အန္တရာယ် နှစ်ထပ်ကွမ်းနဲ့ စစ်ရှောင်စခန်းက မီးနေသည်များ
SHAN -
ကွင်းပြင်ကျယ်ကျယ်ထဲက (၁၀)ပေလောက်ပဲ ကျယ်ဝန်းတဲ့ အခန်းလေး ဟာ ရုတ်တရက်ဆိုလျှင် တောင်ယာထဲက အထီးကျန်တဲ့ တဲအိုလေးပါပဲ။ ဝါးလုံးနဲ့ တိုင်ထောင်၊ တန်းထိုးပြီး သက်ကယ်နဲ့ မိုး၊ သက်ကယ်နဲ့ ကာ၊ နှီးနဲ့သာ ချည်နှောင်ထားတဲ့ အဲဒီတဲလေးက လေပြင်းတစ်ချက် တိုးဝှေ့တိုက်ခတ်လာရင် တစ်စစီ လွင့်ပါသွားတော့မဲ့ အနေအထားပါ။ အဝင်တံခါးနေရာမှာတော့ မိုးကာအစိမ်းရောင်က...
တန့်ယန်းမြို့နယ် ကျောက်မီးသွေး တူးဖော်မည် မဟုတ်ကြောင်း ကုမ္ပဏီမှ ကတိပေး
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် ငွေရည်ပုလဲ ကုမ္ပဏီသည် ဒေသခံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်မှုကြောင့် ကျောက်မီးသွေးကို တူးဖော်တော့မည် မဟုတ်ကြောင်း ပြည်သူများကို ကတိပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မိုင်းဟဌာနေ ပြည်သူ့စစ်အဖွဲ့ နှင့် ငွေရည်ပုလဲ...
တာချီလိတ်မြို့ NLD အမတ် ဦးခင်မောင်တင့် နှင့် ဇနီး ပြန်လည်လွတ်မြောက်
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် နှင့် ဇနီးဖြစ်သူတို့ ပြန်လည်လွတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်မှာ ၎င်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်ခင်မာဦးနှင့်အတူ ဖမ်းဆီးခံရသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ...
လားရှိုး အကျဉ်းထောင်မှ ပြန်လွတ်လာသူများ ခံဝန်ကတိထိုးရ
SHAN -
စစ်ကောင်စီ မှ မတရားဖမ်းဆီး ချုပ်နှောင်ခဲ့ပြီး ပြန်လွတ်မြောက်လာသည့်သူများကို နောက်နောင် အလားတူ မပြုလုပ်ရန် ခံဝန်ကတိထိုးခဲ့သဖြင့် အနေအထိုင် လွတ်လပ်မှုမရှိနိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၈ ရက်)တွင် စစ်ကောင်စီမှ မတရားဖမ်းဆီးချုပ်နှောင်ထားသည့် လားရှိုးအကျဥ်းထောင်မှ ပြည်သူ (၁၁)ဦးကို လွှတ်ပေးခဲ့ပြီး၊ ထိုသူများသည် ခံဝန်ကတိထိုးခိုင်းပြီး လွှတ်ပေးကြောင်းနှင့်...
စစ်ကောင်စီမှ မတရားဖမ်းထားသူ လားရှိုးထောင်မှ ၁၁ ဦးပြန်လွှတ်လာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးအကျဥ်း ထောင်မှ စစ်ကောင်စီ မှ မတရားဖမ်းဆီးခြင်းခံထားရသူထဲမှ ( ၁၁) ဦး ပြန်လွှတ်လာကြောင်း သတင်းရရှိသည်။ ပြန်လွတ်လာသူများသည် မိုင်းရယ်မြို့ နှင့် တန့်ယန်းမြို့တို့မှ တစ်ဦးစီပါဝင်ပြီး လားရှိုးမြို့မှ ၉ ဦးပါဝင်ပြီး၊ထိုထဲတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ၎င်းတို့...
နမ့်ခမ်းမြို့နယ် တရုတ်ဘက်မှ နယ်မြေ ကျူးကျော် ခြံစည်းရိုးထပ်မံခတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာဘက်တွင် တရုတ်နိုင်ငံမှ ကိုဗစ် - ၁၉ ပြန့်ပွားမှုကို အကြောင်းပြပြီး နယ်မြေကျော်ကာ ခြံစည်းရိုးထပ်မံလာခတ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၁၈) တရုတ်နိုင်ငံမှ တတိယအထပ် ခြံစည်းရိုးကို ထပ်မံလာခတ်ခဲ့ကြောင်း သိရသည်။ “သူတို့ ခြံစည်းရိုးလာခတ်တာ (၃)ထပ်လောက်ရှိနေပြီ။ အလယ်တခုက...
ကျောက်မဲရောက် စစ်ရှောင်ကိုယ်ဝန်သည် မီးဖွားရန် အခက်ခဲကြုံ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် စစ်ရှောင်ရောက်ရှိနေသည့် ကိုယ်ဝန်သည်များ မီးဖွားရန် အခက်ခဲကြုံနေရသည့်အပြင် စောင်နှင့် အနွေးထည်များပါ လိုပ်နေတာဖြစ်ကြောင်း သိရသည်။ ကျောက်မဲ မိုင်းတင်းကျေးရွာအုပ်စုထဲရှိ မိုင်းတင်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်းတွင် ကိုယ်ဝန်သည်နှစ်ဦး ရှိနေပြီး မီးဖွားရန် အခက်ခဲဖြစ်နေကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။ “ဗြိန်းခါးက တစ်ယောက်က ကိုယ်ဝန် (၉)လရှိပြီ၊ မွေးဖို့ နီးနေပြီ၊...
မိုင်းကိုင် သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် စစ်ရှောင်ထဲမှ ကားတစီး ကျည်ထိ
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်စခန်းထဲရှိ ကားတစ်စီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇)ရက် မနက် (၈)နာရီမှ (၁၀)နာရီကျော်ထိ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းစုံဘုန်းကြီးကျောင်း အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “စစ်ရှောင်တွေ နေတဲ့ နေရာနဲ့တော့ နီးတယ်။...
ပန်ဆိုင်းမြို့နယ် ကိုးကန့် နှင့် စစ်ကောင်စီ တိုက်ပွဲကြောင့် ဒေသခံ တစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မုံကိုးမြို့ တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကောင်စီ တို့ တိုက်ပွဲကြောင့် ပြည်သူတစ်ဦး ကျည်ထိသေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ အောက်တိုဘာ (၁၇) နေ့လည် ၃ နာရီ ဝန်းကျင်က စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA)...
ကျိုင်းတုံ စစ်အာဏာရှင်ဆန့်ကျင်သူ ၇ ဦးကို စစ်ကောင်စီမှ ထောင်ဒဏ် ၃နှစ်စီချ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သည့် အရပ်သား (၇)ဦးကို စစ်ကောင်စီမှ အမှုချလိုက်ပြီး ထောင်ဒဏ် (၃)နှစ် စီ ချလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်...





