Thursday, May 16, 2024

နမ့်လန်မြို့

သျှမ်း ၂ ဖွဲ့ တိုက်ပွဲ နမ့်လန် စစ်ရှောင် ၅၀၀ကျော် ရောက်၊ မိုင်းထိမှန်သူ ၂ ဦး မကယ်ထုတ်နိုင်သေး

သျှမ်းပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း နယ်စပ်တွင် RCSS နှင့် SSPP တိုက်ပွဲဖြစ်မှုကြောင့် စစ်ဘေးရှောင် ၅၀၀ ကျော်နှင့်မိုင်းထိမှန်သူ ၂ ဦး ရှိကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၂၀ ရက်မနက်ပိုင်းကဖြစ်ပွါးသော တိုက်ပွဲသည် သီပေါမြို့နယ် နမ့်လန်မြို့ မန်လီအုပ်စုအတွင်းရှိ လွယ်ငင်းကျေးရွာ နှင့်...

 နမ့်လန်မြို့အဝင်အထွက်ဆိုင်းဘုတ်ဖွင့်လှစ်

၇၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ မြို့အဝင်အထွက် ဆိုင်းဘုတ်အား ဖွင့်လှစ်ခြင်းအခမ်းအနားပြု လုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါဖွင့်ပွဲသို့ ဆိုင်းဘုတ်အားတာဝန်ယူဆောက်လုပ်ပေးသည့် ကုမ္မဏီ၊ မြို့နယ်စည်ပင်သာယာ ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးပြည့်ဖြိုးဟိန်း၊ မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့မိမြို့ဖများ ဒေသခံများနှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။ ဆိုင်းဘုတ်ထောင်ရေးတွင်ပါဝင်ဦးဆောင်ခဲ့သူ စိုင်းဆာမ်လျန်းက -...

နမ့်လန်ရေဘေးသင့်ဒေသခံတွေကို ကူညီဖို့ ပင်လုံလူငယ်များ ထောက်ပံ့မှုပစ္စည်းတွေကောက်ခံ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့က သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ  ၊ ဆရာတော်သံဃာတော်တွေ၊ သျှမ်းလူငယ်တွေစုပေါင်းအင်အားနဲ့ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့က ရေဘေးသင့်လူထုတွေကိုကူညီထောက်ပံ့ မှုတွေသွားပေးကြမယ်လို့သိရပါတယ်။ ဇွန်လ ၁၃ ရက်နေ့မနက်ပိုင်းက ပင်လုံမြို့ သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့နဲ့ ဒေသခံ ရပ်မိရပ်ဖတွေ လွှတ်တော်ကိုယ်စားလှယ်တွေက...

သီပေါ-နမ့်လန်ရေကြီးမှု ကွင်းဆင်းကြည့်ရှုသည့် အုပ်ချုပ်ရေးမှူး ဓါးဖြင့်လိုက်ခုတ်ခံရ  

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ရွာ နေအိမ်များအတွင်း တောင်ကျရေစီးဝင်ရာတွင် ရပ်ကွက်တွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးသည့် အုပ်ချုပ်ရေးမှူးများအဖွဲ့အား ကျေးရွာတွင်းလာရောက်မှီခိုနေထိုင်သူတဦးက ဓါးဖြင့်လိုက်ခုတ်ရာ ၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။ ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ရပ်ရွာလူကြီး၊ နယ်မြေမှူးများပါ၀င်သည့် အဖွဲ့က ရေဘေးသင့်...

Latest news