ရွာငံ စစ်ကောင်စီတပ် စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားပြီး ၎င်းတို့စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ရုတ်တရက် ဝင်ရောက်လာပြီး ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ယနေ့ (ဇူလိုင် ၂၁ ရက်)အထိ ကျေးရွာအတွင်း ဆက်လက်တပ်စွဲ နေထိုင်နေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ တပ်စွဲနေထိုင်စဉ်အတွင်း စစ်ကောင်စီတပ်သားများကို ကျေးရွာအလိုက် ထမင်းထုတ်များ နေ့စဉ်ပို့ပေးနေရပြီး တစ်ရွာလျှင် ငွေကျပ်(ငါးသိန်း)၊ တစ်အိမ်လျှင် ကျပ်(၂၀၀၀) ကောက်ခံ၍ စစ်ကောင်စီတပ်သားများကို ပေးဆောင်နေရကြောင်း အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာမှာနေတာ ခုဆို ၃ ရက်လောက်ရှိပြီ၊ သူတို့ တပ်စွဲထားတဲ့ ဘုရားကုန်းနားကို ထမင်းထုတ် ပို့ရတယ်။ ပိုက်ဆံလည်း တစ်ခါလာရင် တစ်ရွာလုံး ငါးသိန်း ပေးနေရတယ်၊ သူတို့တစ်ခါ လာရင် မလွယ်ဘူး။ ဘယ်နေရမှန်းမသိ စားရမှန်းမသိနဲ့ အသက်တောင် ဖြောင့်အောင် မရှုနိုင်ဘူး။ သူတို့က တစ်လမှာ သုံးခါလောက်ကို လာနေတာ တစ်ခါလာရင် ငါးရက်လောက်နေတာ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများက ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ တစ်ခါတပ်စွဲလျှင် အင်အား ၃၀ ဝန်းကျင် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သားများသည် ရွာငံမြို့နယ် မြစေတီကျေးရွာ၊ မြသိန်းတန်ကျေးရွာဘက်သို့ မကြာခဏ စစ်ကြောင်းထိုးနေပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း သိရသည်။

“မြသိန်းတန်နဲ့ မြစေတီက ဖုန်းလိုင်းဖြတ်ထားတာ။ အဆက်အသွယ်လည်း မရဘူး၊ စစ်ကောင်စီတပ်ကလည်း တောက်လျှောက်ဝင်နေတာ။ နေအိမ်တွေမှာ တပ်စွဲတာ ဘုန်းကြီးကျောင်းမှာ တပ်စွဲတာတို့ လုပ်နေတာ။ ရွာသားတွေလည်း အသွားအလာ မဖြောင့်နေဘူး၊ အကုန်ကြောက်နေကြရတာ”ဟု အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်တွင် စစ်ကောင်စီခန့်အပ်ထားသည့် အထွေထွေအုပ်ချုပ်ရေးဌာန ဝန်ထမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး ယနေ့ (ဇူလိုင် ၂၁ ရက်) အထိ အဆက်အသွယ် မရသေးသည့်အပြင် ထိုနေ့မှစ၍ စစ်ကောင်စီတပ်များက မြစေတီနှင့် မြသိန်းတန်ကျေးရွာသို့ ရက်ခြားဝင်ရောက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာတွင်လည်း စစ်ကောင်စီတပ် လာရောက်တပ်စွဲထားပြီး ရွာအဝင်အထွက်များကို တင်းကြပ်စွာ စစ်ဆေးလျက်ရှိကာ အချိန်အကန့်သတ်ဖြင့်သာ ရွာဝင်ထွက်ခွင့်ရကြောင်း နွားဘန်းကြီးရွာဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်သားများက ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများအတွင်း ဝင်ရောက်၍ အတင်းအကြပ် စုဝေးခိုင်းကာ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများကို စောင့်ရှောက်ရန် အကာအကွယ်ပေးရန်နှင့် ပျူစောထီးအဖွဲ့ဝင်များ တစ်ခုခုဖြစ်ခဲ့လျှင် ရွာခံများကို အပြစ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...