Wednesday, January 28, 2026

ကာလိ ပြည်သူ့စစ်အဖွဲ့မှ ဈေးသည် အမျိုးသမီး (၂)ဦးကို ရိုက်နှက်

သျှမ်းတောင် ကာလိမြို့တွင် ယမန်နေ့ ( ဒီဇင်ဘာလ ၁၂ )ရက် မနက်ပိုင်း၌ ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာအမှတ် (၇) မှ ကာလိဈေးသည် အမျိုးသမီး (၂)ဦးကို သွေးထွက်သည်အထိ ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ကာလိမြို့ အမှတ် ၁ ရပ်ကွက်တွင်ရှိသည့် ဈေးဟောင်းနေရာအတွင်းတွင် ဈေးရောင်းနေသူများကို ဈေးသစ်နေရာသို့ ပြောင်းရွှေ့ရောင်းချရန် ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာ အမှတ် (၇) မှ တပ်သားများ လာရောက် ပြောဆိုနေချိန် ဈေးသည်များက ၎င်းတို့၏ အခက်အခဲကို ပြောပြရာ ပြည်သူ့စစ်အဖွဲ့မှ အသက် ၆၀ ကျော်နှင့် အသက် ၅၀ ကျော် အမျိုးသမီးဈေးသည် (၂)ဦးကို သွေးထွက်သည်အထိ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“အမျိုးသမီး ၂ ဦးက ဒဏ်ရာတော်တော်များတယ်။ အသက် ၆၀ ကျော်က လက်ထိပ်ခတ်ခံရတယ်။ လက်ထိပ်ကို စောင့်ဆွဲလိုက်တော့ အသားစတွေ လှန်သွားတယ်။ အသက် ၅၀ ကျော် အမျိုးသမီးကတော့ လက်သီးနဲ့ထိုးခံရတယ်။ ရင်ဘတ်၊ နားထင်နဲ့ လည်ပင်း ထိုးခံရတယ်။ အသက်ရှူရင် အောင့်နာနေတယ်။ ဒါပေမယ့် ဆေးကုသမှုမရဘူး။ သက်ဆိုင်ရာကလည်း တာဝန်မယူဘူး” ဟု ကာလိဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ဒဏ်ရာပြင်းထန်စွာရရှိသည့် အမျိုးသမီး (၂)ဦး ဆေးကုသရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူကို သွားရောက်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူမှ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသည့်အပြင် ကာလိ စျေးသူ၊ စျေးသားများကိုလည်း တစုံတရာမျှ လာရောက်ပြောဆိုခြင်း မရှိခဲ့ပေ။

“အသက် ၆၀ အမျိုးသမီးက စျေးသစ်ကိုသွားရင် အဆင်မပြေဘူး။ ခက်ခဲတယ်ပြောလို့ ပြည်သူ့စစ်က လက်ထိပ်ခတ်လိုက်တာ။ နောက်တယောက်က ဒီလို လက်ထိပ်မခတ်နဲ့ အာဏာမသုံးနဲ့ပြောလို့ ပြည်သူ့စစ်က လက်သီးနဲ့ အကြိမ်ကြိမ်ထိုး လှဲကျတဲ့အထိပဲ” ဟု မျက်မြင်တွေ့ရှိသည့် အသက် ၅၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် လူငယ်များနှင့် ရပ်ကွက်လူကြီးတချို့မှ ရောက်လာပြီး လက်ထိပ်ကို ဖြည်ပေးရန် တောင်းဆိုရာ ပြည်သူ့စစ်တပ်ဖွဲ့တို့က လက်ထိပ်ကို ဆောင့်ဆွဲပြီး ဖြုတ်လိုက်သဖြင့် လက်ထိပ်ခတ် ခံထားရသည့် အမျိုးသမီး၏ ဘယ်ဖက်လက်တစ်ခုလုံးထုံကျင်သွားပြီး အသားများလည်း လန်ထွက်သွားကြောင်း သိရသည်။

