သျှမ်းမြောက် ခရီးသွားအမျိုးသမီး ကို ပြည်သူ့စစ်မှ ကိုယ်ထိလက်ရောက် ရိုက်နှက်

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး – မူစယ်လမ်းမ ပေါ် နမ့်ခိုင်တံတားစောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ခရီးသွားဒေသခံအမျိုးသမီး တဦးအား ကိုယ်ထိ လက်ရောက်ရိုက်နှက်မှုပြုခဲ့ကြောင်း သိရသည်။

နမ့်ခိုင်တံတား

သြဂုတ် ၈ ရက် မနက် ၉ နာရီ က နမ့်ခိုင် တံတား စောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ကားသမားတဦးအား ပိုက်ဆံ ၃၀၀၀ ကျပ် တောင်းရာ ကားသမား လင်မယားက ပိုက်ဆံ ၂ ထောင်ကျပ်သာ ကျန်တော့ကြောင်း ပြန်ပြောပြီးနောက် ပြည်သူ့စစ်က ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

“ လမ်းမှာကားပျက်လာတဲ့အတွက် ပိုက်ဆံက ၂ထောင် ပဲ ရှိပါတော့တယ်။ နမ့်ဖတ်ကာကိုလိုက်ယူပါလို့ ပြောလိုက်တယ်။ အဲ့မှာ သူက မရဘူးဆိုပြီး ကားကိုဂွနဲ့ရိုက်တယ်။ ကျနော် မိန်းမ က ကားကို ဘာဖြစ်လို့ ရိုက်တာလဲလို့မေးတော့ ကျနော့မိန်းမကိုဆွဲထိုးတယ်။ ” ဟု လက်သီးထိုးခံရသည့် အမျိုးသမီး၏ အမျိုးသားဖြစ်သူက ၄င်း၏ဖေ့ဘွတ်အကောင့် စာမျက်နှာတွင် ရေးသားထားသည် ။

ထို့အပြင် ကားသမား ကို လည်းဓားဖြင့် လိုက်ခုတ်ရာ၊ အနီးရှိ တာဝန်ရှိရဲများ၊ စစ်သားများမှလည်း ၀င်ရောက်ကူညီဖြန်ဖြေပေးမှုမရှိဘဲ ရပ်ကြည့်နေကြကြောင်း ၄င်း၏ ဖေ့ဘုတ်တွင်ဖော်ပြထားသည်။

“ ပြည်သူ့စစ် က ပြောတယ်။ သေနတ်နဲ့မပစ်တာတောင်ကံကောင်းတယ်တဲ့။ အခေါက်တိုင်း ကျနော်ပိုက်ဆံပေးတယ်။ ဒီတစ်ခေါက်မပေးတာနဲ့ ဒီလိုဖြစ်သွားတယ်။ လက်နက်အားကိုးနဲ့အနိုင်ကျင့်နေတဲ့ နမ့်ခိုင်တံတားက ရဲနဲ့ပြည်သူ့စစ် ဘယ်လိုအရေးယူမလဲ ။ဘယ်ဆီကို သွားတိုင်ရမလဲ” ဟု ကားသမားက သျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါဖြစ်စဉ်၏ ဗီဒီယိုဖိုင်တွင် ပြည်သူ့စစ် ယူနီဖောင်း ဝတ်ဆင်ထားသည် လူငယ်တဦးကလည်း “ မပစ်တာ ကံကောင်းတယ်နော်။ ဘယ်လူကြီးပဲခေါ်လာခဲ့ ကြောက်မယ်ထင်လား။ စိတ်တိုအောင် လာမလုပ်နဲ့” ဟု ကားသမားလင်မယားအား ပြောဆိုခဲ့သည်ကိုကြားရသည်။

လားရှိုး-မူစယ်လမ်းတွင် ကားလမ်းပိတ်မှုပြသနာအပြင် တဖက်ကလည်း လက်နက်ကိုင် တပ်ဖွဲ့များကို ကြောက် ရွံ့နေရကြောင်း၊ ထို့အပြင် တိုက်ပွဲ များအချိန်မရွေးဖြစ်ပွါးနိုင်သည်ကိုလည်း စိုးရိမ်ကြောင့်ကြ သတိချပ်နေရ ကြောင်း မူစယ်ဒေသခံ ကားသမားစိုင်းယီက ပြောသည်။

“ လားရှိုး မူစယ် ကားလမ်းကတော့ လက်နက်ကိုင်တွေ ဆက်ကြေးကောက်တာ။ ရတာယူတာကတော့ မဆန်းတော့ပေမယ့် ကိုယ်ထိလက်ရောက်ဖြစ်တာကတော့ ဆန်းတယ်။ နောက်အမျိုးသမီး ကို ထိုးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြည်သူတွေ အတွက် ဒီလမ်းက မလုံခြုံတော့ဘူး” ဟု စိုင်းယီ က ဆိုသည်။

“ လက်နက်ကိုင် ပြည်သူ့စစ်တွေ ပြည်သူတွေကို အနိုင်ကျင့် ပါက တိုင်ကြားနိုင်ပါတယ်” ဟု လုံခြံုရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး (ဟောင်း) ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ယခုနှစ် မေ ၂၅ တွင် တောင်ကြီးမြို့တွင် ပြုလုပ်သည့် ပြည်နယ် အစိုးရ အဖွဲ့ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...