သျှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီက ကျင်းပပြုလုုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ ပြုလုပ်ခဲ့သည်။
“ရည်ရွယ်ချက်က အမျိုးသမီးများ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေးမှာ တက်ကြွစွာ စိတ်ပါဝင်စားလာအောင် အား ကောင်း လာအောင်၊ နောက်တစ်ခုက အမျိုးသမီးကိစ္စတွေ စိတ်ဝင်စားလာအောင် ပါဝင်လာအောင် အားပေးတဲ့ အဖွဲ့အစည်း များနဲ့လည်း ပူးပေါင်းပြီးတော့မှ ဖြစ်ချင်တယ်၊ ဌာနဆိုင်ရာ အသီးသီးတွေနဲ့လည်း ပူးပေါင်းနိုင် အောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု SSWDO အဖွဲ့ ဥက္ကဌ စဝ်ဟေမာသိုက် ကပြောသည်။
မတ်လ ၈ ရက် ယနေ့ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သက်ငယ်မုဒိမ်းကိစ္စများပါ ဆွေးနွေးကြောင်း သိရသည်။
“သက်ငယ်မုဒိမ်းကိစ္စတွေလဲ ဆွေးနွေးတယ်။ အများသဘော နဲ့ ဘာကို ပြစ်ဒဏ်ပေးမလဲ ဘယ်လိုကြီး လေးသော ပြစ်ဒဏ်ပေးမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမယ်” ဟု စဝ်ဟေမာသိုက် ကပြောသည်။
မတ်လ ၈ ရက်နေ့သည် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသီးများနေ့ အထိမ်းအမှတ်ကို လူထုအခြေပြု အဖွဲ့အစည်း ၁၃ ဖွဲ့ မှ ဦးဆောင်ကျင်းပပြီး အစိုးရဝန်ကြီးဌာနမှ ဝန်ကြီးများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုး သမီးအဖွဲ့အစည်းများ စုစုပေါင်း အမျိုးသမီး ၅၀၀ ကျော် တက်ရောက်ခဲ့သည်။
အမျိုးသမီးများအခွင့်အရေးလှုပ်ရှားမှုအထိမ်းအမှတ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယူးယောက်မြို့တွင် စတင်ကျင်းပခဲ့သည်။ ၁၉၁၀ ခုနှစ်အပြည်ပြည ်ဆိုင်ရာအမျိုး သမီးများညီလာခံတွင် မတ်လ ၈ ရက်နေ့အား အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့သတ်မှတ် ရန်ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၁၇ ခုနှစ် ဆိုဗီယက်ရုရှားတွင်အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့သည် အမျိုးသားအားလပ်ရက်အဖြစ်သတ်မှတ်လာခဲ့ပါသည်။