သက်ငယ်မုဒိမ်းကျူးလွန် သတ်ဖြတ်သူကို SSPPတပ် က သေနတ်ပစ်၊သေဒဏ်ချမှတ်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း အသက် (၆)နှစ်အရွယ် မိန်းကလေးကို သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားကို SSPP/SSA မှ သေဒဏ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ယခုလ (၉ )ရက် ညနေပိုင်းတွင် သီပေါမြို့နယ် ဝမ်နောက်ကျေးရွာ အုပ်စု ဝမ်နွက်ရွာ တွင် အသက် (၆)နှစ် အရွယ် မိန်းကလေးငယ်သည်နေအိမ်မှ ပျောက်ဆုံးခဲ့ရာ၊ ရွာသားများက လိုက်လံရှာဖွေခဲ့ကာ ဒီဇင်ဘာ (၁၁)ရက် နေ့လည်ပိုင်းတွင် ရွာနောက်ပိုင်းရှိ ချောင်းခြောက်အတွင်း လည်ပင်းညှစ် ခံထားရသည့် ဒဏ်ရာ၊ နောက်စေ့ ရိုက်ခံထားသည့် ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

ထို့နောက် သက်ငယ်မုဒိမ်းပြုကျင့်သတ်ခံရခဲ့သည့် တရားခံ စိုင်းစော့ ကို သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)မှ က ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံကို စစ်ဆေးရာ ပြစ်မှုထင်ရှားခဲ့သဖြင့် SSPP /SSA ၏ ဗဟိုတရားရုံးမှ တရားခံကို သေဒဏ်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ (၂၂)ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

“ သေဒဏ်က ပစ်သတ်တာပါ။ အထက်တရားရုံးက အမှုရဲ့ အသွားအလာကိုကြည့်ပြီးတော့မှ သေဒဏ်ချမှတ်တဲ့ အခွင့်အာဏာရှိတယ်။အောက်တရားရုံးက ဆုံးဖြတ်လို့ အမှုကြီးတွေ ဖြစ်တဲ့အတွက် အထက်တရားရုံးကို ပြန်တင်တယ်။ အထက်တရားရုံးက ဒီအချက်တွေ သေဒဏ်ချလို့ရတယ်” ဟု SSPP/SSA ဗဟိုတရားရုံး ဥပဒေအရာရှိ စိုင်းအူဟိန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိုင်းစော့ သည် တစ်ရွာသားဖြစ်သူ အသက် (၆) နှစ်အရွယ် ကို သက်ငယ်မုဒိမ်းကျင့် သတ်ဖြတ်သည့် အတွက် ခရိုင်တရားရုံးမှ တဆင့် ဗဟိုတရားရုံးထိ သက်သေထောက်အထား ပြည့်စုံစွာ တင်ပြခဲ့ပြီး သက်သေခိုင်လုံမှုရှိခြင်းကြောင့် သေဒဏ်ချမှတ်ခဲ့ကြောင်း စိုင်းအူဟိန်း ကဆိုသည်။

“ကျနော်တို့ သေဒဏ်ချမှတ်တာက ဗဟိုတရားရုံးမှာ ၊လူထုရှေ့မှာပဲ ဆုံးဖြတ်တယ်။ ပြီးရင် ကော်မတီ စုံစုံနဲ့ ဆုံးဖြတ်တယ်။ သက်သေအထောက်အထားခိုင်လုံလို့ လူထုကိုလည်း ချပြပြီးတော့မှ ကျနော်တို့ သေဒဏ်ချမှတ်တာပါ” ဟု စိုင်းအူဟိန်း ကထပ်လောင်း ပြောသည်။

သေဒဏ်ချမှတ်သည့်ကိစ္စနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး အရ ပြောရမည်ဆိုပါက သေဒဏ်မပေးရန် ပါရှိထားသော်လည်း လက်ရှိ ဖြစ်နေသည့် သက်ငယ်မုဒိမ်းကို ကျူးလွန်ပြီး ကလေးငယ်ကို သတ်ဖြတ်ခဲ့သည့် ကိစ္စသည် ကြီးလေးသည့် ပြစ်ဒဏ်မပေးပါက ဆက်ဖြစ်လာနိုင်ကြောင်းသီပေါ အခြေစိုက် အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေသည့် နန်းနန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်မပေးရင် ရှေ့ဆက် ဖြစ်လာမှာလည်းကြောက်ရတယ်။ ဒီလို လုပ်သွားတာက ရှေ့ဆက် ပိုကောင်းလာမယ်လို့ ကျမတော့ အဲ့လိုမြင်တယ်။ ဒီလိုကိစ္စမျိုး သျှမ်းပြည်မှာ လာလုပ်လို့မရဘူးဆိုတာ အများသိသွားအောင် စံပြဖြစ်သွားတာပေါ့။” ဟု ပါနန်းနန်း က ပြောသည်။

အလားတူ ဖြစ်စဉ်မျိုးကို SSPP/SSA လှုပ်ရှားရာ နယ်မြေအတွင်း ရှိခဲ့ဖူးပြီး သေဒဏ်ပေးခဲ့ဖူးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနစ်တွင် ၆၃.၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ခုနစ်တွင် (၆၄.၉၃)ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနစ်တွင် (၆၇.၆၈)ရာခိုင်နှုန်းဖြင့် တနှစ်ထက်တနှစ် ပိုများလာကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...