နမ့်ခမ်းမြို့ပေါ် TNLA တပ်သားအများအပြားရောက်၊ ဒေသခံများ ကြောက်လန့်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်း (၉)နာရီဝန်းကျင် တွင် TNLA တပ်သား ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် တပ်သားများရောက်လာသဖြင့် စျေးဆိုင်များ အလန့်တကြား ပိတ်သိမ်းရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၅) ရက်သည် နမ့်ခမ်းမြို့၏ (၅)ရက် တစ်စျေးနေ့ ဖြစ်ကာ...
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတု စစ်ဆေးရေးဂိတ်တွင် ဖမ်းခံရသည့် မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦး တစ်လကျော်ကြာ ယနေ့ထိတိုင် မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။ မိုင်းပန်မြို့ဒေသခံ စိုင်းထိန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သီပေါမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်သို့ သွားစဉ် မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဆေးရေးဂိတ်အနီး...
ကျောက်မဲစစ်ရှောင် (၄၀၀)ကျော် ရပ်စောက်မြို့နယ်သို့ ပြောင်းရွှေ့
သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် စစ်ရှောင်(၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ်သို့ ထပ်မံပြောင်းရွှေ့ တိမ်းရှောင်သွားကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ ၂ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင် (၄၀၀)ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ “တချို့က ရပ်စောက်ဘက်ကို ပြောင်းသွားတယ်၊...
သီပေါမြို့နယ် တပ်သားစုဆောင်မှုကြောင့် ပြည်သူများ ရှောင်တိမ်းနေရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် တပ်သားလာစုဆောင်းနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် သီပေါမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များက တပ်သားစုဆောင်းမှု ပြုလုပ်နေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သီပေါမြို့ ဒေသခံများက ပြောသည်။ “ခုတလော တိုက်ပွဲက ငြိမ်သွားပြီ။ တိုက်ပွဲမဖြစ်တော့ဘူး။ စစ်ရှောင်တွေလည်း...
နမ့်ခမ်း မြို့မစျေးထဲ ပစ်ခတ်မှုဖြစ် အမျိုးသား (၂)ဦးသေ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မစျေးအတွင်း ယနေ့ (ဇန်နဝါရီ ၄ ရက်) နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ထိုပစ်ခတ်မှုဖြစ်ပွားပြီး နမ့်ခမ်းမြို့မစျေးထဲ ဖွင့်လှစ်ထားသည့် စျေးဆိုင်များ အလုအယက် ပိတ်သိမ်းလိုက်ရကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။ “သေတဲ့ (၂)ယောက်က ဆက်ကြေးလာကောက်တဲ့ (TNLA)...
စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ဟိုက်ကွီကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီ ၃ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်းခဲ့ပြီး...
သျှမ်းပြည်အတွင်းမှ မွေးမြူရေးပျားအုံများ ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းအတွင်း လုပ်ကိုင်ကြသည့် မွေးမြူရေး ပျားအုံများ ပိုမိုဖျက်ဆီးခံလာရကြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူများထံ စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ပျားအုံပေါင်း ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ပျားမွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်တုန်းကတော့ ဒီ...
မိုင်းကိုင်မြို့နယ် စစ်ရေးတင်းမာနေဆဲ ဒေသခံများ ထပ်မံထွက်ပြေးနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ (၂၉)ရက်မှ စတင်ပြီး မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သဖြင့် ဒေသခံပြည်သူများ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာအုပ်စုအတွင်းရှိ...
SHAN -
ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး မူကြမ်း အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )မှ ချပြသွားရန်ရှိကြောင်း သတင်းရရှိသည်။ “၂၀၂၂ ခုနှစ်ထဲမှာ ကျနော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကို ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကိုအခြေခံတဲ့...
ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်ဝန်းကျင်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား...






