ဘီးခွန်တိုးကောက်မှု ကားသမားအခက်ကြုံနေ

မြို့အဝင် ဘီးခွန်များကို စစ်ကောင်စီ တပ်သားများက တိုးကောက်မှုကြောင့် ကားသမားများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှ ဖြူးမြို့၊ ကျောက်တံခါးမြို့အထိ ကုန်စိမ်းများနှင့် ဈေးပတ်ထွက်ပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ကားသမားများသည် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် မြို့အဝင် ဘီးခွန်ကို တိုးကောက်လာသဖြင့် လက်ကျန်ငွေ မရှိသလောက် ဖြစ်ကာ ခက်ခဲမှုကြုံနေရကြောင်း ကားသမားများပြောပြချက်အရ သိရသည်။

“မြို့ဝင်ဂိတ်ကြေးတွေက ၅၀၀၀ အထက်ပေးရတာ၊ အရင်တုန်းက ၅၀၀ ပေးရင်ရတယ်၊ အခုက ၅၀၀ တန်သာ ထုတ်ပေးကြည့် ကားသမားကို သေနတ်ထောက်ပြီးတော့ အရမ်းစစ်တော့တယ်၊ မြို့တိုင်းနီးနီး အဲ့လောက် တောင်းနေတယ်ဆိုတော့ ကားသမားတွေ ဘာကျန်မှာလဲ” ဟု အောင်ပန်းမြို့မှ ကားသမားတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

အောင်ပန်းမြို့မှ အာလူး ကြက်သွန်ဖြူ ဂျင်း ပန်းဂေါ်ဖီနှင့် လက်ဖက် စသဖြင့် ကုန်စိမ်းများကို တင်ဆောင်ပြီး မြို့ပတ် ဈေးရောင်းချသည့် ကားသမားများအနေဖြင့် လက်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်သားများ တောင်းယူနေသော ငွေကြေးပမာဏသည် များပြားလွန်းသဖြင့် တချို့မှာ ကားမထွက်နိုင်ကြောင်း သိရသည်။

“မရှိလို့ လုပ်စားနေတာဆို သူတို့က လမ်းမှာစောင့်ပြီး ဟိုကြေး ဒီကြေးတောင်းတာနဲ့ ရတဲ့ငွေက မကျန်နိုင်ဘူး၊ ပေးတာနည်းရင်လည်း သူတို့သေနတ်ကို ကြောက်ရတယ်၊ မလုပ်ပဲ နေနေရင်လည်း ဝမ်းစာကရှိသေးတယ်၊ ဘယ်လိုဆက်သွားရမယ်မှန်းမသိတော့ဘူး” ဟု အဆိုပါကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်းတက်လာခြင်း၊ စက်သုံးဆီများဈေးတက်လာခြင်း၊ ဘီးလိမ့်ခွန်နှင့် လမ်းမပေါ်သို့ တက်ပြီး ယာဥ်များကို တားကာ ပိုက်ဆံကောက်သည့် စစ်ကောင်စီတပ်သားတို့ ပေါများခြင်းတို့ကြောင့် ပြည်သူများ စားဝတ်နေရေး / သွားရေးလာရေး ခက်ခဲမှုများ ရှိလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...