Tuesday, January 27, 2026

တောင်ကြီးသျှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား သက်ငယ်မုဒိမ်းကိစ္စအထူးဆွေးနွေး

သျှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီက ကျင်းပပြုလုုပ်သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့အခမ်းအနားကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ သျှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီ၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား

“ရည်ရွယ်ချက်က အမျိုးသမီးများ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေးမှာ တက်ကြွစွာ စိတ်ပါဝင်စားလာအောင် အား ကောင်း လာအောင်၊ နောက်တစ်ခုက အမျိုးသမီးကိစ္စတွေ စိတ်ဝင်စားလာအောင် ပါဝင်လာအောင် အားပေးတဲ့ အဖွဲ့အစည်း များနဲ့လည်း ပူးပေါင်းပြီးတော့မှ ဖြစ်ချင်တယ်၊ ဌာနဆိုင်ရာ အသီးသီးတွေနဲ့လည်း ပူးပေါင်းနိုင် အောင် ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်” ဟု SSWDO အဖွဲ့ ဥက္ကဌ စဝ်ဟေမာသိုက် ကပြောသည်။

မတ်လ ၈ ရက် ယနေ့ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သက်ငယ်မုဒိမ်းကိစ္စများပါ ဆွေးနွေးကြောင်း သိရသည်။

“သက်ငယ်မုဒိမ်းကိစ္စတွေလဲ ဆွေးနွေးတယ်။ အများသဘော နဲ့ ဘာကို ပြစ်ဒဏ်ပေးမလဲ ဘယ်လိုကြီး လေးသော ပြစ်ဒဏ်ပေးမလဲ ဆိုတာကို ဆုံးဖြတ်ချက်ချမယ်” ဟု စဝ်ဟေမာသိုက် ကပြောသည်။

မတ်လ ၈ ရက်နေ့သည် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသီးများနေ့ အထိမ်းအမှတ်ကို လူထုအခြေပြု အဖွဲ့အစည်း ၁၃ ဖွဲ့ မှ ဦးဆောင်ကျင်းပပြီး အစိုးရဝန်ကြီးဌာနမှ ဝန်ကြီးများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အမျိုး သမီးအဖွဲ့အစည်းများ စုစုပေါင်း အမျိုးသမီး ၅၀၀ ကျော် တက်ရောက်ခဲ့သည်။

အမျိုးသမီးများအခွင့်အရေးလှုပ်ရှားမှုအထိမ်းအမှတ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယူးယောက်မြို့တွင် စတင်ကျင်းပခဲ့သည်။ ၁၉၁၀ ခုနှစ်အပြည်ပြည ်ဆိုင်ရာအမျိုး သမီးများညီလာခံတွင် မတ်လ ၈ ရက်နေ့အား အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့သတ်မှတ် ရန်ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၁၇ ခုနှစ် ဆိုဗီယက်ရုရှားတွင်အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိခဲ့ပြီးနောက် မတ်လ ၈ ရက်နေ့သည် အမျိုးသားအားလပ်ရက်အဖြစ်သတ်မှတ်လာခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

တရားဥပဒေ ကင်းမဲ့မှုကြားက သက်ငယ်မုဒိမ်း

0
တစ်ခါတလေမှာ တယောက်တည်း ရယ်ချင် ရယ်နေပြီး၊ စကားပြောချင်ရင်လည်း တစ်ယောက်တည်း ပြောနေသလို ယောင်္ကျားတွေကိုမြင်ရင်လည်း ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်။ အဲ့လို ဖြစ်နေသူကတော့ အသက် (၁၁) နှစ်အရွယ်တာရှိသေးတဲ့ သဇင် (အမည်လွှဲ)ပါပဲ။ “ကျနော် ရဲ့ တူမ (သဇင်)ကို မြင်ရတာ စိတ်မကောင်းဖြစ်တယ်။ ကြောက်စိတ်လွန်ပြီး စိတ္တဇ...

သက်ငယ်မုဒိမ်းကျူးလွန် သတ်ဖြတ်သူကို SSPPတပ် က သေနတ်ပစ်၊သေဒဏ်ချမှတ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အသက် (၆)နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားကို SSPP/SSA မှ သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယခုလ (၉ )ရက် ညနေပိုင်းတွင် သီပေါမြို့နယ် ဝမ်နောက်ကျေးရွာ အုပ်စု ဝမ်နွက်ရွာ တွင် အသက် (၆)နှစ် အရွယ်...

မိုင်းရှူးမြို့တွင် အသက် ၆နှစ်အရွယ် မိန်းကလေး သက်ငယ်မုဒိမ်းကျင့်ခံရ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့ တွင် အသက် ၆နှစ်အရွယ်ရှိ ကလေးငယ် တဦး သက်ငယ်မုဒိမ်းပြုကျင့်ခံရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် ၁ရက် နေ့လည်ပိုင်းတွင် လူလတ်ပိုင်းအရွယ် တဦးသည် အသက် ၆နှစ် အရွယ် ကလေးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ကြောင်း၊ ထို ပြုကျင့်သည့် တရားခံကို ရဲစခန်းမှ ဖမ်းဆီးထားကြောင်း...