ဖက်ဒရယ်အခြေခံသည့် သျှမ်းပြည်ဖွဲ့စည်းပုံမူကြမ်းကို သျှမ်းပြည်တွင်းရှိ EAOs နှင့် ပါတီများ၊ CSO များ ထံသို့ CSSU ချပြမည်

ဖက်ဒရယ်ကို အခြေခံသည့် တန်းတူညီမျှရေး သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး မူကြမ်း အတည်ပြုထားပြီး သျှမ်းပြည်တွင်းရှိ လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ CSO များကို ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )မှ ချပြသွားရန်ရှိကြောင်း သတင်းရရှိသည်။

“၂၀၂၂ ခုနှစ်ထဲမှာ ကျနော်တို့လုပ်မယ့် လုပ်ငန်းစဉ်ကို ပြောရမယ်ဆိုရင်တော့ ဖက်ဒရယ်ကိုအခြေခံတဲ့ တန်းတူညီမျှရေးကို အခြေခံတဲ့ သျှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ကျနော်တို့ မူကြမ်းအတည်ပြုထားပြီဖြစ်တယ်” ဟု CSSU မှ အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၂၈)ရက်နေ့က ထို ဥပဒေကို ပဏာမ မူကြမ်းအဖြစ် အတည်ပြုထားပြီဖြစ်ပြီး ထိုအတည်ပြုထားသည့် ဥပဒေ မူကြမ်းကို (CSSU) အဖွဲ့ဝင် သာမက သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ CSO အဖွဲ့အစည်းများထံ တွေ့ဆုံပြီး ဥပဒေမူကြမ်းများကို ချပြသွားမည်ဖြစ်ကြောင်း (CSSU) အတွင်းရေးမှူးချုပ် စိုင်းလိတ် က ပြောသည်။

“အဲ့ဒီမူကြမ်းကို အခြေပြုပြီးတော့မှ CSSU အဖွဲ့အစည်းဝင်တွေထဲတင်မကဘူး သျှမ်းပြည်ထဲမှာရှိတဲ့ CSO အဖွဲ့အစည်း၊ နိုင်ငံရေးပါတီအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့မှ ကျနော်တို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချပြမယ်။ အားလုံးကို ကျေလည်အောင် ညှိနှိုင်းမယ် အဲ့လို လုပ်မယ်ဆိုလို့ရှိရင်တော့ ဖက်ဒရယ်အခြေခံမူနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မူတည်ပြီးတော့မှ ကျနော်တို့ အချင်းချင်းကြား ညီညွတ်ရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်”ဟု အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

CSSU ၏ နဂိုမူလ ရည်မှန်းချက်သည် သျှမ်းပြည်ညီညွတ်ရေးဖြစ်ပြီး ညီညွတ်ရေးမှာ အဆင့် (၃)ဆင့် သတ်မှတ်ထားပြီး ထို အဆင့် (၃) ဆင့်မှာ အမျိုးသား အချင်းချင်း ညီညွတ်ရေး၊ သျှမ်းပြည်သား အချင်းချင်း ညီညွတ်ရေးနှင့် ပြည်ထောင်စုသား အချင်းချင်းညီညွတ်ရေးအတွက် ဉီးတည်ဖွဲ့စည်းထားသည်။

“အဲ့လိုညီညွတ်ရေးတွေ တည်ဆောက်ဖို့ ကျနော်တို့ ကြိုးပမ်းနေပေမယ့်လို့ ထင်သလောက် အရာမရောက်ခဲ့တဲ့ အနေအထား တွေရှိတယ်။ CSSU အဖွဲ့အစည်းဝင်တွေဖြစ်တဲ့ SSPP နဲ့ RCSS ကြားက တိုက်ပွဲတွေဖြစ်တယ်။ အဲ့ဒီတိုက်ပွဲတွေ ဒီတိုင်းသာ ဆက်သွားမယ်ဆိုလို့ရှိရင် ပြည်ထောင်စုညီညွတ်ရေး ခနထားအုံး သျှမ်းပြည်ညီညွတ်ရေး တောင်မှ ကျနော်တို့ တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အမျိုးသားအချင်းချင်း မသင့်မမြတ်ဖြစ်ရင် သျှမ်းပြည်တွင်းညီညွတ်ရေးဆိုတာ တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ ကျနော်မြင်တယ်။ အဲ့ဒါကြောင့်မလို့ သျှမ်းပြည်တွင်းနဲ့ သျှမ်းအမျိုးသား ညီညွတ်ရေး ကိစ္စကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်ဖို့ ကျနော်တို့က ပြန်လည်သုံးသပ်ဆုံးဖြတ်ထားပါတယ်” ဟု CSSU အတွင်းရေးမှူးချုပ် စိုင်းလိတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU)တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဝင်များ ဖြစ်ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စိန်ကျော့ပြည်သူ့စစ် တို့ က (၂၀၁၃)ခုနှစ်တွင် ဖွဲ့စည်းခဲသည်။ လက်ရှိတွင် သျှမ်းပြည်တွင်း နိုင်ငံရေးပါတီနှင့် အရပ်ဘက် အဖွဲ့အစည်းများ ၁၀ ဖွဲ့ ထက်မနည်း ပူးပေါင်းပါဝင်လာခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...