တောထဲမှာ (၆)ရက်နီးပါး လမ်းလျှောက်စစ်ရှောင်လာရတဲ့ ကိုယ်ဝန်သည်တစ်ဦး

“ ကျမ ဘဝမှာ စစ်ရှောင်ပြီး သူများအိမ်မှာ ကလေးသွားမွေးရမယ်လို့ တကြိမ်တခါမှ မစဉ်းစားမိဘူး။ ကလေးမွေးတဲ့နေ့က ကလေးထုတ်တဲ့ အနှီးတောင် မရှိဘူး” လို့ ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို နန်းခမ်းမွမ်းက ပြန်ပြောပြ ပါတယ်။

နန်းခမ်းမွမ်း ဟာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု နမ့်အွတ်ကျေးရွာ တွင်နေထိုင်တဲ့သူတစ်ဦးဖြစ်ပြီး၊ အောက်တိုဘာ လဆန်းပိုင်းတုန်းက သူတို့ရွာအနီးဝန်းကျင်မှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ကိုယ်ဝန် အရင့်အမာနဲ့ ထွက်ပြေးတိမ်းရှောင် လာတဲ့သူတစ်ဦးဖြစ်ပါတယ်။

မီးဖွားခါနီးနေတဲ့ သူမ ဟာ အထုပ်အပိုးတွေ ထမ်းပြီး အလင်းရောင်မရှိ တောတောင်ထဲ (၆)ရက် ကြာ လမ်းလျှောက်ရပြီး၊ ညအချိန်ဆိုရင် တဲထဲမှာ အိပ်စက်အနားယူခဲ့ရကြောင်း နန်းခမ်းမွမ်း က စစ်ရှောင်လာချိန်မှာ ကြုံခဲ့ရတာကို ပြောပြပါတယ်။

“ မွေးဖို့ရက်က နီးတော့ ရင်တထိတ်ထိတ်ပဲလေ။ သေနတ်သံနားထောင်ရင် လမ်းလျှောက်ရင်းနဲ့ ပြေးလာရတာ။ မိုးချုပ်ရင်တော့ သူများတဲထဲမှာဝင်အိပ်ရတယ်” လို့ သူမက စစ်ရှောင်လာချိန် ဖြစ်ပျက်တာတွေ ကို ပြန်ရင်ဖွင့်နေပါတယ်။

သူမတို့ နေထိုင်ရာ ကျေးရွာကနေ စစ်ရှောင်လာချိန်မှာတော့ လမ်းကြောင်းခက်ခဲမှုတွေ လမ်းပန်း ဆက်သွယ်ရေး မကောင်းမှုတွေကြောင့် ဆိုင်ကယ်၊ ကား မစီးနိုင်တဲ့အတွက် (၆)ရက်ကြာ လမ်းလျှောက် လာပြီး ကျေးရွာတရွာ မှ နေအိမ်မှာ ကလေးမွေးဖွားခဲ့ရပါတယ်။နန်းခမ်းမွမ်း တယောက်ကတော့ တိုက်ပွဲတိမ်းရှောင်းရင်း လမ်းမှာ သမီးလေး ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတဲ့အတွက် ကလေးကျန်းမာရေး ကို စိုးရိမ်နေကြောင်းပြောပါတယ်။

ထိုမွေးဖွားပြီး နောက်ရက် သွေးနုသားနု ဖြစ်နေပေမယ့်လည်း ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်း စစ်ရှောင်စခန်းကို ထပ်မံ ထွက်လာပါတယ်။

ဒါပေမယ့် ကုန်းစုံဘုန်းကြီးကျောင်း စစ်ရှောင်စခန်းရောက်လာချိန်မှာတော့ “စစ်ရှောင်ရောက်လာတော့ တဲတွေ လာဆောက်ပြီး နေထိုင်ရတယ်။ မိုးအရမ်းကြီးလာရင် တဲထဲက မိုးမယိုတဲ့နေရာမှာ နေပြီး မိုးခိုရတယ်။ သွေးနုသားနုဆိုတော့ မိုးရွာရင် အပြင်အထွက်ရဲတော့ဘူး” လို့ သူမရဲ့ သောကကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အဲ့ စစ်ရှောင်စခန်းမှာ လူဦးရေ (၇၀၀)ကျော် ရှိပြီး စစ်ရှောင်တွေကလည်း ကိုယ်နည်းကိုယ့်ဟန်ဖြင့် တဲဆောက်ပြီး နေထိုင်ကြသလို တချို့ကလည်း ထော်လဂျီ( လေးလုံးထိုး)ပေါ် မှာ မိုးကားအစိမ်းရောင်နဲ့ ကာပြီး နေထိုင်ကြပါတယ်။

“တစ်ခါတလေလည်း သွေးသားသစ်ဆိုတော့ လူအများနဲ့နေရင် စိတ်ရှုပ်လာတာရှိတယ်။ ဒါပေမယ့် စစ်ရှောင်လာကြတယ် ဆိုတော့ မတတ်နိုင်ဘူး သည်းခံလိုက်တယ်။ စိတ်ရှုပ်လာရင် နှလုံးတုန်လာပြီး ချွေးတွေအပြည့်ထွက်လာတယ်” လို့ သူမရဲ့ ခံစားချက်ကိုပြောပါတယ်။

