Saturday, May 4, 2024

ပင်းတယမြို့နယ်

ပင်းတယမြို့နယ် မိုးကြီးလေပြင်းတိုက် လူနေအိမ် ၃၄လုံးပျက်စီး

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယမြို့နယ်၊ပွေးလှမြို့၊ပွင့်လန်းရွာတွင် မိုးကြီး လေပြင်း တိုက်သဖြင့် ကျေးရွာရှိ လူနေအိမ် ၃၄ လုံး ပျက်စီးခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ ယမန်နေ့ (မေ၂)ရက် ည ၅နာအချိန်တွင် မိုးကြီးပြီး လေပြင်း တိုက်ခတ်ခဲ့ပြီး၊ လူနေအိမ်၃၄လုံး ပျက်စီးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။ "တစ်ချို့က စားဝတ်နေရးအဆင်မပြေတော့ အိမ်ပြန်ပြင်ဖို့ အကူညီလိုအပ်တာတွေ...

ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။ ထိုချေးငွေများကို တောင်သူများ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီချေးငွေက...

ရွာငံပျူစောထီး ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ထောင်ဒဏ် (၆) နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဗျူစောထီးအဖွဲ့မှ ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ကို ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် ထောင်ဒဏ် (၆) နှစ်စီ ချလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရွာငံ ဒေသခံ (၁၀) ဦးကို မေလပိုင်းတွင် ဗျူစောထီးမှ...

ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ကိုစိုးလှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် ကိုစိုးလှကို...

Latest news