေရသူများ၏ အခြေအနေများကို သျှမ်းသံတော်ဆင့်က သတင်းဓာတ်ပုံ ရယူနိုင်ခဲ့သည်။

မြေမြှုပ်မိုင်းကြောင့် ညာဖက်ခြေထောက် ပြတ်သွားခဲ့သည့် အထက်တန်းကျောင်းသူ မီးမီး။ (ဓာတ်ပုံ- စိုင်းဟန်လင်း/ သျှမ်းသံတော်ဆင့်)
မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူ လူနာတစ်ဦး၏ ခြေအတုကို ၂၀၂၅ ဇူလိုင် ၁၅ ရက်နေ့က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – စိုင်းဟန်လင်း/ သျှမ်းသံတော်ဆင့်)
ခြေထောက်တစ်ဖက် ပြတ်သွားခဲ့သည့် အထက်တန်းကျောင်းသူ မီးမီးကို ခြေအတု ဖြုတ်ပေးနေသည့် စေတနာ့ဝန်ထမ်း။ (ဓာတ်ပုံ – စိုင်းဆိုင်လျန်/ သျှမ်းသံတော်ဆင့်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

လမ်းပန်းခက်ခဲမှုနှင့် စစ်တပ်ပိတ်ပင်မှုကြောင့် ဖယ်ခုံစစ်ရှောင်ထံ ဆေးဝါးမရောက်

0
သျှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်‌ဘေး တိမ်းရှောင်နေထိုင်သည့် စစ်ရှောင်များ လက်ရှိ မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားလာနေသော်လည်း စစ်တပ်ဘက် ဆေးဝါး သယ်ယူမှု ပိတ်ပင်ထားမှုကြောင့် ကျန်းမာရေး အခက်အခဲကြုံနေရကြောင်း သတင်းရရှသည်။​ အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...