ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နားမခေါ် အဝေးပြေး ကားကြီးဝင်း တွင် လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရရှိကြောင်း လားရှိုး မြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။

လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရ

သြဂုတ် ၁၅ ရက် ညနေ ၄ နာရီခွဲကျော်က လားရှိုးမှ ရန်ကုန် “ ရာဇာထွန်း” ခရီးသည် တင်ကားဖြင့် လိုက်ပါမည့် ခရီးသည် လူငယ် ၃ ဦး ၏ ခရီးဆောင် အိတ် ၃ လုံးအတွင်း စက္ကူ အညိုဖြင့် ထုတ်ထားသည့် WY နှင့် W တံဆိပ်ရိုက်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနီးပါး နှင့် အလေးချိန် (၅၂.၆၅) ကီလို ဖမ်းဆီး သိမ်းဆည်းနိုင်ခဲ့ကြောင်း လားရှိုး မြို့ မရဲစခန်း မှူး တာဝန်ကျ ရဲ က ပြောသည်။

“ ဆေးပြား တပြား ကာလ ပေါက်စျေးက ကျပ် ၂ ထောင် ရှိတယ်။ အားလုံးပေါင်း က ကျပ်သိန်းပေါင်း ၁ သောင်း ကျော် တန်ဖိုးရှိပါတယ်” ဟု ၎င်းရဲ က ဆိုသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် လူငယ်များသည် မိုင်းရှူးမြို့ နယ် ဝမ်လွိုင်ရွာ နေ လားဟူ လူမျိုး များ ဖြစ်ကြသည့် မောင်ကျအိ အသက် (၂၆)နှစ်၊ မောင်ဂျီမေ အသက်( ၂၀ နှစ်) နှင့် အသက် ၁၆ နှစ် အရွယ် မောင်ကျာဖေ တို့ ဖြစ်ကြောင်း လားရှိုးမြိုု့မ ရဲစခန်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း၊ နောက်ဆက်တွဲ ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိစေရေး ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

“ ကျနော်တို့ ဒေသမှာ အလုပ်အကိုင်တွေ ရှားပါးလာတော့ ငွေရဖို့ အတွက် ဘာမဆို လုပ်လာတယ်။ နောက်ပြီး ဒီဒေသမှာ မူးယစ်ဆေးဝါးတွေက အလွယ်ရ စျေးနှုန်းကလည်း ပေါတော့ လူငယ်တွေ မူးယစ်ဆေးဝါးနွံထဲ နစ်နေကြပြီ ” ဟု လားရှိုး ဒေသခံ စိုင်းမောင်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...