Wednesday, January 28, 2026

ကာလိမြို့ သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အားကစားပွဲကျင်းပ

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်အမျိုးသားနေ့အထိမ်းမှတ် အတွက် လူငယ်များကို စုစည်းပြီး အားကစားပွဲကျင်းပ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၄) ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး လူငယ်များ စွမ်းရည်မြှင့်တင်ရေး နှင့် လူငယ်အချင်းချင်းကြား ဆက်သွယ်မှုအားကောင်းလာစေသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

“လူငယ်တွေကို စွမ်းရည်မြင့်တင်ပေးချင်တယ်။ ပြီးတော့ အားကစားတော်တဲ့သူတွေကိုလည်း ပို့ပေးချင်တာပေါ့။ နောက်တစ်ခုတော့ လူငယ်တွေအချင်းချင်းအကြာမှာ ဆက်သွယ်မှုအားကောင်းလာစေချင်တယ်။ တစ်မြို့နဲ့ တစ်မြို့ကြား လူငယ်တွေ ပိုပြီးသိကျွမ်းလာမယ်ဆိုရင် ဒါက ကျနော်တို့ သျှမ်းလူမျိုးအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်လာမယ်” ဟု အစီစဉ်တွင် ပါဝင်လှုပ်ရှားသည့် အမျိူးသားတစ်ဦးက ပြောသည်။

ကာလိမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ မရှိသောကြောင့် အားကစားပွဲကိုကျင်းပရကြောင်း အစီစဉ်တွင် ပါဝင်သည့် အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ အားကစားပွဲကို ကျင်းပရာတွင်လည်း ဒေသခံ များတစ်ချို့က ကိုဗစ် -၁၉ ပိုးတွေ့လူနာ ထပ်တွေ့ရှိလာမှာကို စိုးရိမ်းနေလျက်ရှိကြောင်း သိရသည်။

“ နည်းနည်းတော့ ကြောက်တာပေါ့။ ကျမတို့ ကာလိမှာ ကိုဗစ် ပိုးတွေ့လူနာတော့ မရှိသလောက် နည်းသွားပြီးလေ။ တစ်ခြားမြို့ကလာတဲ့သူတွေကနေဘဲ ပြန်ပွားလာမှာကိုတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့” ဟု ကာလိမြို့ ဒေသခံအမျိုးသမီး နန်းလောဝ်က ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် သျှမ်းပြည်အမျိုးသားနေ့၏ (၇၅) နှစ်ပြည့် နေ့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွန်ဟိန်းမြို့နယ် ကာလိမြို့ရောက် သျှမ်းမြောက်စစ်ဘေးရှောင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့လိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် ရေနှင့် လျှပ်စစ်မီး အထောက်အပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး ကာလိမြို့ ရပ်ကွက်(၅) အနီး ပြည်သူများ လှူဒါန်းထားသည့် မြေနေရာ (၃) ဧကပေါ်တွင် သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်များကို...

၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ သျှမ်းပြည်စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တောင့်တနေကြတဲ့ သျှမ်းလူငယ်များရဲ့အသံ

0
၂၀၂၂ ခု ဖေဖော်ဝါရီလ ၇ ရက်နေ့ဟာ ၇၅ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုသန္ဓေတည်ရာနေ့လို့လည်းဆိုနိုင်တဲ့ သျှမ်းပြည်အမျိုးသားနေ့ရဲ့ ၇၅ နှစ်မြောက်မှာ သျှမ်းပြည်တွင်းနေတိုင်းရင်းသားအချင်းချင်းသာမက သျှမ်းအချင်းချင်းမှာပါ ပြည်ထောင်စုနိမိတ်ဖြစ် ထွန်းနေတာမရှိခဲ့ပါဘူး။ ဒီအတွက် သျှမ်းပြည်တွင်းနေလူငယ်တွေအတွက်လည်း အနာဂတ်ပြည် ထောင်စုတည်ထောင်ဖို့အတွက် လမ်းပျောက် နေသယောင်ဖြစ်နေပါတယ်။ ၇၅...

ကာလိ ပြည်သူ့စစ်အဖွဲ့မှ ဈေးသည် အမျိုးသမီး (၂)ဦးကို ရိုက်နှက်

0
သျှမ်းတောင် ကာလိမြို့တွင် ယမန်နေ့ ( ဒီဇင်ဘာလ ၁၂ )ရက် မနက်ပိုင်း၌ ကာလိပြည်သူ့စစ်အဖွဲ့ တပ်မဟာအမှတ် (၇) မှ ကာလိဈေးသည် အမျိုးသမီး (၂)ဦးကို သွေးထွက်သည်အထိ ရိုက်နှက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ကာလိမြို့ အမှတ် ၁ ရပ်ကွက်တွင်ရှိသည့် ဈေးဟောင်းနေရာအတွင်းတွင်...

ကာလိမြို့ မီတာခများ ပိုကောက်ခံနေ

0
သျှမ်းပြည်တောင်ပိုင်း ကာလိမြို့တွင် ဇူလိုင်လက စတင်ပြီး မီတာခ ယခင်ထက်ပိုကောက်ခံမှု နှုန်း ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မီတာခသည် ယခင်ကထက် တဝက်ကျော် ကုန်ကျကြောင်း၊ ယခင်တွင် အိမ်သုံးမီတာခ ၄ထောင်ခန့်သာ ကုန်ကျရာ ဇူလိုင်လမှ စပြီး ၈ထောင်ကျော် ကုန်ကျနေကြောင်း တဖက်မှာလည်း စီးပွားရေး ရှာဖွေစားသောက်ရန်...