စစ်ရှောင်စခန်းမှာ သူမတို့ မိသားစုဟာ သီးသန့် တဲထိုးပြီးနေထိုင်ခဲ့ပေမယ့် စစ်ရှောင်စခန်းမှာ လူအများနဲ့နေထိုင်တဲ့အတွက် ကူးစက်ရောဂါရမှာကိုတော့ နန်းခမ်းမွမ်းက ဆိုပါတယ်။

ဒါပေမယ့် စစ်ရှောင်ကူညီပေးတဲ့သူတွေကတော့ တစ်ဦးနဲ့ တစ်ဦး ပူးကပ်မနေကြရန် ၊ Mask (နှားခေါင်းစည်း)တပ်ရန် နဲ့ မကြာခဏ ဆပ်ပြာနဲ့ လက်ဆေးရန် တိုက်တွန်းပြောဆိုထားပါတယ်။

သူမ လာရောက် စစ်ရှောင်ထားတဲ့ ကုန်းစုံဘုန်းကြီးကျောင်းမှာ မွေးကင်းစ မိခင်များ အတွက် နေရာအထိုင်အခင်း နဲ့ အာဟာရမှုန့်တွေ လိုအပ်ခြင်း မွေးကင်းစ မိခင် (၂၀) ကျော်ရှိပြီး (၃) နှစ်အောက် ကလေးငယ် (၄၀) ကျော် နဲ့ (၆) နှစ်အောက် ကလေးငယ် (၈၅) ဦး လောက် ရှိခဲ့တယ်လို့ အောက်တိုဘာ (၁) ရက်နေ့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကော်မတီဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောဆိုခဲ့ဖူးပါတယ်။

“မွေးကင်းစ မိခင်တွေကတော့ နေရာအထိုင်အခင်းတွေ အခက်ခဲဖြစ်တယ်။ သူတို့က တစ်ချို့ အစားအသောက်တွေ စားလို့မရဘူး။ တစ်ချို့ဟာပဲ စားလို့ရတယ်” လို့ အထက်ပါ အမျိုးသားက ပြောဆိုခဲ့ဖူးပါတယ်။

စစ်ရှောင်စခန်းမှာ ရှိနေချိန် ကာလမှာ ကလေးကို ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ဆား နဲ့ ထမင်း စားရကြောင်းလည်း ညိုးငယ်စွာနဲ့ သူမ ကပြောပါတယ်။

“ခုတော့ ဆားနဲ့ ထမင်းပဲ စားနေတုန်း။ ကလေးကို မှားမှာဆိုးလို့” လို့ နန်းခမ်းမွမ်း ကဆိုပါတယ်။

သျှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကြား မကြာခဏ ဖြစ်ပွားသည့် တိုက်ပွဲတွေကြောင့် ၂၀၂၁ ခုနှစ်အတွင်း သျှမ်းပြည်သူပြည်သားများ တစ်သောင်းနီးပါး မိမိတို့ရဲ့ လယ်ယာမြေ နဲ့ အိုးအိမ်တွေကို စွန့်ခွာရကာ စစ်ပြေးဒုက္ခသည်ဘဝ အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ပွဲတွင်း စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ မွေးဖွားရန် အခက်ခဲရှိသလို မွေးကင်းစ ကလေးနှင့် မိခင်များအတွက် နေရာထိုင်ခင်းများ အာဟာရရှိသော အစားအစာများ ရရှိရန် ခက်ခဲကျပ်တည်းမှု ရင်ဆိုင် နေရကြောင်း နိုဝင်ဘာ (၂၅) ရက်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက် ပပျောက်ရေးနေ့ မှာ မှ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း ( SWAN) ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး ရှုပ်ထွေးမှု နဲ့ သျှမ်းပြည်တွင်း လက်နက်ကိုင်များကြား ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခများသည် အမျိုးသမီးတွေနဲ့ ကလေး သူငယ်များ ဘဝလုံခြုံရေးကို ခြိမ်းခြောက်စေပါတယ်။

ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ မြေမြုပ်မိုင်းကြောင့် အမျိုးသမီး နဲ၌ ကလေးသူငယ်တွေကို ထိခိုက်မှုရှိလာပြီး မိသားစုဘဝ ဆုံးရှုံးမှုများလည်း ပိုမိုတိုးလာနေပါတယ်။

“ စစ်ဘေးရှောင် အမျိုးသမီးများ တောတောင်ထဲ မီးဖွားရတာတွေဟာ အသက်အန္တရာယ်ကို ထိခိုက်စေတယ်။ ဒီနှစ် အတွင်း စစ်ဖြစ်တဲ့အတွက် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို များစွာ ထိခိုက်ခြင်း သာမက အမျိုးသမီး နှင့် ကလေး၏ လုံခြုံရေး၊ ကျန်းမာရေး၊ အသက်အန္တရာယ် ကိုများစွာ ထိခိုက်တယ်” လို့ SWAN မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ စစ်ပွဲတွေကြောင့် ကျမဘဝ တော်တော်ဒုက္ခရောက်တယ်။ တောထဲ လမ်းလျှောက်ရတာ သူများအိမ်မှာ ကလေးမွေးရတာဟာ တော်တော်ကို ကြီးမားတဲ့ ပြသနာပါပဲ။ ကျမတို့ မိခင် တွေကိုယ်ဝန်သည်တွေ ကလေးငယ်တွေ စားနာပေးတဲ့အနေနဲ့ တိုက်ပွဲတွေ အမြန်ရပ်ပေးစေချင်ပါတယ်”လို့ နန်းခမ်းမွမ်းက တောင်းဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...