Tuesday, January 27, 2026

လင်းခေးခရိုင်အောက်က ၄ မြို့နယ်မှဒေသခံလူထု ခရိုင်ဆေးရုံအတွက် ဆရာဝန်အထူးလိုအပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ခရိုင်ဆေးရုံအတွက် ဆရာဝန် အထူးလိုအပ် နေကြောင်းဒေသခံများပြောပြချက်အရ သိရသည်။


လင်းခေးဆေးရုံတွင်လူနာများပြည့်နှက်နေပုံ ( Photo by Ying Hark)

“ဆရာဝန်ပြောင်းသွားတာက ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ကတည်းကဘဲ။ အခုတော့ လင်းခေးမှာ လက်ထောက်ဆရာဝန်တယောက်တည်းနဲ့ အလုပ်လုပ်နေရတယ်။ တုပ်ကွေးရာသီလေ။ လူနာကများတော့ ဆရာဝန်အထူးလိုအပ်နေပါတယ်။ အဲတာကို သက်ဆိုင်ရာဝန်ကြီးဌာနကနေ ဆရာဝန်အမြန်ဆုံးချပေးဖို့ ကျမတို့လင်းခေးလူထုက အထူးတောင်းချင်ပါတယ်” – ဟု လင်းခေးဒေသခံ ယိင်းဟတ် ကပြောသည်။

လင်းခေးခရိုင်ဆေးရုံကြီးတွင် ခရိုင်အတွင်းရှိ ၄ မြို့နယ် (လင်းခေး၊ မိုးနဲ၊မိုင်းပန်၊မောက်မယ်)တို့မှ လူနာများ လာရောက်ဆေးကုသသဖြင့် ဆေးရုံတွင်လူနာများပြည့်နှက်နေပြီး ဆရာဝန်အထူးလိုအပ်နေခြင်းဖြစ် ကြောင်းသိရသည်။

SNLD ပါတီ၏ လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘသိန်းက – “ဆရာဝန်ပြောင်းသွားပြီးနောက်မကြာခင်မှာဘဲ ဆရာဝန်အသစ်မရောက်လာလို့ကျနော် လွှတ်တော်ထဲမှာ တင်ပြတောင်းဆိုခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက – အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးမယ် -လို့ဘဲဖြေပါတယ်။ဆရာဝန်က ခုထိမရောက်လာသေးဘူး။ ၆ လ ရ လ ထဲဝင်လာပြီ။ ကျနော် မနေ့တနေ့ကဘဲ ဖုန်းထပ်ဆက်တယ်။ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနဆီကို။ ဒီ ၁ လ ၂ လ အတွင်း အမြန်ဆုံးထပ်မံလွှတ်ပေးနိုင်အောင် စီစဉ်ပေးမယ် – လို့တော့ပြောတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့်နှစ်အောက်တိုဘာလက လင်းခေးဆေးရုံတွင် တာဝန်ကျသည့် ဆရာဝန် မှာ စဉ့်ကိုင်မြို့သို့ပြောင်းရွှေ့ရပြီးနောက် ဆရာဝန်သစ်တစုံကို ကျန်းမာရေးဝန်ကြီးဌာနကချပေးကြောင်း၊ သို့သော် ပုဂ္ဂိုလ်ရေးပြသနာကြောင့် ယနေ့တိုင် လင်းခေးဆေးရုံသို့ မရောက်လာကြောင်း ၀န်ကြီးက ပြောသည်ဟု ၄င်းကဖြည့်စွက်ပြောကြားသည်။

လင်းခေးခရိုင် လင်းခေးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဖွဲ့စည်းပုံအရ မြို့နယ်ဆရာဝန် ၁ ဦးနှင့် လက်ထောက်ဆရာဝန် ၆ ဦး စုစုပေါင်း ရ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိခန့်ထားမှုတွင်မြို့နယ်ဆရာဝန် ၁ ဦးနှင့်လက်ထောက်ဆရာဝန် ၁ ဦး စုစုပေါင်း ၂ ဦးသာရှိနေကြောင်း၊ လက်တွေ့တွင်လည်း လက်ထောက်ဆရာ ၀န် ၁ ဦးတည်းကသာ အလုပ်လုပ်နေကြောင်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ဆရာဝန်ခန့်ထားပေးနိုင်ရေး တင်ပြတောင်းဆိုသည့်စာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

“ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာကလဲ လူထဘဲလေနော်။ ဒါကြောင့် လင်းခေးခရိုင်ထဲက လူထုအနေနဲ့ ဆရာဝန်ကိုတကယ်ကိုလိုအပ်နေပါတယ်။ ဆရာဝန်ကြီးမရှိလို့ အရမ်းကိုအခက်အခဲဖြစ်နေရ ပါတယ်လို့ပြောချင်ပါတယ်။ ” ဟု စိုင်းဘသိန်း ကပြောသည်။

လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာအရ လက်ထောက်ဆရာဝန်အင်အား နည်းပါးနေပြီး ၊ လက်ထောက် ဆရာဝန်များ ဆေးပညာမဟာသိပ္ပံဘွဲ့လွန်ဝင်ခွင့် အောင်မြင်သော လက်ထောက်ဆရာဝန်များ သင်တန်း တက်ရောက်ပြီးချိန်တွင် ကျန်ရှိသော လုပ်သက်ရ လက်ထောက်ဆရာဝန်များအား လုပ်ငန်း လိုအပ်ချက် ရှိသောမြို့နယ်- တိုက်နယ်ဆေးရုံးများသို့ အချိုးကျခွဲဝေခန့်ထားဖြည့်တင်းပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက လွှတ်တော်ကိုယ်စားလှယ်ကြီးအား ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေးမြို့တွင် စစ်ကော်မရှင်ဝန်ထမ်းများမှ မြို့နေလူထု အိမ်ထောင်စုစာရင်း စစ်ဆေးနေ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများသည် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းများ အိမ်တိုင်ရာရောက် လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လင်းခေးမြို့နယ်သည် ယခုလာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည်။ ထို့ကြောင့် နိုဝင်ဘာလ နောက်ဆုံးပတ်က စတင်ပြီး လင်းခေးမြို့ရှိ စစ်ကော်မရှင်...

ကျောက်မဲမြို့ လေကြောင်းထပ်မံဗုံးကြဲခံရ၊ ဆေးရုံသားဖွားဆောင်နှင့် ရဲစခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နေ့လယ် ၁ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ဆေးရုံရှိ သားဖွားဆောင်နှင့် ရဲစခန်းအနီးသို့...

လင်းခေးမြို့ အမျိုးသားတစ်ဦး လက်လုပ် သေနတ်ဖြင့် ပစ်သတ်ခံရ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူယစ်ဆေးဝါးသုံးစွဲသော အသက် ၃၀အရွယ်ရှိ အမျိုးသားတစ်ဦးသည် လက်လုပ် သေနက်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (စက်တင်ဘာ ၄)ရက် နံနက်ပိုင်းတွင် မူးယစ်ဆေးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးသည် လက်လုပ်သေနတ်ဖြင့်...

အထူးဒေသ (၁) ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်ခွင့်မပြု MNDAA ထုတ်ပြန်

0
သျှမ်ပြည် အထူးဒေသ( ၁) ပြန်လည် ထူထောင်ရေလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းအသစ် ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ (ဧပြီ ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အထူးဒေသ (၁)တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန် နှင့်...

ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ

0
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...