Tuesday, January 27, 2026

လင်းခေးမြို့

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

သျှမ်းပြည်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် မြို့နယ်အသီးသီး တို့တွင် လူနေအိမ်ခြေအတွင်း ရေများ လွှမ်းခဲ့ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း တိန်းချောင်းရေမြင့်တက်ကာ ချောင်းဘေး တလျှောက် နေထိုင်သူများ ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိန်းချောင်းရေ စတင်မြင့်တက်ကာ လင်းခေးမြို့နယ် တိန်းချောင်းဘေးနေ ရပ်ကွက်များအတွင်းလယ်ယာခြံမြေများအတွင်း ရေဝင်သဖြင့်...

လင်းခေးခရိုင်အောက်က ၄ မြို့နယ်မှဒေသခံလူထု ခရိုင်ဆေးရုံအတွက် ဆရာဝန်အထူးလိုအပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ခရိုင်ဆေးရုံအတွက် ဆရာဝန် အထူးလိုအပ် နေကြောင်းဒေသခံများပြောပြချက်အရ သိရသည်။ “ဆရာဝန်ပြောင်းသွားတာက ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ကတည်းကဘဲ။ အခုတော့ လင်းခေးမှာ လက်ထောက်ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတယ်။ တုပ်ကွေးရာသီလေ။ လူနာကများတော့ ဆရာဝန်အထူးလိုအပ်နေပါတယ်။ အဲတာကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ ဆရာဝန်အမြန်ဆုံးချပေးဖို့ ကျမတို့လင်းခေးလူထုက အထူးတောင်းချင်ပါတယ်”...

မူးယစ်ဆေးသုံးသည်လင်းခေးမြို့ ၁၀ ကျော်သက် ၁၀ ဦးကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့တွင် ယာဘမူးယစ်ဆေးဝါးများ ပေါများလျှက်ရှိရာ ဆေးစွဲနေသည့်ကျောင်း သားတချို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဇွန်လ ၁၁ ရက်ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က ဆေးစွဲသူလူငယ် ၁၀ ကျော်အား ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း၊ ၄င်းတို့ဘဝ ပြန်လည်ထူထောင်ပေးရန်အတွက် ဟုပြောဆို သွား ကြောင်း နီးစပ်သည့်ဒေသခံ များပြောပြချက်အရသိရသည်။ “ဦးလေးတို့ကလေးရဲ့ဆိုင်ကယ် မြို့အဝင်လမ်းမှာလာယူပါ-...

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့က ပွင့်သစ်စ ပညာ့ကြယ်တပွင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ဖွား ရန်ကုန်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသား လူငယ်တဦး ဂျပန်နိုင်ငံအစိုးရကနေ ပညာတော်သင်ဖို့ ခေါ်ယူခြင်းခံရတယ်လို့သိရပါတယ်။ ဘာကြောင့် ခေါ်ယူခံရသလဲ။ ဘာတွေကိုသွားလေ့လာမလဲ။ ခံယူချက်က ဘာတွေရှိသလဲ။ ကျောင်းပြီးရင်ဘာလုပ်ဖို့ စိတ်ကူးထားသလဲဆိုတာသိရအောင် ပညာတော်သင်ခေါ်ခံရသူ စိုင်းကွမ်းခမ်း ကို သျှမ်းသံတော်ဆင့်ကနေ မေးမြန်းထားပါတယ်။ မေး။ ။ နောင့်စိုင်းနာမည်လေးသိပါရစေ။ ဖြေ။...

Latest news