Thursday, December 1, 2022

ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရ

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းများတချို့တွင် ကျောင်းသားမိဘများက အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းသိရသည်။

ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းများတွင် ကျောင်းတက်နေ သည့် ကျောင်းသား၏ မိဘများကို ကျောင်းသားများလုံခြုံရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် ညွှန်ကြားမှုများ ရှိကြောင်း သတင်းသိရသည်။

“ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီးတော့ ကျောင်းသားမိဘတွေက ကိုယ့်သားသမီးတက်နေတဲ့ ကျောင်းမှာ တစ်နေ့ သုံး ယောက်နဲ့ အလှည့်ကျကင်းစောင့်ပေးရတယ်၊ အထက ၉ မှာက ကျောင်းတဲရှိတယ်လေ၊ အဲ့မှာနေပြီးတော့ စောင့် ပေးရတယ်၊ အရင်တုန်းကတော့ စစ်သားတွေ စောင့်တဲ့နေရာပေါ့” ဟု ရွှေညောင်မြို့မှ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အထက အမှတ် (၉) အပြင် ညောင်ရွှေမြို့မှ မီးသတ်ကျောင်းဟု အများကခေါ်ဆိုကြသည့် အလက အမှတ် ၂ ကျောင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး ကျောင်းသားမိဘများက ကျောင်းဂိတ်ပေါက်တွင် လုံခြုံရေးအတွက် စောင့်ပေးနေရကြောင်းသိရသည်။

“မြို့နယ်ထွေအုပ်အစည်းအဝေးမှာ ဒီကျောင်းက လုံခြုံမှုမရှိဘူးဆိုပြီး တင်ပြထားတာရှိလို့ အခုလိုလုပ်ရတာတဲ့၊ ဒီ ကျောင်းက မီးသတ်၊ ဘဏ်နဲ့လည်း နီးတယ်၊ အဲ့ကြောင့်လည်းပါမယ်ထင်တယ်” ဟု ကျောင်းနှင့် နီးစပ်သူ ရွှေညောင်မြို့ခံ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ ညွှန်ကြားနှိုးဆော်ချက်ကြောင့် နိုင်ငံရေးမငြိမ်မသက်မှုများကြားမှ ရွှေညောင်မြို့အတွင်းရှိ ကျောင်းသားများတချို့သည် ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးပြီး ကျောင်းတက်ရခြင်းဖြစ်ပြီး ကျောင်းသားမိဘများက ကျောင်းမှာ ကင်းစောင့်ရခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article