နောင်ချိုတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို SSPP က ကူညီပေးနေဆိုသည့် ရုပ်သံဖိုင်အမှား

ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ တိုက်ပွဲအတွင်း ဒဏ်ရာရထားသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကူညီသယ်ယူပို့ဆောင်ပြီး ဆေးဝါးကုသပေးနေကြောင်း ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းအမှား ဖြန့်ချိနေပါသည်။

အဆိုပါ အကြောင်းအရာကို လူမှုကွန်ရက်စာမျက်နှာ Facebook Page အကောင့်တစ်ခုမှ ယနေ့ ဇူလိုင် ၁၇ ရက်နေ့တွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

၎င်းက “နောင်ချိုတိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို ကူညီသယ်ယူပို့ဆောင် ဆေးဝါးကုသမှု လုပ်ပေးနေတဲ့ ရှမ်းပြည်တိုးတက်ရေးတပ် (SSPP/SSA) တပ်ဖွဲ့” ဟု (မူရင်းအတိုင်း) ဆိုကာ ရုပ်သံဖိုင်တစ်ခုနှင့် အတူ ရေးသားဖြန့်ချိခဲ့ရာ ကြည့်ရှုသူပေါင်း ၇,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေသူပေါင်း ၆၀ ကျော်အထိ ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/DUqGi

လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပျံ့နှံ့လာသော ရုပ်သံဖိုင်ကို သျှမ်းသံတော်ဆင့်နှင့် MPA တို့ ပူးပေါင်းပြီး InVID Tools ဖြင့် စစ်ဆေးကြည့်သောအခါ အဆိုပါရုပ်သံဖိုင်သည် အဟောင်းဖြစ်နေပြီး အကြောင်းအရာများအား ကွဲလွဲနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ အဆိုပါရုပ်သံဖိုင်သည် လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မှ ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား စစ်သုံ့ပန်း၏ မိသားစုဝင်များကို ကိုးကန့်တပ် MNDAA က ပြန်လွှတ်ပေးခြင်းဖြစ်ပြီး ထိုမိသားစုဝင်များကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ လာရောက်ခေါ်ဆောင်ကာ ကူညီပို့ဆောင်ပေးခြင်း ဖြစ်စဉ်မှ ရုပ်သံဖိုင် ဖြစ်သည်။

မောင်း လူမှုမီဒီယာ page မှ ၂၀၂၄ ဩဂုတ် ၁၂ရက်နေ့တွင် တင်ထားသော “လားရှိုးမြို့မှာ MNDAA က ပြန်လွှတ်ပေးနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ မိသားစုဝင် ၂ ထောင်ကျော်အထိ ရှိလာ (ရုပ်/သံ)” ဆိုသည့် ခေါင်းစဉ်နှင့် သတင်းတင်ဆက်ထားသည့် ဗီဒီယိုဖိုင်နှင့် ယှဉ်တူနေသည်ကို တွေ့ရှိရပါသည်။

မူရင်းရုပ်သံဖိုင်ကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။

မောင်း – https://shorturl.at/SeYcF

ထိုအကြောင်းအရာနှင့်ပတ်ပြီး သတင်းမီဒီယာဌာန ဖြစ်သည့် ခေတ်သစ်နှင့် မဲခေါင် သတင်းဌာနတို့က ၂၀၂၄ သြဂုတ် ၁၂ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံကိုမူရင်းလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ခေတ်သစ်မီဒီယာ- https://yktnews.com/2024/08/178521/


မဲခေါင် သတင်းဌာန- https://shorturl.at/ka2U8

သုံးသပ်ချက်

ထိုကြောင့် နောင်ချိုမြို့ တိုက်ပွဲအတွင်း ဒဏ်ရာရထားသော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကူညီသယ်ယူပို့ဆောင်ပြီး ဆေးဝါးကုသပေးနေသည် ဆိုသည့် အကြောင်းအရာက မှားယွင်းချိတ်ဆက်ထားခြင်းဖြစ်သည်။

အင်တာနက်စာမျက်နှာပေါ်တွင် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင် စသည့် အဟောင်းများကို ယခုဖြစ်နေသည့် အကြောင်းအရာနှင့်ချိတ်ဆက်၍ ပြန်လည်တင်ပြခြင်းဖြင့် သတင်းအမှားဖန်တီးမှုများစွာရှိသည်ကို သတိပြုစေလိုပါသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ထိုင်း ၁၀ ဘတ်တန် ဘတ် ၂.၅၄ သန်းဖြင့် စံချိန်တင် လေလံအောင်

0
၁၉၉၀ ပြည့်လွန်နှစ်များက လက်ဝယ်သုံးစွဲခဲ့သည့် ရှားပါး ထိုင်း ၁၀ ဘတ်တန် အကြွေစေ့တစ်စေ့သည် အွန်လိုင်း လေလံပွဲတစ်ခုတွင် ထိုင်းဘတ်ငွေ ၂.၅၄ သန်း (မြန်မာကျပ် သိန်း ၃,၂၀၀ ကျော်) အထိ စံချိန်တင် ဈေးနှုန်းဖြင့် လေလံအောင်မြင်သွားခဲ့ပြီး နိုင်ငံ၏ တန်ဖိုးအရှိဆုံး စုဆောင်းပစ္စည်းများအနက်...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...