ဈေးအတွင်းသို့ ရောက်လာပြီး အမျိုးသမီးဈေးသည်များကို ရိုက်နှက်မှုများပြုလုပ်ခဲ့သည့် ကာလိပြည်သူ့စစ်တို့ ကြောင့် ဈေးအတွင်း အခွန်ကောက်နေသည့် အမျိုးသားလည်း ကြောက်လန့်ပြီး သတိလစ်သွားသည့်အတွက် လက်ရှိတွင် ဆေးရုံတင်ထားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့တို့မှ လက်နက်အပြည့်အစုံဖြင့် ဈေးသူ/ဈေးသားများကို နိုင်ထက်စီးနင်း မတရားပြုလုပ်ရိုက်နှက် ခြင်းနှင့် ပတ်သက်ပြီး ပြည်သူများနှင့် ဈေးသူဈေးသားများ စုပေါင်းကာ ကာလိပြည်သူ့စစ် တပ်မဟာ အမှတ် ၇ ဌာနချုပ်သို့ သွားရောက်ခဲ့သော်လည်း ဝင်ခွင့်မပေးသည့်အပြင် လက်ခံစကားပြောခြင်းလည်း မရှိကြောင်း ဒေသခံများက ပြောသည်။

ဈေးသို့ရောက်လာသည့် ကာလိပြည်သူ့စစ်တပ်ဖွဲ့ တပ်မဟာ အမှတ် (၇)သည် စုစုပေါင်း အင်အား ၂၀ ဝန်းကျင်ခန့်ရှိနေပြီး သေနတ်များကိုယ်စီနှင့် ကာလိပြည်သူ့စစ် ယူနီဖောင်းများ ဝတ်ထားကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး ကာလိပြည်သူ့စစ် တပ်မဟာ အမှတ်(၇) ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...

စယ်လန့်ကျေးရွာ TNLA နှင့် စစ်ကောင်စီ တိုက်ပွဲကြား ပြည်သူ့စစ် ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

0
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ အနီး ဖြစ်ပွားသည့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့စစ် ၁ ဦးသေ ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း...

မူဆယ်မြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နောင်ဆိုင်ကျေးရွာတွင် စျေးသည်အမျိုးသားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ (၉)ရက် နေ့လည် (၁၁)နာရီဝန်းကျင်ခန့်တွင် အမည်မသိလက်နက်ကိုင်က ၎င်းစျေးသည် အမျိုးသားနောက် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။ “လာပစ်သွားတဲ့သူက သေနတ်ကို ဆာလအိတ်ထဲ ထည့်လာပြီး ပစ်သတ်သွားတယ်လို့ပြောတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး...

ကာလိမြို့ သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အားကစားပွဲကျင်းပ

0
သျှမ်းပြည်တောင်ပိုင်း ကာလိမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်အမျိုးသားနေ့အထိမ်းမှတ် အတွက် လူငယ်များကို စုစည်းပြီး အားကစားပွဲကျင်းပ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄) ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး လူငယ်များ စွမ်းရည်မြှင့်တင်ရေး နှင့်...

ကျောက်မဲ ဗဟိုစျေးအတွင်း စျေးသည် (၂)ဦး ကိုဗစ်ပိုးတွေ့

0
သျှမ်းမြောက် ကျောက်မဲမြို့ ဗဟိုစျေးတွင် စျေးရောင်းသည့် စျေးသည် (၂)ဦးထံမှ ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သတင်းရရှိသည်။ ကျောက်မဲ ဗဟိုစျေးတောင်ဘက်အခြမ်းတွင် ရောင်းချနေသည့် စျေးသည် (၂၀၀)ကို ယနေ့ အောက်တိုဘာ (၂၅)ရက်တွင် စစ်ဆေးခဲ့ရာ စျေးရောင်းသူ (၂)ဦးထံမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရသည်။ “ဒီနေ့ စျေးတောင်ဘက်မှာ...