Sunday, May 19, 2024

CATEGORY

လူ့အခွင့်အရေး

မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦး ခြံသွားရင် မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းယွမ်းကျေးရွာအုပ်စု နောင်ပတ်ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦး ခြံသွားရာမှ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ မိုင်းကိုင်မြို့နယ် နောင်ပတ်ကျေးရွာတွင် စက်တင်ဘာ ၁၃ နေ့လည် ၃ နာရီဝန်းကျင်၌ အသက် (၂၆)နှစ် အရွယ်ရှိ စိုင်းကုဆလ သည် ခြံသို့သွားစဉ်...

NLD ဒေါ်မမလေးနှင့် သူမ၏ သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ( NLD ) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး နှင့် သူမ၏သားကို ထောင်ဒဏ် (၆) နှစ်စီ ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၄)ရက် တွင်...

ဆီဆိုင်မြို့နယ် လူငယ် (၂) ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ လူငယ် (၂) ဦးကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူ (၂) ဦးဖြစ်သည့် နောင်မွန်ကျေးရွာအုပ်စုမှ အသက် (၂၄) နှစ်ရှိ စိုင်းသက်ရဲဝင့်ဇင် (ခ) ရှိုင်းသက်ရဲဝင့်ဇင် နှင့် ၎င်းညီမဝမ်းကွဲဖြစ်သည့်...

ရွာငံမြို့နယ် စစ်ကောင်စီ က ပြည်သူနေအိမ်များကို ဝင်ရောက်မွှေနှောက်၊ ကြက်များယူသွား

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သစ်စေးကျေးရွာအတွင်းသို့ စစ်ကောင်စီ က ပြည်သူနေအိမ်ဝန်းအတွင်း ဝင်ရောက် စစ်ဆေးပြီးနောက် ကြက်များကို ယူဆောင်စားသောက်ခဲ့ကြောင်း သတင်း သိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် သစ်ဆေးကျေးရွာရှိ ပြည်သူနေအိမ်ဝန်းထဲသို့ စစ်ကောင်စီက...

ကျိုင်းတောင်းမြို့ မဟာဂျာ ပြည်သူ့စစ် တပ်သားသစ်စုဆောင်း

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားစုဆောင်းဖို့ ရပ်တန့်ရန်ထုတ်ပြန်ပြီးနောက် မဟာဂျာ (SSS) ပြည်သူ့စစ်က တပ်သားသစ် ကောက်နေကြောင်း စုံစမ်းသိရှိရသည်။ လီဆူးတိုင်းရင်းသား အများဆုံး နေထိုင်သည့် ကျိုင်းတောင်းမြို့ ရပ်ကွက် (၄) ထဲတွင် ယခုလအတွင်း မဟာဂျာဦးဆောင်သည့်...

လဲချားမြို့နယ် လမ်းလုပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ - လဲချားမြို့နယ်ကြားရှိ လမ်းလုပ်သား တစ်ဦးသည် မိုင်းနင်းမိပြီး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ပင်လုံ - လဲချား ကြားရှိ နောင်လိုင်ကျေးရွာဘက် ကျောက်မိုင်းခွဲနေသည့် လမ်းလုပ်သားအုပ်စုမှ...

Harry Potter KTV အကြောင်းရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီး ၃ ဦး အလုပ်ထုတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဟုန်ပန်းကွင်းအတွင်းဖွင့်ထားသည့် Harry Potter KTV အကြောင်းကို ရေးတင်သည့် စွပ်စွဲချက်ဖြင့် ဝန်ထမ်း ၁ ဦး ဖမ်းဆီးခံထားရပြီး၊ ၃ ဦး အလုပ်ထုတ်ခံရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်တွင် Harry Potter KTV...

မူဆယ်မြို့ ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများပြားလာ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှု များပြားလာသဖြင့် ဒေသခံများ၏ လုံခြုံမှုများ မရှိကြောင်း သတင်းရရှိသည်။ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်လည်း ပုံစံမျိုးစုံဖြင့် ငွေကြေးလိမ်လည်မှုများ ရှိနေပြီး၊ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နာမည်ကို အလွှဲသုံးစားလုပ်နေသူများလည်း ရှိနေကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မိုးဗြဲတိုက်ပွဲပြင်းထန် ဖယ်ခုံ-မိုးဗြဲလမ်း အသုံးမပြုရန် PDF တောင်းဆို

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဖယ်ခုံ-မိုးဗြဲလမ်းအသုံးမပြုရန် ဖယ်ခုံ PDF မှ တောင်းဆိုထားကြောင်း သတင်းသိရသည်။ ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ဖယ်ခုံ-မိုးဗြဲလမ်းကို အသုံးမပြုရန် Pekhon PDF တပ်ရင်း -...

မူဆယ် – ၁၀၅မိုင်ကြား ရဲဝတ်စုံ ဝတ်ဆင်ထားသည့် ဓားပြတိုက်အဖွဲ့ သောင်းကြမ်းနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင် ကားလမ်းပေါ်တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုမှ ရဲတပ်ဖွဲ့ ဝတ်စုံဝတ်ပြီး ပြည်သူများကို ဓားပြတိုက်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းမှာ မူဆယ်မြို့မှ ၁၀၅ မိုင်သို့ သွားသည့် ကားလမ်း နမ့်ခွမ်ကျေးရွာအနီးတွင် စစ်ကောင်စီ ၏ ရဲဝတ်စုံဖြင့်...

Latest news