တန့်ယန်းမြို့နယ်တွင် အသက်မပြည့်သေးသူ (၂)ဦး SSPP/SSA မှ စစ်သားလုပ်ရန် ခေါ်သွား

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နားဝေါင်းကျေးရွာတွင် အသက်မပြည့်သေးသည့် လူငယ် ၂ ဦးကို စစ်သားလုပ်ရန်အတွက် SSPP/SSA မှ ခေါ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – SSPP ခေါ်သွားသည့် စိုင်းယွမ်းပုံ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နားဝေါင်းကျေးရွာနေ ပါခမ်း(နာမည်လွဲ)၏ သားဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ စိုင်းယွမ်းနှင့် အသက် ၁၇ နှစ်ရှိသာ ရှိသည့် စိုင်းပန်တိ (မိဘနာမည်မသိရသေး)တို့ကို စစ်သား လုပ်ဆောင်ရန်အတွက် SSPP/SSA ယူနီဖောင်းဝတ်ထားသည့် စစ်သားများက စာတစ်စောင်နှင့် လာရောက် အကြောင်းကြားခဲ့ကြောင်း စိုင်းယွမ်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားနဲ့ နှစ်ယောက်လာတယ်၊ မိသားစုအလှည့်ကျလာလို့ သားတစ်ယောက်က တာဝန်ထမ်းဆောင်ရ မယ်ဆိုတဲ့ စာရွက်တစ်ရွက်လာပေးပြီး အဲ့နေ့က ချက်ချင်းကြီး လိုက်သွားရတယ်၊ စိုင်းယွမ်းက ပန်းရံသွားလုပ်တာ ပြန်မလာသေးဘူး၊ နောက်ရက်မှ သွားပို့ပေးလို့ မရဘူးလားဆိုတော့ မရဘူးတဲ့၊ အဲ့ကြောင့် လူလွှတ်ပြီး ခေါ်ခိုင်း ခဲ့ရတယ်” ဟု စိုင်းယွမ်း၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စိုင်းယွမ်းသည် ရောဂါသည် မိဘနှစ်ပါးနှင့် အသက် ၁၀ နှစ်အရွယ် ညီငယ်တစ်ယောက်ကို ပန်းရံနှင့် ကြုံရာကျပန်းအလုပ်များ လုပ်ဆောင်ကျွေးမွေးနေပြီး ၎င်းမရှိတော့သည့်အတွက် မိသားစုအနေဖြင့် ရှေ့ဆက် ရှင်သန် ရပ်တည်နိုင်ရန်လည်း မလွယ်ကူကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့အတူပင် စိုင်းပန်တိသည်လည်း အသက် ၅၀ ကျော် မုဆိုးမ မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေးသူဖြစ်ကြောင်းလည်း နားဝေါင်းကျေးရွာအနီးနေထိုင်သည့် ကျောင်းဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စိုင်းပန်တိက အသက် ၁၇ နှစ်လောက်ပဲ ရှိအုံးမယ်၊ သူ့မှာ မွေးချင်းမောင်နှမများပေမယ့် တခြားသူတွေက အိမ်ထောင်ပြုလို့ အိမ်ခွဲနေကြပြီလေ၊ အိမ်ထဲမှာ သူ့ညီမလေးတစ်ယောက်ရယ် သူရယ် မုဆိုးမ မိခင်ကြီးရယ် ပဲရှိတယ်၊ သူမရှိတော့ မိသားစု စားရေးသောက်ရေးလည်းခက်ခဲတာပေါ့၊ သူတို့သွားရတဲ့ညကဆို မိခင်ကြီးက အိပ်လို့တောင်မပျော်ဘူးတဲ့” ဟု ကျောင်းဆရာက ပြောသည်။

ယင်းကဲ့သို့ အသက်မပြည့်သေးသည့် လူငယ်များကို စစ်သားကောက်ယူခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ကို ဆက်သွယ်မေးမြန်းရာ ဖြစ်စဥ်အသေးစိတ်ကို မသိရှိရသေးကြောင်းနှင့် ၎င်းတို့တွင် ကလေးစစ်သားကောက်သည့် ပေါ်လစီ မရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့မှာ တပ်သားသစ် စုဆောင်းတဲ့ ပေါ်လစီရှိပေမယ့် အသက် ၁၈ နှစ် မပြည့်သေးတဲ့သူကို မခေါ်ပါဘူး၊ တကယ်လို့ခေါ်လာမိတယ်ဆိုရင်တောင် ပြန်ပို့ပေးပါတယ်၊ ကျောင်းဆက်တက်ချင်ရင်လည်း တက်နိုင်အောင် အားလုံးကူညီပံ့ပိုးပေးတယ်၊ အခု နားဝေါင်းကျေးရွာကကိစ္စက ကျနော်တို့ထံ အကြောင်းကြားလာတာ မရှိသေးဘူး” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ပြီးခဲ့သည့် လအတွင်း SSPP/SSA မှ အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်သားလုပ်ဆောင်ရန် ခေါ်ဆောင်သည့် သတင်းများထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး သွေးထိုးလှုံ့ဆော်သည့် သတင်းသာဖြစ် ကြောင်းလည်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

နိုင်ငံရေးမငြိမ်မသက်မှုနှင့် ရောဂါပျံ့နှံ့ကူးစက်နေမှုကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲနေစဥ် လက်နက် ကိုင်တပ်ဖွဲ့များမှ ဒေသတွင်း တပ်သားသစ် အတင်းကောက်ယူစုဆောင်းမှုကြောင့် ပြည်သူများ နေထိုင်ရေး ပိုခက်ခဲနေကြောင်း သျှမ်းလူထုများက ဝေဖန်ပြောဆိုနေကြသည်။

လက်ရှိ SSPP/SSA တို့၏ ခေါ်ဆောင်သွားခြင်းကို ခံရသည့် နားဝေါင်းကျေးရွာမှ စိုင်းယွမ်းနှင့် စိုင်းပန်တိတို့သည် အသက်မပြည့်သေးသည့် လူငယ်များဖြစ်နေသည့်အပြင် မိသားစုကို ရှာဖွေကျွေးမွေးနေရသူများ ဖြစ်သဖြင့် ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုဝင်များက တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...