လားရှိုး
ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရှိဆေးခန်းတခုအား ဆက်ကြေးပေးဆောင်ရန် SSPP/SSA ဖုန်းဆက်ဆင့်ခေါ် မှု ပြုသည်ဟု လားရှိုး ရမခတိုင်းက စွပ်စွဲပြောဆိုကာ ထိုသို့ ထပ်မံပြုလုပ်ပါက ဆက်ဆံရေးရုံး ပိတ်ပင်ခြင်းခံရမည်ဟု SSPP/SSA ဆက်ဆံရေးတာဝန်ခံအား စစ်တိုင်းရုံးက ဆင့်ခေါ်ပြောကြားသည်ဟု သိရသည်။ ၂၀၁၈ သြဂုတ်လ ၅ ရက်နေ့ ည...
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လားရှိုးမြို့တော်ခန်းမတွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ
SHAN -
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့် သည် NLD အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် သျှမ်းပြည်နယ်သို့ရောက်ကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံမှုပြုခဲ့ရာ လားရှိုးမြို့သို့လည်းရောက်ရှိခဲ့ကြသည်။ ဇူလိုင်လ ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ဝင်များ၊ပြည်နယ်/ခရိုင်/မြို့နယ်ဆင့်ဌာဌဆိုင်ရာများ နှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံမှုတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သျှမ်းပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများကို...
အသိမ်းခံသည့်လားရှိုးကျေးလက်တောင်သူများ၏ဘိုးဘွားပိုင်မြေ တပ်ပြန်မပေးတော့ဟုဆို
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟူးမွန်အုပ်စု ခေးခမ်းရွာသားတွေရဲ့ တပ်မြေအဖြစ် အသိမ်းခံရ လယ်ယာမြေတွေဟာ လယ်ယာမြေပိုင်ဆိုင်မှုပြဖို့မရှိတဲ့အတွက် ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိဘူးလို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ်အမျိုးသားလွှတ်တော် အဌမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစီအစဉ်မှာ လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလှိုင်းခမ်းက - တပ်ပိုင်မြေအဖြစ် အသိမ်းခံရ ဟူးမွန်အုပ်စု...





