ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ၊ PNO တပ်မှ အင်အားအလုံးအရင်း ဖြည့်တင်းလာ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ PNOပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ ဆီဆိုင်မြို့နယ်ရှိ နောင်ထော်ကျေးရွာဘက်နှင့် ကရင်နီ နယ်စပ်ဘက်တွင် စစ်ကားများ၊ ပြည်သူများထံမှ ချောဆွဲထားသည့် ကားများဖြင့် အဆိုပါ ဒေသဘက်သို့ နေ့စဉ်ပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု ဆီဆိုင်မြို့ခံများက...
နမ့်စန်မြို့ စစ်ကောင်စီထွေအုပ်ရုံးမှ စစ်မှုထမ်းအပတ်စဉ်သစ်အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် မဲနှိုက်ရန် ဆင့်ခေါ်စာပို့ထားကြောင်း စုံစမ်းသိရသည်။ မေလ နောက်ဆုံးပတ်မှ စတင်ပြီး နမ့်စန်မြို့ရှိ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ထွေအုပ်ရုံးမှ မြို့ပေါ်ရပ်ကွက် (၄) ခုအတွင်း နေထိုင်သည့် စစ်မှုထမ်းအကျုံးဝင် အမျိုးသားရှိရာ နေအိမ်များသို့...
ဖားကန့်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ် ဖားကန့်မြိုနယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၈ ရက်) နံနက် ၇ နာရီဝန်းကျင်ခန့်မှ စတင်၍ ဖားကန့်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က အင်အားရာနှင့်ချီ စစ်ကြောင်းထိုးလာပြီး လုံးခင်း၊ လယ်ပြင်နှင့်...
“စစ်ရှောင်ရတာကြာလာရင် စားဖို့သောက်ဖို့မရှိမှာ စိုးရိမ်တယ်”
ကရင်နီ (ကယား) ပြည်နယ်အတွင်း ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းအတွက် အဓိကအရေးပါသည့် လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်လိုသည့် စစ်ကောင်စီတပ်က ဆီဆိုင်၊ ညောင်ရွှေနှင့် ပင်လောင်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလျက်ရှိနေသည်။ တဖက်တွင်လည်း ကရင်နီပြည်နယ်၏ တံခါးပေါက်အဖြင့် အရေးပါသည့် ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်မလာနိုင်စေရန် ကရင်နီတော်လှန်ရေးပူပေါင်းအဖွဲ့များက...
ထိုင်းနိုင်ငံအတွင်း ခိုးသွင်းခဲ့သည့် စိတ်ကြွဆေးပြားအများအပြား ချင်းတောင်း၌ ဖမ်းမိ
SHAN -
ထိုင်းနိုင်ငံ ချင်းတောင်း (Chiang Dao) ခရိုင် Ban Mae Cha Nuea ရှိ တောလမ်းတွင် ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့ အမှတ် ၃၃၅ မှ စိတ်ကြွဆေးပြား ၂,၃၀၀,၀၀၀ ပြားကို သိမ်းဆည်းရမိကြောင်း မယ်ဆိုင်သတင်းက ဖော်ပြသည်။ ယမန်နေ့ မေလ ၂၇ ရက်...
သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ မေလ (၁၉) ရက်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့်...
မိုးဗြဲမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ
သျှမ်းပြည် မိုးဗြဲမြို့နယ် နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများ ဆက်လက် ပြင်ထန်နေကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ပေါင်းစု တို့ နေ့စဉ် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကရော ရှေ့တရက်ကရော တိုက်ပွဲထိတွေ့မှုတွေဖြစ်တယ်။တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်း။...
စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနထုတ် ပုံနှိပ်စာအုပ်များကို စာသင်နှစ်ဆုံးလျှင် ပြန်အပ်ခိုင်းမည်
စစ်ကောင်စီလက်အောက်ရှိ ပညာရေးဝန်ကြီးဌာနသည် ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် အခြေခံပညာသင်ကျောင်းများတွင် ဖြန့်ဝေသည့် ကျောင်းသုံးဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်လည်အပ်နှံခိုင်းမည်ဖြစ်ကြောင်း ကျောင်းသားမိဘများထံမှ သတင်းရရှိသည်။ မေလ (၂၂) ရက်မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်လက်ခံခဲ့ရာ ပုံနှိပ်ဖတ်စာအုပ်များကို စာသင်နှစ်အဆုံးတွင် ပြန်အပ်ရမည် ဖြစ်သောကြောင့်...
သျှမ်းပြည်တောင်ပိုင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ ကျဆင်း၊ တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ
သျှမ်းပြည် တောင်ပိုင်းတွင် ဂေါ်ဖီထုပ်များ ဝယ်သူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် စိုက်ပျိုးထားသည့် တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ ကလောမြို့နယ် အောင်ပန်းမြို့တကြောတွင် ဂေါ်ဖီထုပ်ရာသီချိန် ဖြစ်သော်လည်း ဝယ်သူမရှိသည့်အပြင် ဂေါ်ဖီတစ်ထုပ်လျှင် ၂၀၀ ကျပ်အထိ ဈေးကျနေသည့်အတွက် စိုက်ပျိုး ထားသူများ အရှုံးနှင့်သာ ရင်ဆိုင်နေကြရကြောင်း အောင်ပန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက...
မူဆယ်-နမ့်ခမ်းကြားတွင် လိုင်စင်မဲ့ ကုန်ကားတစ်စီး ကျပ်နှစ်သိန်း စစ်ကောင်စီထံ ပေးဆောင်နေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းမှ လားရှိုးသို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ လိုင်းကားများကို စစ်ကောင်စီက တစ်စီးလျှင် ကျပ်ငွေ နှစ်သိန်းနှုန်း ဖြင့် ကောက်ခံနေကြောင်း သတင်းရရှိသည်။ ၂၀၂၅ ခုနှစ် မေလတတိယပတ်မှ စ၍ ယနေ့အထိ မူဆယ် - နမ့်ခမ်းမှ လားရှိုး သို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ မော်တော်ယာဉ် များ ကို နမ့်ခမ်းမူဆယ်လမ်းပိုင်း လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားဂိတ်တွင် တစ်စီးလျှင် ကျပ်နှစ်သိန်း နှုန်းဖြင့် စစ်ကောင်စီဂိတ်များက ကောက်ခံနေကြောင်းအမည်မဖေါ်လို သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။ “မူဆယ် နမ့်ခမ်းကနေ လားရှိုး ကုန်တင် ပြေးဆွဲနေတဲ့ တစ်ချို့ လိုင်စင်မဲ့ အန်စာတုံး တို့ အယ်လာဖတ် တို့လို ကားကို တစ်ခေါက် နှစ်သိန်းကောက်နေတယ်” ဟု အမည်မဖေါ်လိုသူ နမ့်ခမ်း ကားဆရာတစ်ဉီး ကပြောသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံများ နှင့် ဌာနဆိုင်ရာများ အသုံးပြုနေကြသော မော်တော်ယာဉ်အများစုမှာ လိုင်စင်မဲ့များဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။ မေလလယ်ပိုင်းကစပြီး လိုင်စင်မဲ့မော်တော်ယာဉ်များကို အရေးယူမည်ဟု အာဏာသိမ်း စစ်ခေါင်း ဆောင် မင်းအောင်လှိုင် ပြောကြားထားသည်။ “အရင်က တင်လာတဲ့ကုန်ပေါ်မူတည်ပြီး တောင်းတာလောက်ပဲ၊ အဲ့တာ နဲလို့ ဒီလိုင်စင်ကို အကြောင်းပြပြီး ငွေ တောင်း တယ်၊ လိုင်စင်မရှိလို့ ငွေတောင်းတဲ့ အပြင် သူတို့တင်လာတဲ့ ကုန်ပေါ်မူတည်ပြီးတော့ ထပ်ကောက် သေး တယ်၊ ငွေရလမ်း နှစ်ခုဖြစ်သွားတာပေါ့” ဟု လုံခြုံရေးအရအမည်မဖေါ်လိုသည့် မူဆယ်ဒေသခံ တစ်ဉီးကပြောသည်။ မူဆယ်နမ့်ခမ်းလမ်းပိုင်းရှိ လွယ်ဆုတောင်းနှင့် ပန်ခမ်းတံတားတွင် စစ်ကောင်စီက စတင် စစ်ဆေးနေ ပြီး TNLA ထိန်းချုပ်သော နမ့်ခမ်းမြို့တွင်လည်း မေလ ၂၅ ရက်မှစ၍ မော်တော်ကားလိုင်စင်များကို လုပ်ခိုင်းကာ တစ်စီးလျှင် ကျပ် ၂ သိန်းမှ ၅ သိန်းထိ ကောက်ခံနေသည်ဟု ဒေသခံများ၏ ပြောကြား ချက်အရသိရသည်။ ထို့ပြင် ပြီးခဲ့သည် ဇန်နဝါရီလအတွင်း မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ တရုတ်လိုင်စင်မဲ့ကားများကိုမြန်မာပြည်အတွင်း ပေါ်တင် သွင်းခဲ့သေးသည်။ အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။






