“ကျနော်က မိသားစုကို ဖီဆန်ပြီး ဒီလမ်းကို ရွေးခဲ့တာ၊ ဒီတော်လှန်ရေးအတွက်ကိုပဲ ဘဝကိုပုံအပ်လိုက်တာ၊ဘဝ တင်မကဘူး နောက်ထပ်အသစ်တွေကိုလည်း ရင်းလိုက်ရတယ်” လို့ ကိုသူရက ဆိုထားပါတယ်။ စစ်အာဏာမသိမ်းခင်က ကိုသူရ ဟာ တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုလူငယ်အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ အနာဂတ်မှာ လွှတ်တော်အမတ်ဖြစ်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန် မှာတော့ လွှတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲခဲ့ရသူဖြစ်ပါတယ်။ “အခုတော့ လက်နက်ကိုင် တော်လှန်ရေးသမားပေါ့၊ လုပ်ချင်တဲ့အရာတွေ ဆုံးရှုံးသွားပေမယ့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် မနိုင်သေးခင်မှာတောင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်” လို့ ကိုသူရက ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာနေရာကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီးနောက်အလောင်းကိုပဲ ပြန်ပေးတာမျိုးရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ “စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေး လူငယ်တွေ အပါအဝင် အပစ်မဲ့ ပြည်သူကိုလည်းရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတဲ့အနေအထားမှာ အဓိက က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့၊ တစ်နေ့ကျရင် သူတို့(စကစ)ကို လက်တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ၎င်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ရက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၃၅၁) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၁၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၄၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုထဲမှ သျှမ်းပြည်မှ သေဆုံးသွားတဲ့ သူရဲကောင်းများမှ စက်တင်ဘာ ၁၁ရက် ထိ စာရင်းအရ ၄၄ဦးရှိပြီး၊ဖမ်းဆီးခံရသူ ၃၆၈ဦးရှိကာ အများစုမှာ လူငယ်များဖြစ်ကြောင်း သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားရေးအသက်း (SWAN) က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသက် ၂၅ နှစ်အရွယ် နန်းနှင်းငယ်လည်း ပါပါတယ်။ စစ်အာဏာရှင်ကို တော်လှန်မှုကြောင့် ၅၀၅ နဲ့ ဖမ်းဝရမ် ထုတ်ခံရပြီး လက်ရှိမှာ အိမ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ စစ်အာဏာသိမ်း ၁၀ လကျော်ကာလအတွင်းမှာ အနာဂတ်ပျောက်နေမှုကို ခံစားနေရကြောင်းလည်းနန်းနှင်းငယ်က ဆိုပါတယ်။ သူမဟာ လူ့အခွင့်အရေး ၊ အမျိုးသမီးအရေး ကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး၊လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်း လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ “ သျှမ်းပြည်ရဲ့ ကျေးလက်ဒေသတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေ သိပ်မသိကြဘူး။ ကျမကပညာပေးမှုတွေကို ပြုလုပ်တယ်။ ဒီစစ်အာဏာရှင်ကိုယ်တိုင်က လူ့အခွင့်အရေးတွေ ချိုးဖောက်သူ၊ လူ့အခွင့်အရေး သမားတွေဖမ်းဆီးနေတာလေ။ ကျမလည်း ဖမ်းဝရမ်းထုတ်ခံရတယ်” လို့ နန်းနှင်းငယ် က ပြောပါတယ်။ လက်ရှိမှာတော့ သူမဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် သူမရဲ့စိတ်ကတော့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက် စိုးရိမ်နေရကြောင်း၊ လက်တလောမှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လုပ်ဆောင်နေကြောင်းလည်း နန်းနှင်းငယ် က လက်ရှိ ကြုံနေရတာတွေကို ပြောပါတယ်။ “တကယ်လို့ အာဏာသိမ်းမှု မရှိခဲ့ရင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဖြစ်နေလောက်ပြီ၊အခုတော့ အိမ်ရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားရအုံးမယ်လေ” လို့ ခံပြင်းသံဖြင့် အသံနဲ့ နန်းနှင်းငယ်ကပြောပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတွေကြောင့် လူငယ်တွေများစွာ မတရားဖမ်းဆီးခံရခြင်း၊ ပစ်သတ်ခံရတဲ့အပြင်လူငယ်တချို့က အနာဂတ်များ ဝေဝါးနေရဆဲဖြစ်ကြောင်း သျှမ်းပြည်ပညာရေးကဏ္ဍမှာ အစဥ်အမြဲလုပ်ဆောင် နေတဲ့ စိုင်းအိုက်ခေး ကလည်း ဆိုပါတယ်။ “ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေက ဘာမှဆက်လုပ်ကိုင်လို့ အဆင်မပြေဘူး၊ တစ်ဖက်ကလည်းကိုယ်က ဒီတော်လှန်ရေးကိုပဲ စိတ်က ရောက်နေတော့ ကျန်တဲ့ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ဘူး” လို့ စိုင်းအိုက်ခေးက သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြောပြပါတယ်။ ဒီကာလဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအဖွဲ့နဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ သူတွေအနေနဲ့ အရင် နေဝင်းခေတ် သို့မဟုတ် အမှောင်ခတ် ကလို ပြန်ရောက်သွားပြီ။ပုန်းလျှိုးကွယ်လျှိုး သို့မဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုနဲ့ ဆက်လုပ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူက ပြောပါတယ်။ “အခုကပြောရမယ်ဆိုရင် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ လမ်းတွေပျောက်နေတယ်၊ ခေတ်လည်း မကောင်းတော့ဘူး၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးစိုးတဲ့ခေတ်က အမှောင်ခတ်ပေါ့” လို့စိုင်းအိုက်ခေးက ဆိုထားပါတယ်။ ဒါ့အပြင် ကုန်စေ◌ျးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အသက်ရှင်ဖို့ကိုပင် ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ “ကုန်ဈေးတွေကလည်းတက်လာတဲ့အချိန် အရာရာကိုချွေတာပြီး သုံးစွဲနေရတယ်၊ အမျိုးသားရေး အတွက်လူမှုရေးအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်ထက် အသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” လို့ စိုင်းအိုက်ခေး ကညီးထွားပြီး ပြောလာပါတယ်။ အာဏာသိမ်းခံရပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက လူငယ်တွေဟာ ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ သူတို့ အိပ်မက်ပန်းတိုင်ကို စွန့်လွတ်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ လူငယ်လူရွယ်များစွာဟာ အရောင်မတူ ယုံကြည်ချက်ခြင်း မတူညီကြပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မိမိလူမျိုး မိမိတိုင်းပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေက တူညီနေတာကို တွေ့မြင်ရပါတယ်။
မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ
SHAN -
သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ်ငွေလဲသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကိုင် ပဋိပက္ခကြားက မြေစာပင်များ
SHAN -
“သူက ရင်ဘက်အောင့်တယ်လို့ တစ်ခွန်းပဲ ပြောပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်လာတယ်၊ ကျမလည်း အရမ်းထိတ်လန့်သွားတော့ ဘာလုပ်ရမယ် မသိတော့ဘူး၊ သူ့ကို တစ်ဖက်က ပွေ့ထားပြီး အော်ငိုတာပေါ့” လို့ အမျိုးသမီး တစ်ဦးက ရှိုက်ငိုသံနဲ့ ရင်ဖွင့်ပါတယ်။ မျက်စိရှေ့မှာတင် သူ့ရဲ့ အမျိုးသားကို သေနတ်နဲ့ အနီးကပ် ပစ်သတ်သွားတာကို...
သျှမ်းပြည်အတွင်းရှိ PDF တပ်ဖွဲ့များ လက်နက်လာအပ်ရန် စစ်ကောင်စီ တိုက်တွန်း
SHAN -
သျှမ်းပြည်အတွင်းရှိ တချို့သော မြို့ကြီးများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များအားလက်နက်လာရောက် အပ်နှံရန် စစ်ကောင်စီက လိုက်လံဆော်သြနေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ကလောနှင့် တချို့သော မြို့များတွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ကိုင်ဆောင်ထားသည့် လက်နက်များ အပ်နှံရန် ဒီဇင်ဘာ ၂၅ ရက်နေ့က လိုက်လံကြေညာခဲ့ကြောင်း သိရသည်။ “အခုလို နိုင်ငံရေးမငြိမ်မသက်တဲ့အချိန်မှာ လက်နက် လာအပ်ပေးရင် အရေးမယူဘူးတဲ့၊ ခွင့်ပြုလက်မှတ်နဲ့ကိုင်ထားတဲ့ လက်မှတ်တွေလည်း လာအပ်ဖို့ ကားနဲ့ လှည့်ပြီးအော်တယ်” ဟု ကလောမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ထို့အပြင် လက်နက်ကိုင်ဆောင်သူ များပြားပြီး ပစ်ခတ်မှု မကြာခဏဖြစ်လေ့ရှိသည့် တာချီလိတ်မြို့တွင်လည်း လက်နက်ရှိသူများ လာရောက်အပ်နှံရန် စစ်ကောင်စီတပ်သားများက လိုက်လံကြေညာနေကြောင်းလည်း သတင်းသိရသည်။ “တာချီလိတ်မှာ သေနတ်ကိုင်တဲ့သူတွေ အဲ့လောက်များတာ သူတို့စကားကို ဘယ်သူက အရေးလုပ်မှာလဲ၊တာချီလိတ်မှာ ပြည်သူ့စစ် အမည်ခံပြီး လုပ်စားနေတဲ့သူလည်း အများကြီးရှိတယ်လေ၊ ဒီလို လိုက်ပြီးပြောတာတော့ ထိရောက်မှုမရှိဘူးထင်တယ်” ဟု တာချီလိတ်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ သျှမ်းပြည်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်ပေါများသည့်အလျောက် စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် မြို့မျက်နှာဖုံး သူဌေးများအပါအဝင်လူအများအပြားတွင် သေနတ်ကိုင်ဆောင်လာကြောင်း စုံစမ်းသိရသည်။
သျှမ်းအမျိုးသား ကာယဗလ မောင် ပထမဆု ထပ်မံရရှိ
သျှမ်းအမျိုးသား ကာယဗလမောင် စိုင်းဆိုင်အွန်သည် ယခုလအတွင်း ဖူးခက်မြို့တွင်ကျင်းပသည်က့်ယ ဗလပြိုင်ပွဲ၌ ပထမ ထပ်မံဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၅ - ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပသည့် Thailand Southern Bodybuilding Championships ပြိုင်ပွဲ၌ ပထမဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။။ အဆိုပါ ပြိုင်ပွဲတွင် စိုင်းဆိုင်အွန်သည် အမြင့် 175 cm အထက်ပြိုင်ပွဲမှာ ခါးနံပါတ် (၈၇)ဖြင့် (၅)ယောက်တွဲပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။ ပထမဆုအဖြစ် အမျိုးသားဗလမောင် ရုပ်ထုနှင့် ထိုင်းဘတ်ငွေ ကျပ် (၁)သောင်း ရရှိခဲ့တာဖြစ်သည်။ နိုဝင်ဘာလတွင်လည်း ထိုင်းနိုင်ငံ ပတ္ထရားမြို့ တွင်ကျင်းပသည့် ကာလ ဗလပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့ဖူးသူဖြစ်သည်။ စိုင်းဆိုင်အွန်သည် အသက် ၂၆နှစ်အရွယ်ရှိပြီး လုံးစင်နှင့် ပါခမ်း တို့၏ သားဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ဇာတိဖြစ်သည်။
စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောက်မယ်ဒေသခံများ
SHAN -
စွတ်ကျယ်အင်္ကျီနဲ့ ဟောင်းနွမ်းနေတဲ့ ပုဆိုးကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေ ပေကျံနေသူတစ်ဦးက ဆာလာအိတ်ကို အခင်းလုပ်ထိုင်ကာ ကျောက်တုံးငယ်တစ်တုံးကို အာရုံစိုက်ပြီး ထုဆစ်နေပါတယ်။ အဲဒီလူရဲ့ ဘေးပတ်ပတ်လည်မှာ ဂေါ်ဒန်ကျောက်တုံးတွေ၊ ဘုရားဆင်းတုတော်တွေ၊ နောက်ပြီး ပုံတူ ရုပ်ထုတွေလည်း ရှိနေပါတယ်။ သူကတော့ ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းတမော့ ပညာရှင် ဦးစိုးမောင်...
နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...
ရွှေညောင်မြို့ ရှိ စာသင်ကျောင်းလုံခြုံရေးကို ကျောင်းသားမိဘများ အလှည့်ကျကင်းစောင့်ရ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စာသင်ကျောင်းများတချို့တွင် ကျောင်းသားမိဘများက အလှည့်ကျ ကင်းစောင့်ရကြောင်း သတင်းသိရသည်။ ညောင်ရွှေမြို့တွင်းမှ အမှတ် ၉ အထက်တန်းကျောင်းနှင့် တခြားသော အလကကျောင်းများတွင် ကျောင်းတက်နေ သည့် ကျောင်းသား၏ မိဘများကို ကျောင်းသားများလုံခြုံရေးအတွက် ဆိုသည့် အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် ညွှန်ကြားမှုများ ရှိကြောင်း...
ဗထူးတပ်မှ စစ်သားများ လမ်းသွားလမ်းလာများကို တားဆီး ရိုက်နှက်စစ်ဆေး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ဗထူးတပ်ရှိ တပ်သားများသည် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးပြီး စစ်ဆေးမှုများပြုရာတွင် ရိုက်နှက်မှုများပါရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခွဲဝန်းကျင်အချိန်တွင် အပြင်ထွက်လာသည့် လူငယ်နှစ်ဦးကို ဗထူးတပ်မှ တပ်သားတို့က တားဆီးစစ်ဆေးပြီး ရိုက်နှက်ခြင်းလည်း ရှိခဲ့ကြောင်း သိရသည်။ “ည...
ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့်...





