Thursday, May 2, 2024

ပစ်ခတ်

သီပေါမြို့ နယ် အတွင်းအမျိုးသားတဦး သေနတ်ဒဏ်ရာ ဖြင့် သေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နောင်အန်းကျေးရွာ အနီးတွင် အမျိုးသားတဦး သေနတ် ဒဏ်ရာဖြင့် သေဆုံးမှုရှိခဲ့ရာ လက်သည်အား မသိရကြောင်း သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတ အသင်းကပြောသည်။ အောက်တိုဘာ ၁ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်က သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသော အမျိုးသား၏ ရုပ် အလောင်းအား...

ရေအားလျှပ်စစ်စက်ရုံတည်ရှိရာ ကျိုင်းတောင်းမြို့နယ်ခွဲတွင် အုပ်စုဥက္ကဌတဦး နေအိမ်အတွင်းပစ်ခတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်ခွဲ ကွန်မုန့်အုပ်စု ဥက္ကဌအား အမည်မသိလက်နက်ကိုင် လူ ၂ ဦးက နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၃ ရက် မနက် ၆ နာရီခွဲအချိန်က ကွန်မုန့်အုပ်စုဥက္ကဌ စိုင်းဇင်လျန်း (ခေါ်) လုံးဂျပန်အား အမည်မသိလက်နက်ကိုင်ထားသည့်လူ ၂ ယောက်က ဆိုင်ကယ်တစီးဖြင့် ရောက်ရှိကာ နေအိမ်အတွင်း...

လားရှိုးမြို့မြောက်ဘက်တွင် အစိုးရတပ်နှင့် TNLA တိုက်ပွဲဖြစ် ရွာသားတချို့ စစ်ဘေးရှောင်နေရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း အစိုးရတပ်နှင့် တအာင်း TNLA တပ်တို့ တိုက်ပွဲဖြစ်ပွါးမှုကြောင့် ဒေသခံလူထု မိုင်းယော်သို့ စစ်ဘေးရှောင် ရောက်ရှိနေကြောင်းသိရသည်။ သြဂုတ်လ ၂၁ ရက် ယနေ့မနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရှိခွဲကျော်အထိ ပစ်ခတ်တိုက်ခိုက်မှုသံများ၊ လက်နက်ကြီးသံများ ကြားရကြောင်းမိုင်းယော်ဒေသခံများကပြောဆိုသည်။ “မိုင်းယော်တောင်ဘက်အရပ်က...

နမ္မတူတွင် ပစ်ခတ်သံကြောင့် ရွာသားရာချီ ထပ်မံစစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တို့ကြားစစ်ရေးတင်းမာ မှုများကြောင့်ဒေသခံလူထု ရာနှင့်ချီ နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA ကြားစစ်ရေးတင်းမာမှုကြောင့် သြဂုတ်လ ၁၅ ရက်နေ့က ပန်လုံအုပ်စုဒေသခံများမှာ သီပေါမြို့နယ်ရှိ မန်လီအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်းသို့လည်းကောင်းတိမ်းရှောင်ရောက်ရှိနေကြခြင်းဖြစ်သည်။ သီပေါမြို့နယ် SNLD ပါတီအတွင်းရေးမှူး စိုင်းလောဝ်ဆိုင်က...

နမ့်လန်တွင် ပြောင်းရောင်းပြီးရွာအပြန်လင်မယားအား သေနတ်သမားက စောင့်ကြပ်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်အုပ်စုတွင် ပြောင်းများရောင်းချပြီးအပြန် ရွာသား ၂ ဦးအား အမည်မသိဆိုင်ကယ်သမားကလိုက်လံပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ နမ့်လန်သို့ပြောင်းသွားရောင်းချပြီးအပြန် နောင်ဝိုးရွာသား ဆိုင်ကယ်စီးလင်မယား ၂ ယောက်အား နမ့်လန်နှင့်မန်လီကြားတွင် ဆိုင်ကယ်နှင့်သေနတ်သမား ၂ ဦးက စောင့်ကြပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း နမ့်လန်ဒေသခံ ကုန်သည်တဦးက ပြောသည်။ “အပစ်ခံရသူက လုံးစန်းသြ အသက် ၄၂ နှစ်၊ သူ့မိန်းမက...

Latest news