စစ်ရှောင်
နမ္မတူမြို့နယ် စစ်ရှောင် ၈၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ကျော်ထိ ရှိလာသဖြင့်စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။ နမ္မတူမြို့နယ် ပန်ချင်ကျေးရွာအုပ်စု အတွင်း ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်းမှ စတင်ကာ ညနေပိုင်းထိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့်...
RCSS နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲတွင် စစ်ရှောင် ၁၀၀၀ ခန့် ရောက်ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း တိုင်းရင်းသာ လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ၁၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ထိုစစ်ဘေးရှောင်များသည် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ကာဖြစ်ပွားသည့်...
နမ္မတူ နှစ်ကျော့ပြန်စစ်ရှောင်များ စိုးရိမ်မှုဖြင့် နေရပ်ပြန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင်းရှိ တိုက်ပွဲကြောင့် နှစ်ကျော့ပြန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒေသခံများ မိမိနေရပ်သို့ စိုးရိမ်စိတ်ဖြင့်ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားဖြစ်ပွားသည့် တိုက်ပွဲကြောင့် မန်စံဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်ပြည်သူ (၁၈၀) ခန့် ရောက်ရှိလာခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၂၃)ရက် မနက်ပိုင်းတွင် မိမိနေရပ်သို့...
နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းသို့ စစ်ရှောင်များပြန်ရောက်လာ
SHAN -
နမ္မတူမြို့နယ် မန်စံဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီး နာရီပိုင်းအကြာ ပစ်ခတ်တိုက်ခိုက်မှုထပ်ဖြစ်သဖြင့် ရွာသားများ ဘုန်းကြီးကျောင်းသို့ပြန်လည်ထွက်ပြေး လာခဲ့ကြကြောင်းသိရသည်။ ဒီဇင်ဘာ (၁၇) ရက်ည နမ့်တောင်ကုန်းအုပ်စု နားကျဲကျေးရွာအနီး TNLA နှင့် RCSS တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နားကျဲရွာသားနှင့်ထိုအနီးရှိ ပန်ချင်အုပ်စုဝင် ပိန်းလုံကျေးရွာ၊ ကွန်ကျောင်းကျေးရွာ နှင့်...
နမ္မတူတွင်တိုက်ပွဲကြောင့် စစ်ရှောင် ၂၀၀ ကျော်အထိတိုးလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း RCSS/SSA နှင့်မဟာမိတ် တပ်ပေါင်းစုတို့အကြား တိုက်ပွဲကြောင့် စစ်ရှောင် (၂၅၀) ကျော် ရှိလာကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့အကြား မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ၊ ကွန်ကျောင်းကျေးရွာ၊ နားကျိုင်းကျေးရွာ နှင့်...
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး ရွာသား (၁၀၀) ကျော် စစ်ဘေးရှောင် တိမ်းရှောင်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့နံနက်ပိုင်း RCSS/SSA နှင့် မဟာမိတ်တပ်ပေါင်းစုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားသဖြင့် ဒေသခံရွာသား (၁၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ရကြောင်း သတင်းရရှိသည်။ ယနေ့ ဒီဇင်ဘာ (၉) ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာ (၁၅) ဦး၊ ကွန်ကျောင်း (၃၃)...
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါး ရွာသားများစစ်ဘေးရှောင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့မနက်ပိုင်းက RCSS/SSA နှင့်မဟာမိတ်တပ်ပေါင်းစုတို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးသဖြင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ရကြောင်းသိရသည်။ ယနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နားကျဲကျေးရွာအနီး ထိုသို့ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး လက်ရှိသတင်းရေးသားချိန်အထိ ရွာသားများနေရပ်မှ စွန့်ခွါထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုပါသည်။ “နားကျဲကျေးရွာမှာ သေနတ်သံတွေ ကြားရတယ်။ တစ်ချို့ရွာသားတွေ ထွက်ပြေးလာတာတွေရှိတယ်။ မထွက်လာနိုင်သေးတာတွေလည်းရှိတယ်။...
တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်သဖြင့် မိုးကုတ်မြို့ပေါ် စစ်ရှောင် (၁၀၀၀)ကျော်ရောက်ရှိ
မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် စစ်ရှောင်(၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင် လာကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့်နိုဝင်ဘာ(၂၄)ရက်တွင် မိုးကုတ်မြို့နယ် အတွင်း တအာင်း(ပလောင်)တပ်မတော် TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စတင်ပြီး၊ ထိုတိုက်ပွဲဖြစ်ပွားသည့်ဒေသအနီးရှိ ဒေသခံ(၁၀၀၀)ကျော် မိုးကုတ်မြို့ပေါ်သို့ထွက်ပြး လာကြခြင်းဖြစ်ကြောင်း မန္တလေးတိုင်း လီဆူ စာပေနှင့် ယဉ်ကျေးမှု...
ကျောက်မဲမြို့နယ် ကျေးရွာတချို့စစ်ကြောင်းရှိနေသဖြင့် စစ်ရှောင် ၃၀၀ကျော် နေရပ်မပြန်နိုင်သေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်းသက်နေသော်လည်း ကျေးရွာတချို့ စစ်ကြောင်းများ ရှိနေသဖြင့် စစ်ဘေးရှောင် (၃၀၀)ကျော် နေရပ်သို့ ပြန်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်း သိရှိရ သည်။ အောက်တိုဘာ ၁၈ ရက်တွင် စစ်ဘေးရှောင် ပြည်သူများ (၂၀၀၀) ကျော် နေရပ်သို့ပြန်သွားကြပေသာ်လည်း ဟိုနမ့်ကျေးရွာ နှင့်...
သျှမ်းပြည်အစိုးရ ကျောက်မဲ စစ်ရှောင် ၁၇၀၀ ကျော်ထောက်ပံ့ဟုဆို
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ၁၇၀၀ ကျော်ကို သျှမ်းပြည်အစိုးရမှ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းစာရှင်းလင်းမှုတရပ်ပြုလုပ်ခဲ့သည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်နေ့က စပြီး အစိုးရတပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားဖြစ်ပွါးသော တိုက်ပွဲကြောင့် နေရပ်မှစွန့်ခွါထွက်ပြေးရသည့်ကျောက်မဲဒေသခံလူထု ၄၀၀၀ ကျော်ရှိကြောင်း...





