အထူးဒေသ (၁) ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်ခွင့်မပြု MNDAA ထုတ်ပြန်

သျှမ်ပြည် အထူးဒေသ( ၁) ပြန်လည် ထူထောင်ရေလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းအသစ် ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ (ဧပြီ ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

အထူးဒေသ (၁)တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန် နှင့် ဆေးကုသမှုဖြင့် စီးပွား ရေးအကျိုးအမြတ်ရယူခြင်း၊ ဆေးရုံကို စီးပွားရေးလမ်းကြောင်းအဖြစ် လုပ်ဆောင်သောလုပ်ရပ်များကို လုံးဝတားမြစ်ကြောင်း အသိပေး ထုန်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး MNDAA မှ ပြောရေးဆိုခွင်ံရှိသူ ကို သျှမ်းသံတော်ဆင့်မှ သီးသန့် မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

ကိုးကန့် အထူးဒေသ (၁) အတွင်းတွင် လာမည့် ၂၀၂၄ ဇွန်လ ၁ ရက်မှစ၍ ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်း အသစ်များ မဖွင့်လှစ်ရန်တားမြစ်ထားပြီး၊ လက်ရှိ အထူဒေသ ၁ အတွင်း ဖွင့်လှစ်ထားသည့် ကျန်းမာရေးဌာနများသည် လက်လှမ်းမမှီနိုင်သော နေရာများတွင် ယခင်ကဖွင့်လှစ်ထားသည့် ဆေးရုံ ဆေးခန်း များ ဆက်လက်ဖွင့်လှစ်နိုင်ပြီး မူလထက် မတိုးရကြောင်း MNDAA မှ ထုတ်ပြန်ချက်တွင်းဖော်ပြ ရေးသား ထားသည်။

ယခင်မူလက ဖွင့်လှစ်ထားသော ဆေးရုံ ဆေးခန်းများ ဆက်လက်ဖွင့်လှစ်လိုလျှင် အထူဒေသရှိ ကျန်းမာရေးဌာနထံ လျှောက်လွှာတင်ပြီး ကျန်းမာရေးဌာမှ ဆေးပညာအရည်းအချင်းနှင့် စက်ကိရိယာများကို စုံးစမ်း စစ်ဆေးပြီး ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

အထူးဒေသ နယ်မြေအတွင်းရှိသော ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်နှင့် သူနာပြုတို့သည် အထူးဒေသ ကျန်းမာရေး အုပ်ချုပ်မှူးနှင့် နေရာ‌ရွှေပြောင်းမှုကို လိုက်နာရမည်ဖြစ်ပြီး ကျန်းမာရေးဌာန၏ ကုသရေးပိုင်းဆိုင်ရာကြည့် ကြပ်ကိုင်တွယ်မှုကို လက်ခံရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိ အထူးဒေသ ၁ တွင် အမှတ် ၁ ပြည်သူ့ဆေးရုံ (အိုက်မင်ဆေးရုံ)၊ လောက်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံ၊ ချင်းရွှေ ဟော်မြို့နယ်ပြည်သူ့ဆေးရုံ၊ မူပန်(သိန္နီခရိုင်) ပြည်သူ့ဆေးရုံ၊ ကွမ်းလုံမြို့နယ်ပြည်သူ့ဆေးရုံ၊ မုံးကိုးခရိုင် ပြည်သူ့ဆေးရုံ၊ တာမိုးညဲတိုက်နယ်ဆေးရုံ စသည့် နိုင်ငံတော်အဆင့်ကုသနိုင်စွမ်းရှိသည့် ဆေးရုံများဖွင့်လှစ်ထား သည် ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...