Sunday, February 22, 2026

CATEGORY

သတင်း

ကလောမြို့ EPC ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်းရှိ ကလောမြို့ EPC ရုံးဝင်းတွင် ဗုံးတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) ည ၈ နာရီကျော်တွင် ကလောမြို့ EPC ရုံးရှေ့ အလံတိုင်အနီးတွင် ချိန်ကိုက်လက်လုပ် ဗုံးတစ်လုံး ပေါက်ကွဲပြီး ရုံးဆင်းရန်ပြင်နေသည့် ဝန်ထမ်းနှစ်ဦး...

သိန္နီမြို့နယ်၊ မိုင်းလီ စာသင်ကျောင်းအနီး ပစ်ခတ်သံများ ထပ်မံကြားရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် သိန္နီမြို့အတွင်းတွင် သေနတ်ပစ်ဖောက်သံများနှင့် လက်နက်ကြီး လက်နက်ငယ် အသံများ ထပ်မံကြားရကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက် ၇ နာရီကျော်ဝန်းကျင်အချိန်တွင် သိန္နီမြို့နှင့် လားရှိုးကြားရှိ မိုင်းလီကျေးရွာအနီးတွင် ပစ်ခတ်သံများကြား ရပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခြင်းကိုမူ မသိရကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသံကတော့...

SSPP မှ ဖမ်းခေါ်သွားသည့် စစ်သုံ့ပန်း (၁၃)ဦး ပြန်လွှတ်ပေးမည်ဟုဆို

သျှမ်းပြည်အတွင်း သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် SSPP/SSA မှ RCSS/SSA ၏ တပ်သား စစ်သုံ့ပန်း (၁၃)ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ပြန်လည်လွှတ်ပေးမည်ဟု SSPP ထံမှ စုံစမ်းသိရသည်။ ထို စစ်သုံ့ပန်း (၁၃)ဦးကို နိုဝင်ဘာ ၉ ရက်နှင့် ၁၁ ရက်နေ့တွင် သျှမ်းပြည်တိုးတက်ရေးပါတီ...

ပင်လောင်းမြို့ ကိုဗစ် ၁၉ ဆက်လက်ထိန်းချုပ်ရန် Lockdown ထပ်တိုး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်ရန်အတွက် Lockdown ဆက်လက် ချသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ပင်လောင်းမြို့နယ် လော့ဒေါင်းကို နိုဝင်ဘာ ၂၁ ရက်ထိ ဆက်လက် ချထားမည်ဖြစ်ကြောင်း ပင်လောင်းမြို့ ကိုဗစ် ၁၉ ပရဟိတ အဖွဲ့က ပြောသည်။ “ဟုတ်ပါတယ်။ လော့ဒေါင်းကို ဆက်တိုးထားမှာပါ။...

တာချီလိတ်မြို့ အိမ်ထဲထိ ဓားပြဝင်တိုက်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မိုင်းဖုန်း(ခ)ရပ်ကွက် နေအိမ်တစ်လုံး ဓားပြတိုက်ခံရပြီး ထိုင်းဘတ်ငွေ ၇ သိန်းခန့် ပါသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်ဖြင့်လာသော အမျိုးသား ၂ ဦးသည် တာချီလိတ်မြို့ မိုင်းဖုန်း (ခ)ရပ်ကွက်ရှိ လုံးစိုင်းဆမ်၊...

ဟဲဟိုးမြို့ ပရဟိတအဖွဲ့ဝင် (၁၀)ဦး ဖမ်းဆီးခံရ၊ ယနေ့ထိမလွှတ်သေး

သျှမ်းပြည်တောင်ပိုင်း ဟဲဟိုးမြို့ “စုပေါင်းအင်အား” ပရဟိတ အဖွဲ့ဝင် (၁၀)ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ထို ပရဟိတအဖွဲ့ဝင် (၁၀)ဦးကို နိုဝင်ဘာလ (၂)ရက်နေ့ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်တွင် စစ်ကောင်စီအုပ်စုမှ အကြောင်းပြချက်မဲ့ ဖမ်းဆီးခဲ့ပြီး ထိုဖမ်းဆီးခံရသည့်သူများထဲတွင် အမျိုးသား (၉)ဦးနှင့် အမျိုးသမီး...

ကျောက်မဲ မိုင်းထိ အမျိုးသား တစ်ဦး ခြေတစ်ဖက် ဖြတ်ရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံးလုံကျေးရွာဒေသခံ အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာတွင် မိုင်းနင်းမိခဲ့ပြီး ထိုမိုင်းထိဒဏ်ရာကြောင့် ခြေတစ်ဖက် ဖြတ်လိုက်ရကြောင်း သတင်းသိရသည်။ ထို အမျိုးသားမှာ အသက် (၅၆)နှစ်ရှိ ဦးစံညွန့်ဖြစ်ပြီး လက်ရှိတွင် ကျောက်မဲဆေးရုံ အရိုးကုဆောင်တွင် ဆေးကုသမှု ဆက်လက်ခံယူနေကြောင်း သိရသည်။ “ညာဘက် ဒူးအောက်ကနေ ဖြတ်လိုက်ရတာ၊ မန္တလေးမှာ...

မိုင်းကိုင် ပန်ကေတု စစ်ရှောင်(၃၀၀)ကျော် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် (၃၂၀)ကျော် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ နေရပ်သို့ မပြန်နိုင်သေးသည့် ကုန်းလျန်းကျေးရွာက ဒေသခံများသည် ကျေးရွာအတွင်း နှစ်ဘက် စစ်ရေးတင်းမာမှု ရှိနေသောကြောင့် နေရပ်သို့ မပြန်ရဲသေးကြောင်း စစ်ရှောင်အမျိုးသား တစ်ဦးက ပြောသည်။ “စားနပ်ရိက္ခာတွေလည်း မရှိတော့ဘူး။ အလှူရှင်တွေ ရောက်မလာတာ...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

မိုင်းယန်းမြို့ အဝင် ယာဉ်များ ကိုဗစ် -၁၉ စစ်ဆေးပြီး ငွေကျပ် (၁)သောင်း ကောက်ယူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်အဝင် ယာဉ်များကို ကိုဗစ် - ၁၉ ပိုး ရှိမရှိ စစ်ဆေးပေးပြီး စစ်ဆေးခ တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) ကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာ ၁၃ ရက်နေ့မှစပြီး မိုင်းယန်းမြို့ထဲသို့ဝင်လာသည့် ကုန်တင်ယာဉ်များနှင့် ယာဉ်နောက်လိုက်ပါလာသည့် သူများကို ကိုဗစ် - ၁၉...

Latest news