CATEGORY

လူ့အခွင့်အရေး

မိုင်းကိုင််မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ (၁၅၀၀)ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ အချင်းချင်းကြောင့် ဒေသခံ (၁၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ရကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စု ဟွေ့နွဲ့ကျေးရွာနှင့် ဟိုနားကျေးရွာတို့ အနီးတွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကျေးရွာဒေသခံများ မိုင်းကိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရကြောင်း မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မနေ့ကအထိ စစ်ရှောင် (၁၅၀၀)ကျော် ရှိတယ်။ တိုက်ပွဲနေရာက...

ကျောက်မဲ ကုန်းသာရွာသစ် အမျိုးသားတစ်ဦး မိုင်းထိ ဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု ကုန်းသာရွာသစ်တွင် ယခုလ (ဇန်နဝါရီ ၁ ရက်) နေ့လည် ၃ နာရီတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ “တောင်ပလို့နဲ့ ကုန်းသာရွာသစ် ကြားမှာ ဖြစ်တာ၊ တောင်ပလို့နဲ့ ပိုနီးတယ်၊ အဲ့နေ့က ကျမတို့ လမ်းမှာ...

လက်နက်ကိုင် ပဋိပက္ခကြားက မြေစာပင်များ

“သူက ရင်ဘက်အောင့်တယ်လို့ တစ်ခွန်းပဲ ပြောပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်၊ ကျမလည်း အရမ်းထိတ်လန့်သွားတော့ ဘာလုပ်ရမယ် မသိတော့ဘူး၊ သူ့ကို တစ်ဖက်က ပွေ့ထားပြီး အော်ငိုတာပေါ့” လို့ အမျိုးသမီး တစ်ဦးက ရှိုက်ငိုသံနဲ့ ရင်ဖွင့်ပါတယ်။  မျက်စိရှေ့မှာတင် သူ့ရဲ့ အမျိုးသားကို သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာကို...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...

ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းများတချို့တွင် ကျောင်းသားမိဘများက အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းသိရသည်။ ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းများတွင် ကျောင်းတက်နေ သည့် ကျောင်းသား၏ မိဘများကို ကျောင်းသားများလုံခြုံရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် ညွှန်ကြားမှုများ ရှိကြောင်း...

ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်ရှိ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးပြီး စစ်ဆေးမှုများပြုရာတွင် ရိုက်နှက်မှုများပါရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်တွင် အပြင်ထွက်လာသည့် လူငယ်နှစ်ဦးကို ဗထူးတပ်မှ တပ်သားတို့က တားဆီးစစ်ဆေးပြီး ရိုက်နှက်ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။ “ည...

ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့်...

ဖယ်ခုံမြို့နယ် စစ်ရှောင်ကလေးများအတွက် စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမ လိုအပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိသည့် စစ်ရှောင်ကလေးများကို စာသင်ပေးမည့် ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ (၇၀၀)ကျော် ထွက်ပြေး တိမ်းရှောင်ကြရပြီး ကလေးများအတွက် ပညာရေးလိုအပ်လာကြောင်း သိရသည်။ “ကလေးတွေအတွက် ဆရာ၊ ဆရာမတွေ လိုအပ်နေပါတယ်။...

ဘီးခွန်တိုးကောက်မှု ကားသမားအခက်ကြုံနေ

မြို့အဝင် ဘီးခွန်များကို စစ်ကောင်စီ တပ်သားများက တိုးကောက်မှုကြောင့် ကားသမားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။ သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ဖြူးမြို့၊ ကျောက်တံခါးမြို့အထိ ကုန်စိမ်းများနှင့် ဈေးပတ်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ကားသမားများသည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့အဝင် ဘီးခွန်ကို တိုးကောက်လာသဖြင့် လက်ကျန်ငွေ မရှိသလောက် ဖြစ်ကာ ခက်ခဲမှုကြုံနေရကြောင်း...

နမ့်ခမ်းမြို့အတွင်း TNLA ဆက်ကြေးကောက်နေသည့်အပေါ် SSPP ဖြေရှင်းပေးရန် ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲက SSPP တပ်ဖွဲ့ထံ ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်...

Latest news