Wednesday, January 28, 2026

သျှမ်းပြည်အတွင်းမှ မွေးမြူရေးပျားအုံများ ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းအတွင်း လုပ်ကိုင်ကြသည့် မွေးမြူရေး ပျားအုံများ ပိုမိုဖျက်ဆီးခံလာရကြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူများထံ စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့နယ်တို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ပျားအုံပေါင်း ၁၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ပျားမွေးမြူရေး လုပ်ကိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်တုန်းကတော့ ဒီ နောင်ချို ကျောက်မဲကားလမ်းဘေးမှာ လာလာရောင်းရတာရှိတယ်၊ ဒါပေမဲ့ ဒီနောက်ပိုင်းတော့ မတွေ့ရတော့ဘူး၊ မွေးမြူရေးပျားရှိတာကို မလိုလားတဲ့ အနီးနားရွာကလူတွေက ပျားအုံရှိတဲ့နေရာကို မီးပုံ ရှို့တယ်၊ ပိုးသတ်ဆေးဖျန်းတယ် အဲ့လိုပုံစံမျိုးစုံနဲ့ ဖျက်ဆီးခံရတာတွေရှိလာတယ်” ဟု နောင်ချိုမြို့နယ်မှ ပျားဖွတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ဒေသတွင်း မွေးမြူရေး ပျားအုံများ ဖျက်စီးခံရမှုနှင့် ပတ်သက်ပြီး မည်သည့် ဌာနဆိုင်ရာမှ ကြည့်ရှုစောင့်ရှောက် အရေးပေးမှုများ မရှိသည့်အတွက် ဖျက်ဆီးမှုများလည်း တစ်နှစ်ထက်တစ်နှစ် များပြားလာကြောင်း ၎င်းက ဆက်ပြောသည်။

“အဓိကကတော့ ဒီပျားတွေကြောင့် သူတို့ စိုက်ခင်းတွေ ပျက်စီးတယ်၊ ပျားဆိုရင် တုပ်တတ်တယ်လေ၊ အဲ့ကြောင့် လူတွေလည်း အန္တရာယ်ရှိတယ်ဆိုတဲ့ အတွေးကြောင့် ပျားအုံတွေ ဖျက်ဆီးခံရတာပေါ့၊ ဒါပေမဲ့ ပျားရည်ရဲ့ ကောင်းကျိုးတွေ အသုံးဝင်ပုံတွေကလည်း အများကြီးရှိတာ မသိတဲ့သူတွေများတယ်၊ ဒီလို ဖျက်ဆီးခံနေရတာကို ဘယ်အစိုးရမှလည်း လာမကြည့်ပေးဘူး” ဟု ပျားမွေးမြူရေးနှင့် ပျားဖွတ်လုပ်ငန်းလုပ်ကိုင်သူ အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ထို့ပြင် သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့မှ ပုတ်တလုတ်ရေကန်အနီးရှိ Plan Bee ပျားမွေးမြူရေး စင်တာလည်း ရာသီဥတုနှင့် နိုင်ငံရေးအပြောင်းအလဲများကြောင့် ထုတ်လုပ်မှုလုပ်ငန်းများ လျော့ကျသွားရကြောင်း သိရသည်။

“ဒီစင်တာကို ၂၀၁၅ ကတည်းက ဒေသခံနဲ့ ကျွမ်းကျင်တဲ့ နိုင်ငံခြားသားက ဦးဆောင်ပြီးလုပ်ခဲ့တာပေါ့၊ စစလုပ်တုန်းက ဒီသျှမ်းတောင်ကထွက်တဲ့ ဝိုင်နဲ့ ကော်ဖီနဲ့ တွဲပြီး ပျားရည်ကိုပါ စမ်းသပ်ချင်လို့ ဆိုပြီး ကြားပါတယ်၊ ဒါပေမဲ့ အခုတော့ ရာသီဥတုရယ် နိုင်ငံရေးကြောင့်ရယ် လုပ်ရတာ မလွယ်တော့ ဒီလုပ်ငန်းက လည်ပတ်မှု သိပ်မရှိတော့ဘူး” ဟု ပင်းတယမြို့မှ အမည်မဖော်လိုသည့် အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပင်းတယမြို့မှ Plan Bee စင်တာသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ စတင်ကာ Tag Internal – Tinal Development မှ နည်းပညာ ထောက်ပံ့ကာ LIFT ၏ ငွေကြေးထောက်ပံ့မှု အကူအညီဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် သျှမ်းပြည်အတွင်း၌ နှစ်စဥ်လိုလို ပျားအုံပေါင်းထောင်ချီ ဖျက်စီးခံနေရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း တာဝန်ယူ ဖြေရှင်းကာကွယ်ပေးမှုများ မရှိသဖြင့် လုပ်ကိုင်သူများအနေဖြင့် ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်ရန် ခက်ခဲလာကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချိုမြို့နယ် လေကြောင်းဗုံးထပ်ကြဲ အမျိုးသား ၃ ဦးသေဆုံး၊၁ ဦးဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသား ၃ ဦးသေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇူလိုင်လ ၁ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးအလုံးရေ ၁၁...

နောင်ချိုမြို့နယ် စစ်ဘေးရှောင်တစ်ဦး ထပ်မံပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ ချိုခမ်းဘုန်းကြီးကျောင်းအနီး လယ်ထဲတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ရန် ထွက်ခွာနေစဉ် သေနတ်ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) နံနက် ၉ နာရီခန့်တွင် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲကျေးရွာ လယ်ထဲရှိ တဲများတွင် ခိုလှုံနေသည့်...

နောင်ချိုမြို့နယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာများကို စစ်ကောင်စီမှ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၂၆) ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်းရှိ သုံးဆယ်ရွာ၊ ရွှေညောင်ပင်ရွာနှင့် အုမ္မခါးကျေးရွာများကို လေကြောင်းဖြင့်...

နောင်ချိုမြို့နယ် တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ဟု TNLA ပြော

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ တောင်းခမ်းအမြောက်တပ်ရင်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) နေ့လယ် ၁ နာရီခွဲတွင် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့်...

နောင်ချိုမြို့နယ် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု အပြင်းအထန်ပြုလုပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေပြီး ဒေသခံ ၁ဦး ဒဏ်ရာရရှိနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ...