Friday, February 6, 2026

CATEGORY

လူ့အခွင့်အရေး

မိုင်းကိုင်မြို့နယ် အတွင်း လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုအတွင်း ယနေ့ နိုဝင်ဘာ (၁)ရက် မနက် (၉ )နာရီက စတင်ကာ လက်နက်ကြီးသံ ဆက်တိုက်ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ (၁)ရက် မနက် (၉)နာရီကျော်မှ စတင်ပြီး လက်ရှိ သတင်းရေးသားချိန်ထိ ပန်ကေတုကျေးရွာအုပ်စု ဟွေယွဲ့ကျေးရွာအနီး လက်နက်ကြီးသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ “ခုထိ...

ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်အတွင်း အခြား စစ်ရှောင်စခန်း အပါအဝင် စစ်ရှောင်အများဆုံး ခိုလှုံနေသည့် ဟူးဆွန်ကျေးရွာအုပ်စုတွင် စားနပ်ရိက္ခာပြတ်လပ်နေပြီး အလှူရှင်များ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံထံမှ သိရသည်။ “ဟူးဆွန်က စစ်ရှောင်တွေက အရမ်းကို ခက်ခဲနေပြီ၊ လူဦးရေလည်း များတယ်၊ (၁၅၀၀)ကျော်ရှိတယ်၊...

ရှေ့ရေးမှုန်ဝါးတဲ့ ပြာမှုန်ကြားက တီကျစ်ယာသမားဘဝ

“တောင်သူတွေက လျှာပေါ် မြက်ပေါက်အောင် လုပ်နေလဲ မစားရဘူးလေ၊ ဘယ်သူမှ လာပြီး ဖြေရှင်းပေးတာ လည်းမရှိဘူး၊ မျှမျှတတလေးတော့ ဖြစ်စေချင်တယ်” ဆိုပြီး တီကျစ်ရွာခံ ကိုအောင် က ပြောပြပါတယ်။   စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စုမှာ ကျောက်မီးသွေး...

အားကိုးမဲ့နေတဲ့ နွေဦးသူရဲကောင်း မိသားစုများ

“သတိရတာပေါ့။ ဘယ်မေ့နိုင်မလဲ။ ကျမ မျက်စိထဲမှာ သူ့ကို အမြဲမြင်ယောင်နေပါသေးတယ်။ အခုဆို သူ့ကို ဘေးနားမှာ ပိုရှိစေချင်တယ်” လို့ လသားကလေးကို ချီပြီး တုန်ရီနေတဲ့ အသံနဲ့ မဇာဇာလင်း က ပြောနေပါတယ်။ မဇာဇာလင်း ကတော့ လွန်ခဲ့တဲ့ မေလ ၂ ရက် “ကမ္ဘာ့နွေဦးတော်လှန်ရေး”နေ့...

မိုင်းယော်ဒေသ စစ်ကောင်စီ လက်နက်ကြီးကျ နေအိမ်တစ်လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်းရှိ ကွန်ဖြူကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၈)ရက် နေ့လည် (၂)နာရီကျော်က အာဏာသိမ်းစစ်ကောင်စီသည် မိုင်းယော်ကျေးရွာရှိ မန့်ပန်ပြည်သူ့စစ် စခန်းတွင် နေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကွန်ဖြူကျေးရွာ ဒေသခံ တစ်ဦးက...

မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။ “အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။...

မိုးဗြဲမြို့ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် အမျိုးသမီး တစ်ဦးသေ၊ ထိခိုက်မှုများရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း သတင်းသိရသည်၊၊ ယနေ့ (အောက်တိုဘာ ၂၉ )ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့မှ မြို့ဦးရပ်ကွက် အနီးတွင် စစ်ကောင်စီတို့နှင့် ဒေသခံ...

ဖယ်ခုံမြို့ ဒေသခံ (၂၀)ကို စစ်ကောင်စီက လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်သည့် အရပ်သား (၂၀) ဦးကို စစ်ကောင်စီက လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၂၉)ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်အေးကျေးရွာအတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်စီးနှင်းပြီး ကျေးရွာထဲ၌ ကျန်ရှိနေသည့် သက်ကြီးရွယ်အိုနှင့် ပြုစုစောင့်ရှောက်...

ဖမ်းဆီးခံ ကိုအောင်ဆန်းနေအိမ် ကျည်ဆံ ရှိသည်ဟု စစ်ကောင်စီ စွတ်စွဲ

သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီးထားသည် ကိုအောင်ဆန်း၏ နေအိမ်တွင် ကျည်ဆံရှိသည်ဟု စွတ်စွဲထားကြောင်း စုံစမ်းသိရှိရသည်။ ကိုအောင်ဆန်းကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အောက်တိုဘာလအတွင်း ၎င်း၏ နေအိမ်ကို သွားရောက် ရှာဖွေရာတွင် ကျည်းဆံတွေ့သည်ဟုဆိုပြီးစွတ်စွဲထားကာ ကိုအောင်ဆန်းကို ယနေ့ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ “ပြန်မလွှတ်လာသေးဘူး။ သူတို့...

SSPP မှ မြို့ပေါ်ထိ တပ်သားစုဆောင်းမှုများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ပေါ်ထိ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့ရှိ အမှတ် (၄)ရပ်ကွက်နှင့် မြို့အနီး ကျေးရွာများဖြစ်သည့် နားစံကျေးရွာ၊ ပန်ဆွဲကျေးရွာ၊ ပိန်းဆာကျေးရွာနှင့် ဖိုင်ဆားကျေးရွာတို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည...

Latest news