သီပေါမြို့နယ် အတွင်း မှတ်ပုံတင်လုပ်ပါက တစ်ဦးလျှင် ၁ သောင်းခွဲကျပ် ပေးဆောင်ရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆင်ကျော့ကျေးရွာအုပ်စုထဲတွင် ယမန်နေ့( နိုဝင်ဘာ ၂၃) မှစပြီး စစ်ကောင်စီ လက်အောက်ခံ လဝက ရုံးများက ပြည်သူများကို မှတ်ပုံတင်လုပ်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲ ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။

မှတ်ပုံတင်လုပ်သူများအပြင် အိမ်ထောင်စု အသစ်လုပ်သူများ၊ အိမ်ထောင်စုထဲတွင် လူသစ်ထပ်မံဆွဲထည့်သူများလည်း ငွေပေးဆောင်ရကြောင်း သိရသည်။

“သွားလုပ်တဲ့သူတွေက တစ်ယောက်ကို ၁ သောင်းခွဲ ပေးရတယ်။ မှတ်ပုံတင်လုပ်ရင် ၁ သောင်းခွဲ၊ အိမ်ထောင်စု လုပ်ရင်လည်း ပေးရတယ်။ လူသစ်ထပ်ဆွဲထည့်ရင်လည်း ပေးရတယ်။ အကုန်လုံးက ၁ သောင်းခွဲစီ ပေးရတာ“ ဟု မှတ်ပုံတင်သွားလုပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေနေနှင့် ကိုဗစ် – ၁၉ ကြောင့် စီးပွားရေးရှာဖွေစားသောက်ရန် ခက်ခဲနေချိန်မှာ သက်ဆိုင်ရာအနေဖြင့် ငွေကျပ် ၁ သောင်းခွဲ တောင်းနေသည့်အပေါ် အဆင်မပြေကြောင်းလည်း ဒေသခံ တစ်ဦး ကပြောသည်။

“အခုလက်ရှိအချိန်နဲ့ဆို ဈေးကြီးတာပေါ့။ အခုတော့ နိုင်ငံရေးလည်း မကောင်းဘူး။ စီးပွားရေးလည်း မရှိဘူး။ ကျမတို့ စားဝတ်နေရေးအတွက်တောင် မနည်းရှာရတာလေ။ အကုန်လုံးက ဈေးကြီးပေးဝယ်နေရတာ။ စိုက်ပျိုးရေးတွေလည်း မဖြစ်ဘူး” ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။

အဆိုပါ ငွေပမာဏ ၁ သောင်းခွဲသည် မှတ်ပုံတင်လုပ်ပေးသည့် လဝက ရုံးက သတ်မှတ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ရုံးက သတ်မှတ်ထားတာလေ။ ကျနော်တို့လည်း ကျေးရွာ လူထုကို အစည်းဝေးခေါ်ပြောတယ်။ တစ်ချို့လည်း လာလုပ်ကြတယ်။ ငွေတောင်းတာက ကျနော်တို့ကနေ တောင်းတာတော့ မဟုတ်ဘူး။ လဝကရုံးကနေ တစ်ဆင့် ဈေးသတ်မှတ်ထားတာဖြစ်လို့ ကျနော်တို့လည်း တောင်းတယ်” ဟု ဆိုင်ကျော့ ကျေးရွာအုပ်ချုပ်ရေးမှုက ပြောသည်။

အဆိုပါ မှတ်ပုံတင်ခကို ဆိုင်ကျော့ကျေးရွာအုပ်စု တစ်ခုထဲပေးဆောင်ရတာ မဟုတ်ကြောင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများအားလုံးက ပေးဆောင်ရသည်ဟု အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

“ကျနော်တို့ ကျေးရွာအုပ်စုပဲပေးရတာမဟုတ်ဘူး။ တခြားကျေးရွာအုပ်စုတွေလည်း ပေးရပါတယ်။ မြို့မှာသွားလုပ်ရင် ဒီထက်တောင် ပိုကုန်နိုင်သေးတယ်။ ဒါတွေကိုတော့ ကျနော်တို့ ပြည်သူတွေကိုလည်း သိစေချင်တယ်” ဟု အထက်ပါ ကျေးရွာအုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောသည်။

ယခင်က NLD အစိုးရလက်ထက်တွင် ဒေသခံများ မှတ်ပုံတင်လုပ်ရာတွင် စာရွက်စာတမ်းကြေး ၂ ထောင် ၃ ထောင်သာ ပေးရပြီး အာဏာသိမ်းပြီးနောက် မှတ်ပုံတင်လုပ်ရာတွင် ၁ သောင်းကျော်ထိ ပေးဆောင်လာရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...